Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၇) - ခေတ်ဝိညာဉ်ရေးနိုးကြားမှုများ မည်သို့အောင်ပွဲဆင်နေသနည်း

    နှုတ်ကပတ်တော်ကို အမှန်အတိုင်းဟောကြားသည့်နေရာတိုင်းတွင် ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်ထံမှလာသော နှုတ်တော်ထွက်စကားများ ဖြစ်ကြောင်း ထင်ရှားစေသည့်ရလဒ်များ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ ဩတ္တပ္ပစိတ်များနိုးကြားလာကြောင်း အပြစ်သားများခံစားရသည်။ ယုံကြည်စိတ်များသည် ၎င်းတို့၏စိတ်နှလုံးတွင် ခိုင်မြဲစွာအမြစ်စွဲလာသည်။ သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုသိရှိလာကာ ‘‘ဤအသေကောင်မှ ငါ့ကို မည်သူကယ်တင်မည်နည်း’’ ဟု မေးလာကြသည်။ ရောမ ၇:၂၄။ သူတို့သည် ကပ်တိုင်ကိုမြင်တွေ့လာသောအချိန်တွင် ခရစ်တော်၏ ကောင်းမှုကုသိုလ်မှလွဲ၍ မည်သည့်အရာမမျှ မိမိတို့၏အပြစ်များကို မဖြေ နိုင်ကြောင်း သဘောပေါက်လာကြသည်။ သူတို့သည် ခရစ်တော်၏ အသွေးတော်အားဖြင့ အတိတ်အပြစ်များကို ဖြေလွှတ်ခြင်းခံကြရသည်။ ရောမ ၃:၂၅။HFB 495.1

    ဤပုဂ္ဂိုလ်များသည် ယုံကြည်ခြင်းနှင့် နှစ်ခြင်းမင်္ဂလာကို ခံယူကာ ကိုယ်တော်၏ခြေတော်ရာများကိုလိုက်လျှောက်ရန်၊ ကိုယ်တော်၏စာရိတ္တ တော်ကိုရောင်ပြန်ဟပ်ရန်၊ ကိုယ်တော်စင်ကြယ်သည့်နည်းတူ မိမိကိုယ်ကို စင်ကြယ်စေရန်၊ သားတော်ကိုယုံကြည်ခြင်းအားဖြင့် အသစ်သော အသက်တာ၌ လျှောက်လှမ်းကြရန် ဝိညာဉ်ရေးနိုးထကြပါသည်။ တစ်ချိန်က မုန်းခဲ့သောအရာများကို ယခု ချစ်၍၊ တစ်ချိန်က ချစ်ခင်နှစ်သက်ခဲ့သောအရာများကို ယခုတွင် မုန်းတီး ရွံရှာခဲ့ကြသည်။ မာနကြီးသူများသည် သိမ်မွေ့လာကြပြီး စိတ်ကြီးဝင် မောက်မာသူများသည် တည်ငြိမ်အေးဆေးသော အသက်တာကို ပိုင်ဆိုင်လာ ကြသည်။ အရက်သမားများသည် အရက်ဖြတ်လာကြပြီး အပျော်ကျူးသူ များလည်း သန့်ရှင်းလာကြသည်။ ခရစ်ယာန်များသည် ‘‘ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြစ်တန်ဆာဆင်ခြင်း မဖြစ်စေဘဲ ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော၊ မဖေါက်ပြန်မပျက်စီးတတ်သော၊ တန်ဆာဆင်ခြင်း ရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ’’ ရန် ကြိုးစားခဲ့ကြသည်။ ၁ပေ၊ ၃:၃-၄။HFB 495.2

    အပြစ်သားများအား လေးနက်တည်ကြည်သောတောင်းဆိုမှုများ ပြုခြင်းအားဖြင့် ဝိညာဉ်ရေးနိုးကြားမှုများထင်ရှားစွာဖြစ်ပေါ် လာပါသည်။ ကိုယ်အလိုကိုမလိုက်ဖို့ရန် လက်မတွန့်ဘဲ ခရစ်တော်အတွက် အနစ်နာခံရခြင်း အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည့် အသီးအပွင့်များကို မြင်တွေ့ခဲ့ရ ပါသည်။ ခရစ်တော်၏နာမတော်ကိုဝန်ခံသူများတွင် အသက်တာအတွင်း အပြင်ပြောင်းလဲမှုများကို တွေ့ကြရပါသည်။ ဤအရာများသည် ဘာသာရေး နိုးကြားမှုများ၏ နောက်ပိုင်းအချိန်များ၌ ဖြစ်ခဲ့သော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပါသည်။HFB 496.1

