Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တပ်ချစောင့်ကြပ်သူကောင်းကင်တမန်များ

    ‘‘ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင် တမန်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏’’ ဟု ခရစ်တော်မိန့်တော် မူသည့်အတိုင်း ယုံကြည်သူတစ်ဦးစီအတွက် ကောင်းကင်တမန်တစ်ပါးစီကို ခန့်ခွဲထားတော်မူသည်။ ‘‘သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဖ၏ မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ကြ၏။’’ ဆာလံ ၃၄:၇။ မဿဲ ၁၈:၁၀။ မအိပ်မနေဒုက္ခပေးရန် ကြိုးစားနေသော စာတန်၏ အန္တရာယ်ရှိနေသော သားသမီးများကို မနားမနေစောင့်ကြပ်နေသည့် ကောင်းကင်တမန်များအားဖြင့် ထာဝရဘုရားကွယ်ကာတော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူသားများရင်ဆိုင်ရမည့် မကောင်းဆိုးရွားများသည် ထုနှင့်ထယ်နှင့်များပြားရုံသာမက စိုက်လိုက်မတ်တတ် မမောတမ်း မပန်းတမ်းအန္တရာယ် ပေးသောကြောင့်ဖြစ်သည်။HFB 557.1

    ထိုမကောင်းဆိုးရွားကောင်းကင်တမန်များသည် ဖန်ဆင်းပြီးခါစ အချိန်တွင် ဘုရားသခင့်ရှေ့မှောက်၌ ယခုခစားနေသော ကောင်းကင်တမန် များကဲ့သို့ပင် အပြစ်အနာအဆာကင်းပြီး ဘုန်းတန်ခိုးရှိသူများဖြစ်ကြသည်။ သို့ရာတွင် အပြစ်တွင်ကျဆုံးပြီးသည့်နောက်ပိုင်းတွင် ဘုရားသခင်၏ အသရေကိုရှုတ်ချရန်နှင့် လူသားများကိုဖျက်ဆီးရန် ၎င်းတို့အချင်းချင်း ပူးပေါင်းမိလာရုံသာမက ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်ခြားနားရန် စာတန်နှင့်ပူးပေါင်းခဲ့ကြပါသည်။HFB 558.1

    ဓမ္မဟောင်းကျမ်းတွင် ထိုမကောင်းဆိုးရွားများ၏ တည်ရှိမှု အကြောင်းကိုဖေါ်ပြထားပါသည်။ သို့ရာတွင် လောက၌ ခရစ်တော်အသက်ရှင် စဉ်တွင် ထိုနတ်ဆိုးများ၏ လုပ်ဆောင်မှုများကို ထင်ထင်ရှားရှားတွေ့ရ ပါသည်။ ခရစ်တော်သည် လူသားများကိုကယ်တင်ရန် ကြွလာခဲ့သော်လည်း စာတန်မှာမူ ကမ္ဘာကြီးကိုထိန်းချုပ်ထားဖို့ ကြိုးစားလုပ်ဆောင်ခဲ့သည်။ ပါလစ်စတိုင်းမှလွဲ၍ ကမ္ဘာအနှံ့တွင် ရုပ်တုကိုးကွယ်မှုကို သူတည်ထောင်နိုင် ခဲ့သည်။ ခရစ်တော်သည် စာတန်နောက်သို့ လုံးလုံးကြီးလိုက်မသွားသေးသည့် ထိုတစ်ခုတည်းသောဒေသသို့ကြွလာကာ ကိုယ်တော်၌ အပြစ်လွှတ်ခြင်းနှင့် ငြိမ်သက်ခြင်းများကို လူသားများရှာကြရန် မေတ္တာဖြင့်လက်ကမ်းကြိုဆိုခဲ့ ပါသည်။ ခရစ်တော်၏ အမှုတော်အောင်မြင်သွားမည်ဆိုလျှင် မိမိတို့၏ အုပ်ချုပ်မှုအဆုံးသတ်သွားတော့မည်ကို စာတန်သိထားပါသည်။HFB 558.2

