Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄) - ယုံကြည်ခြင်းကိုထိန်းသိမ်းကာကွယ်သူ ဝေါလ်ဒင်းဆီးများ

    ရဟန်းမင်းကြီး တန်ခိုးအာဏာအထွတ်အထိပ်ရောက်နေသည့် ကာလရှည်ကြီးမှာပင် ခရစ်တော်အား လူနှင့်ဘုရားသခင်အကြား၊ ကြားဖျန်ဖြေပေးသူအဖြစ် ယုံကြည်ဆဲဖြစ်သောသက်သေခံများရှိခဲ့ပါသည်။ ၎င်းတို့သည် ကျမ်းစာကိုအသက်တာ၏ စည်းမျဉ်းတစ်ခု အဖြစ်ကိုင်စွဲကာ သတ္တမနေ့ဥပုသ်ကိုလည်း သန့်ရှင်းစွာတည်ဆောက် ခဲ့ကြပါသည်။ ၎င်းတို့အား ဘာသာရေးဖေါက်ပြန်သူများအဖြစ် သတ်မှတ်ကာ ထုတ်ဝေသောစာပေများကို ဟန့်တားဖျက်ဆီးခဲ့ သော်လည်း သူတို့သည် ခိုင်မာစွာရပ်တည်ခဲ့ကြပါသည်။HFB 45.1

    နှိပ်စက်ညှဉ်းပန်းသူများ၏ စွပ်စွဲချက်မှတ်တမ်းများမှလွဲ၍ လူ့မှတ်တမ်းများတွင် သူတို့နေရာမရသလောက်ဖြစ်ခဲ့သည်။ ရောမ အသင်းတော်သည် မိစ္ဆာဒိဌိဟု မိမိအထင်ရှိသည့်လူနှင့် စာပေများ ကိုဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့သည်။ မိမိတို့အား ဆန့်ကျင်သူများအပေါ် ကျူးလွန်ခဲ့သည့်ရက်စက်မှုမှတ်တမ်းများကိုလည်း ဖျောက်ဖျက်ပစ်ရန် သူမကြိုးစားခဲ့သည်။ ပုံနှိပ်စက်များမပေါ်မီက စာအုပ်အရေ အတွက်သည် အလွန်နည်းပါးသည်ဖြစ်ရာ ရောမအသင်းတော်သည် မိမိအကြံအစည်ကို အကောင်အထည်ဖေါ်နိုင်ခဲ့ပါသည်။ အသင်းတော်သည် အာဏာတန်ခိုးများ ရရှိလာပြီးနောက် ဆက်တိုက်ဆိုသလိုပင် မိမိ၏လမ်းစဉ်များကို အသိအမှတ်ပြုရန်နှင့် ငြင်းဆန်သူများအားချေ မှုန်းပစ်ရန် ဆက်လက်ကြိုးစားလေ့လာခဲ့ပါသည်။HFB 45.2

    ဗြိတိန်နိုင်ငံတွင် ရောမအသင်းတော်၏ဖောက်ပြန်သောအယူ ဝါဒကင်းရှင်းသည့် ရှေးဦးခရစ်ယာန်ဘာသာသည် ရှေးမဆွကပင် အမြစ်စွဲ ခဲ့ပါသည်။ သာသနာပဧကရာဇ်များကပြုလုပ်သောနှိပ်စက် ညှဉ်းပန်းခြင်းကို တစ်ခုတည်းသောဆုလာဘ်အဖြစ် ရောမထံမှ ဗြိတိသျှအသင်းတော်များ ရရှိခံစားခဲ့ကြပါသည်။ အင်္ဂလန်တွင် နှိပ်စက်ညှဉ်းပန်းခြင်းများနှင့် ရင်ဆိုင်ရသောခရစ်ယာန်များသည်စကော့တလန်ပြည်သို့ ထွက်ပြေး လွတ်မြောက်သွားကြပါသည်။ ထိုမှတစ်ဆင့် သမ္မာတရားသည် အိုင်ယာလန်ပြည်သို့ရောက်ရှိသွားရာထိုနိုင်ငံများသည် ထိုသမ္မာတရားကို ဝမ်းသာအားရ လက်ခံခဲ့ကြပါသည်။HFB 46.1

