Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်အတွက်အန္တရာယ်ကာလ

    ကိုယ်တော်၏အလံတော်ကို သစ္စာရှိစွာသယ်ဆောင်သူမှာ နည်းပါးလှသည်။ တစ်ခါတစ်ရံတွင် အဆိုးက အောင်ပွဲဆင်နေ သယောင်ဖြစ်ကာ မှန်ကန်သော ဘာသာတရားသည် ကမ္ဘာကြီးထဲတွင် မရှိတော့သယောင် ဖြစ်နေပါသည်။ လူအများသည် ဝမ်းမြောက်ဖွယ်ရာ သတင်းစကားကို မျက်ခြည်ပြတ်ကာ အသေးစိတ်တိတိကျကျ လုပ်ဆောင်ရမည့် ဝန်များအောက်တွင် ပိနေကြပါသည်။ အပြစ်လွှတ် ခြင်းအခွင့်ကိုရရန်ကိုယ့်အကျင့်ကို ကိုယ်အားကိုးရမည်ဟု အသွန်သင်ခံ နေရပါသည်။ဘုရားဖူးခရီးရှည်ထွက်ခြင်း၊ ခြိုးခြံစွာကျင့်ခြင်း၊ ရုပ်ကြွင်း များကိုကိုးကွယ်ခြင်း၊ ဘုရားကျောင်းများ တည်ဆောက်ခြင်း၊ အသင်း တော်အတွက် အလှူငွေအမြောက်အမြားထည့်ခြင်း စသည့်ကောင်းမှု ကုသိုလ်များဖြင့် ဘုရားသခင်အားအမျက်ပြေစေနိုင်ကြောင်း၊ ဘုရားသခင် ထံတွင် မျက်နှာရနိုင်ကြောင်း အသွန်သင်ခံနေရပါသည်။HFB 38.1

    ခရစ်ယာန်အသင်းတော်၌ ရောမဘုန်းတော်ကြီး ရယူ ပိုင်ဆိုင်ခဲ့သောဝိညာဉ်တန်ခိုးကို ယခုတွင် မိမိတို့ပိုင်ဆိုင်ဆောင်ရွက် နေကြောင်း ရောမအသင်းတော်က အေဒီ (၈) ရာစုအနှောင်းပိုင်း တွင်ကြေညာခဲ့ပါသည်။ အသင်းတော်ဘုန်းတော်ကလေးများက ရှေးခေတ် စာပေများကို လီဆယ်ဖန်တီးခဲ့ကြပါသည်။ ကနဦးအချိန်များမှစ၍ ဗရင်ဂျီရဟန်းမင်း၏ စကြဝဠာဆိုင်ရာ ကြီးမြတ်မှုကို တည်ဆောက်ပေးသည့် ကောင်စီများ၏ ဥပဒေပြဋ္ဌာန်းချက်များကို လည်း ပြန်လည်တွေ့ရှိရပါသည်။HFB 38.2

    မှန်ကန်သောအုတ်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သူ အနည်းစုသည် ကြံရာမရ ဖြစ်လာခဲ့ကြပါသည်။ စာတန်စီစဉ်ထားသည့်အခက် အခဲများတည်းဟူသော နှိပ်စက်ညှဉ်းပန်းခြင်း၊ လိမ်လည်လှည့်ဖြား ခြင်းများနှင့် မနားနေ ရင်ဆိုင်ရုန်းကန်ရင်း သစ္စာရှိသူတချို့သည် စိတ်ပျက်အားလျော့လာကြပါသည်။ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးခြင်းမခံရစေရန်အလို့ငှါ အမှန်တရားကို သူတို့ ကျောခိုင်းခဲ့ ကြပါသည်။ သို့ရာတွင် တချို့မှာမူ ရန်မူသူများ၏ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် စိတ်ပျက်မသွားကြဘဲ ဆက်လက်တည်ကြည်ခဲ့ကြပါသည်။HFB 38.3

    ရုပ်တုကိုးကွယ်ခြင်းကို လူအများစုလက်ခံလာပြီး ထိုရုပ်တု ရှေ့တွင် မီးတိုင်ထွန်းကာ ဆုတောင်းကြပါသည်။ လုံးဝအဓိပ္ပါယ်မရှိသော အကျင့်ဓလေ့များသည် ရေပန်းစားလာကာ လူအများသည် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းများ မရှိကြတော့ချေ။ အသင်းတော်မှ ဘုန်းတော်ကြီးများနှင့် ခေါင်းဆောင်များကိုယ်တိုင်က အပျော်အပါး လိုက်စားကာ ပျက်စီးနေသည့်အချိန်တွင် ၎င်းတို့အား လမ်းပြရှင်များအဖြစ် ဦးထိပ်တင်ထား ကြသည့် အသင်းသားများသည် ဆိုးသွမ်း ညစ်ညမ်းမှုများနှင့် မသိနားမလည်မှု များတွင် နစ်မွန်းသွားခဲ့ကြပါသည်။HFB 39.1