    နတ်ဆိုးစွဲသောလူများအကြောင်းကို ဓမ္မသစ်ကျမ်းတွင် ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ ဂါဒရပြည်မှ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကို ကျောက်စောင့်နှင့်စူးရှစေလျက်၊ အော်ဟစ်ဒေါသထွကလျက် အမြှုပ်များ ထွက်လျက် ကိုယ့်ကိုကိုယ်ဒုက္ခပေးရုံသာမက သူတစ်ပါးအားလည်း အန္တရာယ်ပြုလျက်ရှိသည်။ ထိုသို့သောပုဂ္ဂိုလ်များသည် သဘာဝအလျောက် ရောဂါဝေဒနာခံစားနေရခြင်းမဟုတ်ဘဲ ၎င်းအား မကောင်းသောဝိညာက်က စိုးမိုးချုပ်ကိုင်ထားခြင်းကြောင့်ဖြစ်သည်ကို ခရစ်တော်သိတော်မူသည်။ ၎င်းတို့၏ သွေးထွက်သံယို၊ ပုံပျက်ပန်းပျက်၊ စိတ်ဂယောက်ဂယက်ဖြစ်နေသည့် အခြေအနေသည် စာတန်သဘောကျသော မြင်ကွင်းတစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့သော ဒုက္ခရောက်နေသူများအား ထိန်းချုပ်ထားသည့် နတ်ဆိုးများတွင် ‘‘(Legion) လေဂေါင်’’ လည်းအပါ အဝင်ဖြစ်ပါသည်။ (မာကု ၅:၉)။ ရောမစစ်တပ်တွင် Legion ဟုခေါ်သည့် တပ်ဖွဲ့တစ်ဖွဲ့တွင် စစ်သား ၃၀၀၀ မှ ၅၀၀၀ အထိပါဝင်ပါသည်။ ခရစ်တော်၏ အမိန့်တော်ကြောင့် ထိုလေဂေါင်ဟုခေါ်သည့် နတ်ဆိုးအုပ်ကြီးသည် ထိုလူသား များထံမှ ထွက်သွားသောအချိန်တွင် ထိုလူသည် မူလကအခြေအနေအတိုင်း အကောင်းပကတိဖြစ်သွားခဲ့ပါသည်။ သို့ရာတွင် ထိုနတ်ဆိုးအုပ်သည် ဝက်အုပ်ထဲသို့ဝင်ကြသဖြင့် ထိုဝက်တို့သည် ရေနစ်သေဆုံးကုန်ကြသည်။ ဤတွင် ဂါဒရသားများသည် ခရစ်တော်ပေးခဲ့သည့် ကောင်းချီးမင်္ဂလာများ အစား ဆုံးရှုံးမှုများကိုသာ တွေ့မြင်ကာ ကိုယ်တော်အား ၎င်းတို့နယ်မှ ထွက်သွားပေးရန် တောင်းပန်ကြ၏။ မဿဲ ၈:၂၂-၃၄။ ဆုံးရှုံးမှုများကို ခရစ်တော်အပေါ်သတ္တုချကာ စာတန်သည် ထိုသူများအား အတ္တစိုးရိမ်မှုများကို ဖြစ်ပေါ်စေပြီး ခရစ်တော်၏ နှုတ်တော်ထွက်စကားများကို မနာကြားအောင် တားဆီးခဲ့ပါသည်။HFB 558.3

    ခရစ်တော်သည် မသန့်ရှင်းသောတိရစ္ဆာန်များကို မွေးမြူခြင်းဖြင့် စီးပွားရှာနေသောဂျူးလူများကို ဆုံးမသည့်အနေဖြင့် ထိုနတ်ဆိုးများကို ဝက်အုပ်ထဲသို့ဝင်ခွင့်ပေးတော်မူခဲ့ပါသည်။ အကယ်၍သာ ခရစ်တော်က အဟန့်အတားလုပ်မပေးခဲ့ပါလျှင် ထိုနတ်ဆိုးများသည် ဝက်များ ကိုသာမက ဝက်ပိုင်ရှင်များကိုပင် ရေနစ်သေဆုံးစေခဲ့ပါလိမ့်မည်။HFB 559.1

