Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှားကိုပြင်ဆင်ခြင်း

    ‘‘မင်္ဂလာဆောင်လုလင်ကြွလာဖို့ နှောင့်နှေးနေစဉ် ထိုသတို့သမီး အပေါင်းတို့သည် ငိုက်မြည်းအိပ်ပျော်နေကြစဉ် သန်းခေါင်ယံ၌ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြ ကုန်အံ့’’ ဟု ၁၈၄၄ ခုနှစ်၊ နွေဦးကာလတွင် ထိုသတင်းစကားကို ကျမ်းစကား များအတိုင်း ဟစ်ကြွေးခဲ့ကြပါသည်။HFB 425.2

    အာတဇေရဇ်မင်းကြီးထုတ်ပြန်ခဲ့သည့် ယေရုရှလင်မြို့ပြန်လည် တည်ဆောက်ခြင်းဆိုင်ရာအမိန့်သည် ဘီစီ ၄၅၇ ဆောင်းဦးကာလကျမှ အတည်ဖြစ်ခဲ့သဖြင့် နှစ်ပေါင်း ၂၃၀၀ ၏အဆုံးသည်လည်း ၁၈၄၄ ခုနှစ်၊ ဆောင်းဦးကာလတွင်ဖြစ်ရမည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်သူများက ပြန်လည်လေ့လာတွေ့ရှိခဲ့ကြပါသည်။ ဓမ္မဟောင်းကျမ်းပုံစံအရလည်း ဗိမာန်တော်ဆေးကြောသည့် အချိန်ကာလသည် ဆောင်းဦးကာလပင် ဖြစ်ကြောင်း ပြညွှန်ပါသည်။HFB 426.1

    ပသခါသိုးသငယ်ကိုသတ်ခြင်းသည် ခရစ်တော်အသေခ့ခြင်း၏အရိပ် ဖြစ်ပြီး ထိုပုံဆောင်မှုပြည့်စုံခြင်းသည် အကြောင်းအရာနှင့်သာမက အချိန်အခါ နှင့်လည်း ပတ်သက်နေပါသည်။ ယုဒပြက္ခဒိန်မှ ပထမလ၏ တစ်ဆယ့်လေးရက်နေ့တိုင်းတွင် ပသခါသိုးသငယ်ကို ကွပ်မျက်ခဲ့သည်မှာ ရာစုနှစ်များစွာပင်ကြာမြင့်ခဲ့ချေပြီ။ ခရစ်တော်သည် ထိုတစ်ဆယ့်လေးရက် မှာပင် ဘုရားသခင်၏သိုးသငယ်အဖြစ် အသေခံခြင်းအတွက် သတိရ အောက်မေ့စရာဖြစ်စေမည့် ပွဲတော်မင်္ဂလာကို ကျင်းပခဲ့သည်။ ထိုတစ်ဆယ့် လေးရက်နေ့ညမှာပင် ကပ်တိုင်အတင်ခံရန် ဖမ်းဆီးခြင်းခံခဲ့ရပါသည်။HFB 426.2

    ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆက်နွှယ်သည့် ပုံဆောင်မှုများ သည်လည်း အထိမ်းအမှတ်ပြုအခမ်းအနားများတွင် ဖေါ်ညွှန်းထားသည့် အချိန်၌ ထိုနည်းနှင်နှင်ပြည့်စုံရပါမည်။ ယုဒပြက္ခဒိန်မှ သတ္တမလ၊ ဆယ်ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည့် ဗိမာန်တော်ဆေးကြော ခြင်း (သို့မဟုတ်) အပြစ်ဖြေရာနေ့တွင် ဣသရေလအားလုံးအတွက် အပြစ်ဖြေရာယဇ်ကိုပူဇော်ကာ ဗိမာန်တော်တွင်တင်ကျံနေသော ထိုသူများ၏ အပြစ်များကို ဖယ်ရှားပြီးနောက် လူထုကြီးအား ကောင်းချီးပေးခဲ့ပါသည်။ ထိုနည်းနှင်နှင်နှင့် ခရစ်တော်သည် အပြစ်သားနှင့်အပြစ်များကိုဖျက်ဆီး သုတ်သင်ခြင်းအားဖြင့် ကမ္ဘာကြီးအား သန့်စင်အောင်လုပ်ဆောင်ပြီးနောက် စောင့်မျှော်နေသော သားသမီးများအား မသေနိုင်သောအသက်တာဖြင့် ကောင်းချီးပေးရန် ကြွလာတော်မူလိမ့်မည်ဟု ယုံကြည်ခဲ့ကြပါသည်။ အပြစ်ဖြေရာနေ့ဖြစ်သည့် ယုဒလ၊ သတ္တမလ၊ ဆယ်ရက်နေ့သည် ၁၈၄၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင်ကျရောက်ရာ ထိုနေ့တွင် ခရစ်တော် ကြွလာမည်ဟု မြော်လင့်ခဲ့ကြပါသည်။ ရက်ပေါင်း ၂၃၀၀ သည် ဆောင်းဦးရာသီ ဖြစ်သော ထိုနေ့တွင်အဆုံးသတ်ခဲ့ရာ ကောက်ချက်ချမှုများသည် မမှားနိုင် သယောင်ဖြစ်နေပါသည်။HFB 426.3