Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြားနာစစ်ဆေးရန် လူးသာအားဆင့်ခေါ်ခြင်း

    ထိုကောင်စီသည် လူးသာအားကိုယ်တိုင်လာရောက်အစစ်ခံရန် ဆင့်ခေါ်ခဲ့ပါသည်။ အဆုံးတွင် ဧကရာဇ်ဘုရင်ကလည်း ထိုဆင့်ခေါ်မှုကို သဘောတူခဲ့ပါသည်။ ဆင့်ခေါ်စာနှင့်အတူ လုံခြုံရေး လက်မှတ်ကိုပါ တစ်ပါတည်း ပေးပို့ခဲ့ပါသည်။ လူးသာအား ဝမ်းစ်မြို့သို့ခေါ်ဆောင်လာရမည့် တာဝန်ခံအရာရှိသည် ထိုစာများကို ဝစ်တင်းဘတ်သို့ ယူဆောင်သွားခဲ့ပါသည်။HFB 147.1

    လူးသာအပေါ်ထားရှိသည့် အာဃာတနှင့်ရန်ငြိုးများကို သိရှိ ထားသောမိတ်ဆွေများက ထိုလုံခြုံရေးလက်မှတ်ကို အလေးမထားကြမှာကို စိုးရိမ်နေကြသည်။ လူးသာကမူ ‘‘ထိုမှားယွင်းမှုစေတမန်များအပေါ် အောင်ပွဲဆင်ရန် ခရစ်တော်သည် ကိုယ်တော်၏ဝိညာဉ်တော်ကို ကျွန်ုပ်အားပေး လိမ့်မည်။ ဒီလူတွေကို ကျွန်တော့်တစ်သက်မှာ အရွံဆုံးပဲ။ သေခြင်းအားဖြင့် သူတို့ကို ကျွန်တော်အနိုင်ယူမယ်။ ကျွန်ုပ်ကို အလျော့ပေးနောက်ဆုတ်ခိုင်းဖို့ သူတို့ဝမ်းစ်မှာ အလုပ်ရှုပ်နေကြတယ်။’’ ‘‘ရဟန်းမင်းဟာ ခရစ်တော်ရဲ့ ကိုယ်စားလှယ်လို့ အရင်တုန်းက ကျွန်တော်ပြောခဲ့တယ်။ သူဟာ ခရစ်တော်ရဲ့ ရန်သူမာရ်နတ်ရဲ့တမန်လို့ အခုကျွန်တော်ပြောချင်တယ်။ ဒါဟာကျွန်တော် လုပ်ချင်တဲ့ အလျော့ပေးနောက်ဆုတ်ခြင်းပဲ’’ ဟု တုံ့ပြန်သွားခဲ့ပါသည်။HFB 147.2

    ၎င်းပြင် သူနှင့်အတူ မိတ်ဆွေသုံးဦးလိုက်ပါသွားရန် ဆုံးဖြတ် ကြသည်။ မက္ကလန်သန်လည်း လူးသာကိုခင်မင်လေးစားသူတစ်ဦးဖြစ်ရာ လူးသာနှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် လူးသာက ကျွန်တော့်ရန်သူတွေက ကျွန်တော့်ကိုသတ်လိုက်လို့ ပြန်မလာနိုင် တော့ရင် သမ္မာတရားကို ခင်ဗျားပဲ ဆက်သွန်သင်ပါ။ သမ္မာတရား၌ခိုင်မြဲပါ။ ကျွန်တော့်နေရာမှာ ခင်ဗျားဆက်လုပ်ပါ။ ခင်ဗျားဆက်လက် အသက်ရှင်နေ သေးတယ်ဆိုရင် ကျွန်တော်သေသွားတာ ပြဿနာမရှိပါဘူး’’ ဟုပြောကာ သူ့တောင်းခံချက်ကို ပယ်ချခဲ့ပါသည်။HFB 147.3

    နိမိတ်ဆိုးများကြောင့် လူများတို့သည် စိတ်မကောင်းကြပါ။ လူးသာရေးသောစာများကို ဝမ်းစ်တွင် အဖျက်ဆီးခံရပြီကိုလည်း သူတို့ သိထားကြသည်။ လူးသာ၏လုံခြုံရေးအတွက် စိုးရိမ်နေသော ထိုရှေ့တော်ပြေး က ဆက်လုပ်နေဖို့ ဆန္ဒရှိနေတုန်းပဲလားဟုမေးရာ ‘‘မြို့တိုင်းမှာ ဘာသာရေး မလုပ်ရန် ကျွန်ုပ်ကိုကြဉ်ထားသော်လည်း ဆက်လုပ်နေမှာပဲ’’ ဟု လူးသာကဖြေခဲ့၏။HFB 148.1

    လူးသာသည် အားဖတ်မြို့သို့ရောက်စဉ် သူမကြာခဏ လျှောက်ခဲ့ဖူး သောလမ်းများ၌ လျှောက်ခဲ့သည်။ သူနေခဲ့ဖူးသည့် ကျောင်းရှိအခန်းကလေးသို့ သွားရောက်လည်ပတ်ခဲ့သည်။ ယခုကဲ့သို့ ဂျာမနီပြည်ကြီးကို အလင်းရစေသည့် အလင်းတန်းကလေးတစ်ခု သူ့အပေါ်သိုကျရောက်ခဲ့ပုံများကို ပြန်ပြောင်း စဉ်းစားမိခဲ့သည်။ ဤကဲ့သို့ သွားရောက်လည်ပတ်ကြည့်ရှုခွင့် ပိတ်ပင်ခြင်း ခံထားရသော်လည်း ရှေ့တော်ပြေးကြီးက သူ့အားခွင့်ပြုခဲ့သည်။ တစ်ချိန်က ဤကျောင်း၌ ကျားကုတ်ကျားခဲကျင့်ခဲ့သော ရဟန်းပျိုကလေးမှာ ယခုတွင်မူ စင်မြင့်ပေါ်သို့တက်၍ တရားဟောနေပါပြီတကား။HFB 148.2

    လူထုကြီးသည် မှင်တက်မိနေသည့်အလား သူဟောသမျှကို နားထောင်ခဲ့ကြသည်။ အစာငတ်နေသောအသက်ဝိညာဉ်များအား အသက်မုန့်ကို မျှဝေပေးခဲ့ပြီ။ ခရစ်တော်အား ရဟန်းမင်းမှစ၍ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဧကရာဇ်ဘုရင်များတို့၏ အထက်တွင် မြှောက်၍ပြခဲ့ပြီ။ အန္တရာယ် ရှိသောသူ့အနေအထားကို လူးသာဂရုမထားတော့ချေ။ သူသည် ခရစ်တော်၌ ‘ငါ’ ကို မျက်ခြည်ပြတ်ခဲ့ချေပြီ။ သူသည် ခရစ်တော်အား ကယ်တင်ရှင်တစ်ပါး အဖြစ် တင်ပြဖို့ရန်သာ ကြိုးစားကာ ကိုယ်တော်ရှင်၏ နောက်ကွယ်တွင် သူပုန်းနေခဲ့ပါသည်။HFB 148.3