Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဇွင်းကလိအား ဇူးရစ်မှဖိတ်ခေါ်ခြင်း

    သုံးနှစ်အကြာတွင် ဇွင်းကလိသည် ဆွစ်၏မဟာမိတ်များအတွက် အရေးအပါဆုံးမြို့တစ်မြို့ဖြစ်သော ဇူးရစ်ရှိဘုရားကျောင်းတွင် တရားဟောရန် ဖိတ်ခေါ်ခြင်းခံခဲ့ရပါသည်။ သူ၏တရားဟောချက်သည် အထူးဩဇာ သက်ရောက်မှု ရှိခဲ့ရာ တာဝန်တစ်ရပ်အနေဖြင့် ဆက်လက်သွန်သင်ပြသရန် အသင်းတော်အာဏာပိုင်များက သူ့အား တာဝန်ပေးခဲ့ပါသည်။HFB 177.1

    ‘‘သင်သည် အခန်းကဏ္ဍတိုင်း၏အခွန်များကို အသေးအမွှားမှအစ ကောက်ခံရရှိစေရန် ကြိုးစားလုပ်ဆောင်ရလိမ့်မည်။ ဖျားနာသူများမှ လည်းကောင်း၊ ပွဲတော်မင်္ဂလာများနှင့် ဘာသာရေး အခမ်းအနားများမှ လည်းကောင်း ကောက်ခံရရှိသည့်ဝင်ငွေများကို တိုးတက်လာအောင် သင်ကြိုးစားလုပ်ဆောင်ရလိမ့်မည်။’’ ‘‘ပွဲတော်မင်္ဂလာ ပေးခြင်း၊ တရားဟောခြင်းနှင့် အသင်းသားများကို စောင့်ရှောက်ခြင်းကိစ္စ တွေမှာ ကိုယ်စားလှယ်ခန့်ပြီးခိုင်းနိုင်တယ်။ အထူးသဖြင့် တရားဟောခြင်း လုပ်ငန်းမှာပေါ့’’ ဟု ဇွင်းကလိအား တာဝန်ရှိသူများကပြော၏။HFB 177.2

    ဇွင်းကလိသည် တာဝန်ပေးချက်များကို ငြိမ်၍နားထောင်နေကာ ‘‘ခရစ်တော်ရဲ့အသက်တာကို လူများတွေမမြင်အောင် ဝှက်ထားတာကြာပါပြီ။ ကျွန်တော်တော့ ရှင်မဿဲခရစ်ဝင်တစ်အုပ်လုံးကို ဟောကြားမယ်။ အမှုတော်မှာ ကျွန်တော်အာရုံစိုက်ရမှာက ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့၊ ခရစ်တော်ကို ချီးမွမ်းထောမနာပြုဖို့၊ အသက်ဝိညာဉ်များရဲ့ တကယ့်ကယ်တင်ခြင်းအစစ် အမှန်ကိုဖေါ်ပြဖို့နှင့် စစ်မှန်သော ယုံကြည်ခြင်းရရှိစေရန် သူတို့ကိုတည်ဆောက် ပေးဖို့ဖြစ်တယ်’’ ဟု တုံ့ပြန်ခဲ့ပါသည်။HFB 178.1