    သို့ရာတွင် ခေတ်သစ်ဝိညာဉ်ရေးပြောင်းလဲမှုများမှာ ယခင်ကနှင့် ကွဲပြားခြားနားနေပါသည်။ ကြပါသည်။ သို့စေကာမူ စစ်မှန်သောဝိညာဉ်ရေးအသက်တာနှင့် ကိုက်ညီသည့် ယုံကြည်ခြင်းတိုးတက်မှုများကိုမူ မတွေ့ရချေ။ တစ်ခဏတောက်လောင်သော အလင်းကလေးသည် မကြာမီမှာပင် ငြိမ်းသွားခဲ့ပါသည်။HFB 496.2

    ရေပန်းစားနေသော ဝိညာဉ်ရေးပြောင်းလဲမှုများသည် အသစ်အဆန်းနှင့် စိတ်လှုပ်ရှားစရာကောင်းသည့် အရာများကို နှစ်သက်သော စိတ်ကို ကျေနပ်စေသည့်စိတ်ဝင်စားမှုများကို မကြာခဏဖြစ်ပေါ်စေသည်။ ဤနည်းအားဖြင့် ပြောင်းလဲလာသူများ၌ သမ္မာတရားကို နားထောင်ချင်စိတ် အလွန်နည်းပါးလာသည်။ ဘာသာရေးအခမ်းအနားများ၌ စိတ်အာရုံခံစားစရာ မရှိခဲ့လျှင် ၎င်းတို့သည် ထိုအခမ်းအနားများကို စိတ်မဝင်စားကြတော့ချေ။HFB 497.1

    အစစ်အမှန်ပြောင်းလဲနေသူများမှာမူ ဘုရားသခင်နှင့်တကွ ထာဝရကာလနှင့်စပ်ဆိုင်သောအရာများကို အသက်တာ၏အဓိက အရာများ အဖြစ် မှတ်ယူကြလိမ့်မည်။ ယနေ့လူကြိုက်များနေသော အသင်းတော်များ၌ ဘုရားသခင်အတွက် ဆက်ကပ်အပ်နှံသည့်စိတ်ဓါတ်သည် မည်သည့်နေရာတွင် ရှိနေသနည်း။ ပြောင်းလဲ၍ အသင်းတော်ထဲရောက်လာသူများသည် မာန ထောင်လွှားဆဲ လောကကိုချစ်နေကြဆဲဖြစ်သည်။ သူတို့သည် မပြောင်းလဲမီ အချိန်ကထက် ပို၍ကိုယ်အလိုကို ငြင်းပယ်လိုသောဆန္ဒနှင့် နှိမ့်ချသိမ်မွေ့သော ခရစ်တော်နောက်သို့လိုက်ရန် ဆန္ဒမပြင်းထန်လာပါချေ။ ဘုရားတရားနှင့် ပြည့်စုံမှုသည် အသင်းတော်များစွာတို့တွင် ယိုယွင်းလျက်ရှိနေပါသည်။HFB 497.2

    အသင်းတော်များ၌ ယုံကြည်ခြင်းကွဲပြားခြားနားမှုများရှိနေသော် ငြားလည်း ထိုအသင်းတော်များထဲတွင် ခရစ်တော်၏ နောက်လိုက်အစစ်များ ရှိနေကြဆဲဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးတမန်တော်ခေတ်နောက်ပိုင်း တွင် မတွေ့ကြရတော့သည့် ဘုရားတရားပြည့်စုံမှုဆိုင်ရာ ဝိညာဉ်ရေး ပြောင်းလဲမှုကြီးကို တရားစီရင်ခြင်းမတိုင်မီတွင် ဘုရားသခင်၏ သားသမီးများ အကြား၌ တွေ့မြင်ကြရလိမ့်မည်။ ဝိညာဉ်တော်ကို သွန်းလောင်းတော်မူသော အခါ ဘုရားသခင်နှင့်နှုတ်ကပတ်တော်အစား လောကကိုချစ်သည့် အသင်းတော်များမှ လူများစွာတို့ခွဲထွက်လာကြလိမ့်မည်။ တရားဟော ဆရာများ အပါအဝင်လူထုကြီးသည် ကြွလာခြင်းအတွက် ၎င်းတို့ကို ပြင်ဆင်ပေးမည့် ထိုသမ္မာတရားများကို ဝမ်းပန်းတသာ လက်ခံကြလိမ့်မည်။HFB 498.1