    ၎င်းပြင် လူနှင့်တိရစ္ဆာန်တို့အပေါ်တွင်ထားသည့် စာတန်၏ ရက်စက်သောစိတ်ဓါတ်ကို တပည့်တော်များသဘောပေါက်ကာ ၎င်း၏ ဖြားယောင်းမှုများမှ ရှောင်ရှားနိုင်စေရန်အတွက်လည်း ဤအဖြစ်အပျက်ကို ကိုယ်တော်ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စာတန်၏ အနှောင်အဖွဲ့ကို ချိုးဖျက်ကာ လူသားများအား လွတ်လပ်ခွင့်ပေးနိုင်သည့် မိမိ၏တန်ခိုးတော် ကိုလည်း တပည့်တော်များအား မြင်တွေ့စေလိုတော်မူသည်မှာ အကြောင်းရင်း များ၌ တစ်ခုအပါအဝင်ဖြစ်သည်။ ခရစ်တော်သည် ထိုနေရာမှထွက်ခွာသွားခဲ့ သော်လည်း နတ်ဆိုး၏ ဖိစီးမှုက ကင်းလွတ်ခွင့်ရခဲ့သူများမှာ ကိုယ်တော်၏ ကရုဏာတော်ကို ဖွင့်ဟချီးမွမ်းနေဆဲဖြစ်ပါသည်။HFB 560.1

    နတ်ဆိုးစွဲနေသောရှုရိဖိနိတ်ပြည်သူတစ်ဦးအား ခရစ်တော်နတ်ဆိုးနှင် ထုတ်ပေးခဲ့သည်ကိုလည်းကောင်း (မာကု ၇:၂၆-၃၀)၊ မိမိကိုယ်ကို ‘‘သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်’’ သည်။ နတ်ဆိုးစွဲနေသောလူငယ်တစ်ဦးထံမှ နတ်ဆိုးနှင်ထုတ် ပေးခဲ့သည်ကိုလည်းကောင်း (မာကု ၉:၁၇-၂၇)၊ ဥပုသ်နေ့ကို မငြိမ်မသက် ဖြစ်စေသည့်ကပေရနောင်မှ နတ်ဆိုးစွဲနေသူထံမှ နတ်ဆိုးနှင်ထုတ်ပေးခဲ့ သည်ကိုလည်းကောင်း (လုကာ ၄:၃၃-၃၆) သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ အဖြစ်အပျက်တိုင်းတွင် နတ်ဆိုးများအား အသိဉာဏ်ရှိသူများကို မိန့်မြွက်သကဲ့သို့ နောင်တွင်မနှောင့်ယှက်တော့ရန် အမိန့်ပေးခဲ့ပါသည်။ ကပေရနောင်မှ ‘‘လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဤစကားသည် အဘယ်သို့ သောစကားနည်း။ ညစ်ညူးသောနတ်ဆိုးတို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြောဆိုကြ၏။’’ လုကာ ၄:၃၆။HFB 560.2

    တချို့ပုဂ္ဂိုလ်များသည် သဘာဝလွန်တန်ခိုးများကို ပိုင်ဆိုင်လိုကြသဖြင့် စာတန်၏ဩဇာကိုခံကြပါသည်။ ထိုကြောင့် ၎င်းတို့သည် နတ်ဆိုးများနှင့် တိုက်လှန်မှုမရှိပါချေ။ ရှမာရိမှရှိမုန်၊ ပါဖုမြို့မှ နတ်ဝိဇ္ဇာဆရာဧလုမ၊ ဖိလိပိမြို့တွင် ပေါလုနှင့်သိလာတို့နောက်သို့ လိုက်နေသည့် နတ်ဝင်သည်တို့သည် ထိုအဖွဲ့မှ ပုဂ္ဂိုလ်များဖြစ်ကြသည်။ တမန်တော် ၈:၉၊ ၁၈။ ၁၃:၈။ ၁၆:၁၆-၁၈။HFB 561.1

    စာတန်နှင့်၎င်း၏နတ်ဆိုးများတည်ရှိနေခြင်းကို လက်မခံသော သူများထက် ပို၍ဘေးရန်ကြီးသောသူမရှိပါချေ။ လူများစွာတို့သည် မိမိအသိဖြင့် မိမိလုပ်ဆောင်နေသည်ဟု အထင်ရှိစဉ်တွင် ထိနတ်ဆိုးများ၏ အကြံပေးချက်အတိုင်း လုပ်ဆောင်နေကြသည်။ ကမ္ဘာကုန်ဆုံးမည့်အချိန်သို့ ချဉ်းကပ်လာသည်နှင့်အမျှ စာတန်သည် လှည့်ဖြားခြင်းလုပ်ငန်းများကို အသားကုန်ကြိုးစားလုပ်ဆောင်စဉ်တွင် မိမိတကယ်မရှိဟု နေရာတကာတွင် သတင်းဖြန့်နေပါသည်။ ကိုယ်ယောင်ဖျောက်၍ ထိုသို့လုပ်ဆောင်ခြင်းသည် ၎င်း၏ဝါဒပင်ဖြစ်ပါသည်။HFB 561.2