    လူအများသည် သူ့တရားဟောချက်ကိုနားထောင်ရန် စုရုံးလာကြ ပါသည်။ သူသည် ခရစ်ဝင်ကျမ်းများကိုဖွင့်ကာ ခရစ်တော်၏ သက်တော်စဉ် အကြောင်းကိုရှင်းပြခြင်းဖြင့် အမှုတော်ကိုအစပျိုးခဲ့သည်။ ‘‘ကျွန်တော် ခင်ဗျားတို့ကိုခေါ်ဆောင်သွားချင်တဲ့နေရာက ကယ်တင်ခြင်းရဲ့ စစ်မှန်သော အရင်းအမြစ်ဖြစ်တဲ့ ခရစ်တော်ထံကိုပဲ’’ ဟုဟောကြားရာ နိုင်ငံရေးသမားများ၊ ပညာရှိများ၊ လက်မှုပညာသည်များနှင့် လယ်သမားများတို့သည် သူဟောကြားချက်များကို နားထောင်ခဲ့ကြပါသည်။ သူသည် ထိုခေတ်အချိန်မှာ ဖြစ်ပွားနေသည့် ဖေါက်ပြန်ပျက်စီးမှုများနှင့် ဒုစရိုက်လုပ်ငန်းများကို မကြောက်မရွံ့ ရှုတ်ချပြစ်တင်ခဲ့သည်။ များစွာသောလူအပေါင်းတို့သည် ဘုရားသခင် ထံတော်သို့ ပြန်လည်ဦးလှည့်လာကြပါသည်။ ‘‘ဒီပုဂ္ဂိုလ်ဟာ သမ္မာတရားကို ဟောတဲ့ တရားဟောဆရာပဲ။ အီဂျစ်ပြည်ရဲ့ မှောင်မိုက်ထဲက တို့ကိုကယ်နှုတ် မယ့် တို့ရဲ့မောရှေဖြစ်လိမ့်မယ်’’ ဟု လူထုကြီးက ဖွင့်ဟပါသည်။HFB 178.2

    များမကြာမီပင် အတိုက်အခံများပေါ်လာခဲ့ပါသည်။ ရဟန်းပျိုများသည် သူ့အားလှောင်ပြောင်သရောက်ကာ မဲ့ရွဲ့ပြခြင်းဖြင့် တိုက်ခိုက်ကြသလို တချို့ကလည်း ခြိမ်းခြောက်ခြင်းများ၊ မောက်မာသော စကားများဖြင့် တိုက်ခိုက်ကြပါသည်။ ဇွင်းကလိမှာမူ အရာခပ်သိမ်းကို သည်းခံခဲ့ပါသည်။HFB 179.1

    ဘုရားသခင်က မသိနားမလည်မှုနှင့် အယူသီးခြင်လက်ထိပ်ကို ချွတ်ပေးရန် ပြင်ဆင်နေစဉ်တွင် စာတန်သည်လည်း လူများအား အကြီးဆုံး အမှောင်ထုထဲသို့ကျရောက်စေလျက် သာ၍ခိုင်ခံ့သော ထူးများဖြင့် မလှုပ်နိုင်အောင် ခတ်ရန်လုပ်ဆောင်နေပါသည်။ ရောမအသင်းတော်သည် ငွေကြေးရရှိရေးအတွက် အပြစ်လွှတ်ခြင်းဆိုင်ရာ အလှူငွေဈေးကွက်ကို ခရစ်ယာန်လောကတစ်ခုလုံး၌ဖွင့်ရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ အပြစ်တစ်ခုတိုင်း၌ အဖိုးအခတစ်ခုစီရှိ၏။ အသင်းတော် ဘဏ္ဍာတိုက်ကို ကောင်းစွာပြည့်ဝစေလျှင် ရာဇဝတ်မှုများအတွက် အပြစ်ကင်းလွတ်ခွင့်လိုင်စင် များကို လူတို့အားပေးသနားခဲ့၏။ ဤနည်းအားဖြင့် လှုပ်ရှားမှုကြီးနှစ်ခုမှာ တစ်ပြိုင်တည်း ကြီးထွားလာခဲ့ပါသည်။ ပထမတစ်ခုမှာ ဝင်ငွေရရှိရေးအတွက် ရောမအသင်းတော်မှ အပြစ်ဒုစရိုက်ကင်းလွတ်ခွင့်လိုင်စင်ထုတ်ပေးခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ပြညွှန်လျက် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားက အပြစ်ဒုစရိုက်ကို ရှုတ်ချခြင်းတို့ ဖြစ်သည်။HFB 179.2