    ပုပ်ရဟန်းမင်းကြီးအဋ္ဌမမြောက်ဂရီဂိုရီက အသင်းတော်သည် သမ္မာကျမ်းစာအရ မည်သည့်အခါကမျှ မမှားယွင်းခဲ့ဖူးသကဲ့သို့ မည်သည့် အခါတွင်မှလည်း မှားယွင်းလိမ့်မည် မဟုတ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါသည်။ သို့ရာတွင် ထိုကြေညာချက်ကို သမ္မာကျမ်းစာက မထောက်ခံပါချေ။ မာနထောင်လွှားသော ထိုရဟန်းမင်းကြီးသည် ဧကရာဇ်ဘုရင်များကိုပင် နန်းချနိုင်သည့်တန်ခိုးအာဏာများ ရှိလာပါသည်။ ဂျာမနီပြည့်ရှင် ဧကရာဇ်ဘုရင် စတုတ္ထမြောက်ဟင်နရီ ဘုရင်ကြီးအားလုပ်ဆောင်မှုတွင် ၎င်းဖွင့်ဆိုကြေညာခဲ့သောအရာများအတွက် သက်သေပြခဲ့ပါသည်။ ရဟန်းမင်းကြီး၏ အာဏာတော်ကို ဂရုမမူ လုပ်ဆောင်ခဲ့ခြင်းအတွက် ထိုဂျာမနီဘုရင်ကြီး နန်းအချခံခဲ့ရပါသည်။ ထိုမျှသာ မက ရဟန်းမင်းကြီး၏အမိန့်ကြောင့် ဂျာမနီရှိ ပြည်နယ်မင်းသားများက ထိုဘုရင်ကြီးကို ပုန်ကန်ခြားနားခဲ့ကြပါ သည်။HFB 39.2

    ထိုကြောင့် ရောမနှင့်ပြေလည်အောင် လုပ်ဆောင်မှဖြစ်မည်ကို ဟင်နရီဘုရင်သဘောပေါက်ရာ ရဟန်းမင်းကြီးရှေ့တွင်ဒူးထောက်အညံ့ခံရန် ဆောင်းရာသီကြီးတွင်ပင် မိမိ၏ဇနီးသည်အပါအဝင် တပည့်လက် သားများဖြင့် အဲလ်ပ်စ်တောင်တန်းကြီးကို ဖြတ်ကျော်ခဲ့ပါသည်။ ရဟန်း မင်းကြီး၏ ရဲတိုက်သို့ရောက်သောအခါ သူ့အား ရဲတိုက်အပြင်မှ စောင့်စေခဲ့ပါသည်။ ခိုက်ခိုက်တုန်အောင် ချမ်းအေးနေရသည့်အချိန်တွင် ဦးထုပ်မဆောင်း၊ ဖိနပ်မစီးဘဲ ရဟန်းမင်းကြီးနှင့် တွေ့ခွင့်ရဖို့နှင်းတောထဲတွင် ဟင်နရီဘုရင် စောင့်နေရပါသည်။ သုံးရက်လုံးလုံး အစာရှောင်ကာ အပြစ်ဝန်ချတောင်းပန်သည့်အခါမှသာ အပြစ်လွှတ် ခြင်းအခွင့်ကို သူရခဲ့ပါသည်။ အပြစ်လွှတ်ခြင်းအခွင့် ရခဲ့သည့်တိုင် ဘုရင်ရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်ရဖို့ ရဟန်းမင်း၏ခွင့်ပြုချက်ကို သူစောင့်ရပေ ဦးမည်။ ဤတွင် ဂရီဂိုရီသည် ဘုရင်တို့၏မာနကို ချိုးရန်မှာ မိမိ၏တာဝန် ဖြစ်သည်ဟူ၍ မိမိ၏အောင်မြင်မှုအတွက် ကြွားဝါခဲ့ပါသည်။HFB 40.1

    နှလုံးတံခါးရှေ့တွင် ဝင်ခွင့်ရရန် တောင်းပန်နေသောတိုးလျှိုးသော ခရစ်တော်နှင့် သွေးနားထင်ရောက်နေသော ရဟန်းမင်းကြီးတို့၏ လုပ်ဆောင်မှုများသည် ခြားနားလှပါတကား။ သူတစ်ပါး၏ အကြီးအကဲ ဖြစ်လိုသူများသည် သူတစ်ပါး၏ အစေအပါး ဖြစ်ရလိမ့်မည်ဟု တပည့်တော်တို့အား ခရစ်တော်မိန့်ကြားခဲ့ပါသည်။ မဿဲ ၂၀:၂၇။HFB 40.2