    သူ၏ပရိယာယ်လှည့်ကွက်များကို ကျွန်ုပ်တို့သိသွားမှာကိုတော့ စာတန်စိုးရိမ်ပါသည်။ ဇာတိရုပ်မှန်ကိုဖုံးကွယ်ရန် မိမိကိုယ်ကို ရယ်စရာအသွင် (ဝါ) ရွံစရာအသွင်သဏ္ဌာန်များဖြစ်ပေါ်အောင် သူဖန်တီးလေ့ရှိပါသည်။ သူ့အားကိုယ်စားပြုသည့်ပုံများအား လူတစ်ဝက်၊ တိရစ္ဆာန်တစ်ဝက်ပုံများဖြင့် ကိုယ်စားပြုသည်ကို သူသဘောကျသည်။ သူ့နာမည်ကို အားကစားနှင့် ရယ်စရာများတွင် အသုံးပြုသည်ကိုလည်း စာတန်သဘောကျသည်။ အကြောင်းမှာ ‘‘စာတန်ဆိုတာ တကယ်ရှိလို့လား’’ ဟူသောမေးခွန်းကို နေရာတကာတွင် မေးလာသည်အထိ သူသည် မိမိကိုယ်ကိုရုပ်ဖျောက်လိုပါသည်။ ၎င်း၏ လျှို့ဝှက် အင်အားများကို နှုတ်ကပတ်တော်ကဖေါ်ပြထားပါသည်။ ထိုအရာများကို ဂရုမထားသူများ၏ စိတ်နှလုံးများအား စာတန်သည် လျင်မြန်စွာထိန်းချုပ် နိုင်သောကြောင့် ကျွန်ုပ်တို့သည် အကာအကွယ်များအောက်တွင် နေထိုင် အသက်ရှင်ကြရပါမည်။HFB 561.3

    ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ တန်ခိုးတော်တွင် အကာအကွယ်နှင့် ကယ်လွှတ်ခြင်းကို တွေ့နိုင်ကြပါသည်။ သူခိုးဓါးပြများရန်မှာ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် မိမိတို့၏ အိမ်များကို တံခါးမင်းတုပ်ချ၊ သော့ခတ်လေ့ရှိကြသော်လည်း နတ်ဆိုးများ၏ဘေးရန်မှ ကိုယ့်ကိုကိုယ်ကာကွယ်ရန် မိမိတို့၌တန်ခုးမရှိကြောင်းကို ကျွန်ုပ်တို့စဉ်းစားမိ ခဲ့ပါသည်။ ထိုနတ်ဆိုးများသည် အခွင့်ပေးခဲ့ပါလျှင် ကျွန်ုပ်တို့၏ ကိုယ်စိတ် နှလုံးသုံးပါးအပါအဝင် အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးပစ်နိုင်ကြပါသည်။ သို့ရာတွင် ခရစ်တော်၏နောက်တောင်ပါးတွင် လျှောက်လိုက်နေသူများသည် ကိုယ်တော်၏ စောင့်ရှောက်မှုအောက်တွင် လုံခြုံကြပါသည်။ ထိုနတ်ဆိုးများထက် တန်ခိုးခွန်အားနှင့်ပြည့်စုံသောကင်းကင်တမန်များကို စေလွှတ်ကာ နောက်လိုက်တပည့်များအား ခရစ်တော်ကွယ်ကာတော်မူပါသည်။ သားသမီးများ၏ ပတ်လည်၌တပ်ချကာကွယ်နေသော အစောင့်ကောင်းကင် တမန်များကို ထိုနတ်ဆိုးများက ထိုးဖေါက်ချေမှုန်းနိုင်စွမ်းမရှိကြပါချေ။HFB 562.1

    *****