    လူသားများကို ရန်မူနေသူစာတန်သည် ဤအမှုတော်ကို အဟန့်အတား လုပ်လိုရာ ထိုကဲ့သို့သော လှုပ်ရှားမှုကြီး မဖြစ်မီမှာပင် အတုတစ်ခုကို တီထွင် ထားခြင်းဖြင့် ထိုဝညာဉ်ရေးပြောင်းလဲမှုကို တားဆီးရန် ကြိုးစားပါလိမ့်မည်။ ဆွဲဆောင်သိမ်းသွင်းနိုင်မည့် အသင်းတော်များတွင် ဘုရားသခင်၏ အထူး ကောင်းချီးများချပေးနေသယောင်ဖြစ်အောင် သူလုပ်ဆောင်လိမ့်မည်။ ‘‘ဘုရားသခင်သည် အံ့ဖွယ်ကောင်းအောင် ကောင်းချီးပေးလျက်ရှိသည်’’ ဟု လူအများက ဝမ်းသာရွှင်မြူးလျက် ကြွေးကြော်လိမ့်မည်။ အမှန်မှာ ထိုအမှုကို အခြားသောဝိညာဉ်က လုပ်ဆောင်နေခြင်းဖြစ်သည်။ စာတန်သည် ဘာသာရေး ဟန်ဆောင်မှုများဖြင့် ခရစ်ယာန်လောကတစ်ခုလုံးအပေါ် ဩဇာလွှမ်းမိုး နိုင်အောင် ကြိုးစားလိမ့်မည်။ လမ်းမှားကိုပို့ဆောင်ရန် သင့်လျော်သလို ပြင်ဆင်ထားသည့် အမှန်နှင့်အမှားရောစပ်ထားသော စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုကိုဖြစ်အောင် သူကြိုးစားနေခြင်းဖြစ်သည်။HFB 498.2

    သို့ရာတွင် နှုတ်ကပတ်တော်အလင်းအားဖြင့် ထိုလှုပ်ရှားမှုများ၏ သဘာဝကို ဆုံးဖြတ်ရန်မှာ ခက်ခဲမည်မဟုတ်ချေ။ ကိုယ်အလိုကိုငြင်းကာ လောကနောက်သို့မလိုက်ရန် တောင်းဆိုနေသည့် သွန်သင်ချက်များကို ကျောခိုင်းလျက် သမ္မာကျမ်းစာ၏ သက်သေခံချက်ကို လျစ်လျူရှုသူများရှိသော နေရာတိုင်း၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ မကျရောက်မည်မှာ သေချာပါသည်။ ‘‘ထိုသူတို့၏ အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိရလိမ့်မည်’’ ဆိုသည့် စည်းမျဉ်းအရ ဤလှုပ်ရှားမှုများသည် ဘုရားသခင်၏ ဝိညာဉ်တော်လုပ်ဆောင်မှုမဟုတ်ကြောင်း ထင်ရှားပါသည်။HFB 499.1

    ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ သမ္မာတရားသည် စာတန်၏လိမ်လည်လှည့်ဖြားမှုများကို ကာကွယ်ရန် ဒိုင်းလွှားတစ်ခု ဖြစ်ပါသည်။ ထိုသမ္မာတရားများကို လျစ်လျူရှုထားခြင်းသည် ကမ္ဘာတွင် ယနေ့တိုင်ပျံ့နှံ့နေသည်ဒုစရိုက်များအတွက် တံခါးဖွင့်ပေးနေခြင်းဖြစ်သည်။ ဘုရားသခင့်ပညတ်တော်၏အရေးပါမှုများကိုလည်း အတိုင်းအတာတစ်ခုအထိ မျက်ခြည်ပြတ်လျက်ရှိ၏။ ပညတ်တော်အပေါ် မှားယွင်းစွာယူဆမှုတစ်ခုသည် အဆင့်နိမ့်ကျလျက်ရှိသော ဘုရားတရားဆိုင်ရာ သန့်ရှင်းခြင်းနှင့် စိတ်နှလုံး ပြောင်းလဲခြင်းများတွင် မှားယွင်းမှုများကိုဖြစ်စေသည်။ ကျွန်ုပ်တို့ခေတ်၌ ဖြစ်ပေါ်နေသော ဝိညာဉ်ရေးပြောင်းလဲမှုများတွင် ဝိညာဉ်တော်မပါရှိမှု၏ လျှို့ဝှက်ချက်ကို ဤတွင်တွေ့ရပါသည်။HFB 499.2