Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တတိယကောင်းကင်တမန်၏သတိပေးချက်

    သေမျိုးဖြစ်သောလူသားများကိုပြောသည့် သတိပေးချက်များတွင် ကြောက်စရာအကောင်းဆုံးသောသတိပေးစကားကို တတိယကောင်းကင်တမန် သတင်းစကားတွင်တွေ့ရှိရပါသည်။ လူတိုင်းအောင်ပွဲဆင်နိုင်ခွင့်ရှိသည့် ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကို ကမ္ဘာကြီးအားသတိပေးခြင်း တည်းဟူသော၊ အရေးကြီးသောကိစ္စရပ်နှင့်စပ်လျဉ်းသည့် အကြောင်းများကို လူသားများအား အသိမပေးဘဲ နေတော်မမူပါချေ။ ပထမကောင်းကင်တမန် သည် လူမျိုးအသီးသီးထံသို့ သတိပေးစကားပြောခဲ့သည်နည်းတူ တတိယကောင်းကင်တမန်သည်လည်း ထိုနည်းနှင်နှင် ကျယ်သောအသံဖြင့် တစ်ကမ္ဘာလုံးအား သတိပေးနေပါသည်။HFB 484.1

    လူသားအားလုံးကို အဖွဲ့နှစ်ဖွဲ့သာခွဲခြားလိမ့်မည်။ တစ်ဖွဲ့မှာ ဘုရားပညတ်ကိုစောင့်၍ ယေရှု၌ယုံကြည်ခြင်းရှိသောသူများဖြစ်၍ ကျန်တစ်ဖွဲ့မှာ သားရဲ၏ရုပ်တုကိုကိုးကွယ်၍ သူ၏တံဆိပ်ကို လက်ခံသူများ ဖြစ်ကြသည်။ အသင်းတော်သည် အစိုးရနှင့်ပူးပေါင်းကာ သားရဲ၏တံဆိပ်ကို လက်ခံရန် လူတို့အား အတင်းအကျပ်တိုက်တွန်းမည် ဖြစ်သော်လည်း ဘုရားသခင်၏သားသမီးများသည် ထိုတံဆိပ်ကို လက်ခံကြလိမ့်မည် မဟုတ်ချေ။ ‘‘သားရဲနှင့်လည်းကောင်း၊ သူ၏ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမအရေအတွက်နှင့်လည်းကောင်းလွတ်၍ အောင်မြင်သောသူတို့သည် ဘုရားသခင်၏ စောင်းတော်တို့ကိုကိုင်လျက် ဖန်ရေကန်နားမှာရပ်နေကြ သည်ကိုမြင်ရ၏’’ ဟု ပုရောဖက်ဖွင့်ဆိုထားပါသည်။ ဗျာ၊ ၁၅:၂။HFB 484.2

    *****