    ဆက္ကဆင်လူမျိုးများ ဗြိတိန်ထဲသို့ကျူးကျော်ဝင်ရောက်လာ သောအချိန်တွင် သာသနာပယုံကြည်မှုများက ထိုနိုင်ငံကိုအုပ်စိုးလာ သဖြင့် ခရစ်ယာန်များသည် တောများ၊ တောင်များပေါ်သို့ထွက်ပြေးကြရသည်။ ရာစုနှစ်တစ်ခုလွန်သောအချိန်တွင် အလင်းတရားသည် စကော့တလန်ပြည် အနှံ့၌ ထွန်းတောက်ခဲ့ပါသည်။ အိုင်ယာလန်မှ ထွက်ခွါလာသောကိုလမ်ဘာနှင့် ၎င်း၏လုပ်ဖေါ်ဆောင်ဖက်များသည် အိုင်အိုနာဟုအမည်ရှိသည့် ကျွန်းကလေးကို ၎င်းတို့၏သာသနာ ဌာနချုပ်အဖြစ်သတ်မှတ်ခဲ့ကြသည်။ ထိုသာသနာပြုများထဲမှ သာသနာပြုတစ်ဦးသည် သမ္မာကျမ်းစာမှ ဥပုသ်နေ့ကိုစောင့်ထိန်းသူဖြစ်ရာ ဤသမ္မာတရားသည် ၎င်းတို့အကြားတွင် စတင်အစပျိုးလာပါသည်။ ကျောင်းတစ်ကျောင်းကို အိုင်အိုနာကျွန်းတွင် တည်ထောင်ကာ ထိုကျောင်းမှထွက်လာသည့် သာသနာပြုများကို စကော့တလန်၊ အင်္ဂလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် အီတလီတိုင်းပြည်များသို့ စေလွှတ်ခဲ့ကြပါသည်။HFB 46.2

    သို့ရာတွင် ရောမအသင်းတော်သည် ဗြိတိန်အား မိမိ၏ လက်အောက်သို့ဆွဲသွင်းရန် သန္နိဌာန်ချထားပါသည်။ ၆ ရာစုတွင် သာသနာပြုများသည် ဆက္ကဆင်အမျိုးသားများကို ခရစ်ယာန် ဘာသာဝင်များဖြစ်အောင် လမ်းပြနိုင်ခဲ့သဖြင့် အမှုတော်သည် တိုးတက်လာရာ ရဟန်းမင်းအဖွဲ့မှခေါင်းဆောင်များသည် ရိုးစင်း ဖြောင့်မတ်၍ အနေအထိုင်နှင့် ယုံကြည်မှုတွင် ကျမ်းစာနှင့်ကိုက်ညီသည့် ရှေးဦးခရစ်ယာန်များကို တန်ပြန်တိုက်ခိုက်လာပါတော့သည်။ ရဟန်းမင်းနှင့်အဖွဲ့မှာမူ အယူသီးခြင်း၊ ဟန်ကြီးပန်ကြီးနိုင်ခြင်း၊ စိတ်ကြီးဝင်ခြင်းများဖြင့် ပြည့်ဝနေကာ ခရစ်ယာန်အသင်းတော်များအား ၎င်းတို့၏စိုးမိုးမှုအောက်တွင် အသက်ရှင် လှုပ်ရှားကြရန် တောင်းဆိုလာပါသည်။ ထိုအခါတွင် ရဟန်းမင်းသည် အသင်းတော် ၏အထွတ်အထိပ်မဟုတ်ကြောင်း၊ ခရစ်တော်မှတစ်ပါး မိမိတို့၌ အခြားသခင်မရှိတော့ကြောင်း ဗြိတိသျှများက အကြောင်းပြန်ကြားခဲ့ပါသည်။HFB 47.1

    ယခုတွင် ရဟန်းမင်းအဖွဲ့၏ဇာတိရုပ်မှန်သည်ပေါ်လာချေပြီ။ “ငြိမ်းချမ်းရေးကိုသယ်ဆောင်လာသောညီအစ်ကိုများကို သင်တို့ မကြိုဆိုလျှင် စစ်ချီလာသောရန်သူများကို သင်တို့ကြိုဆိုရလိမ့်မည်” ဟုရောမခေါင်းဆောင် များက ဖွင့်ဟလာကြသည်။ ဗြိတိသျှအသင်း တော်များသည် ရဟန်းမင်းထံတွင် အညံ့မခံမချင်း စစ်မက်နှင့်လိမ်ညာ မှုများကို အသုံးပြုခံခဲ့ကြပါသည်။HFB 47.2

    ရောမအုပ်ချုပ်မှုများနှင့် ကင်းလွတ်သောနိုင်ငံများတွင်ခရစ်ယာန် အဖွဲ့အစည်းများသည် ရဟန်းမင်း၏စာရိတ္တဖောက်ပြန်မှုများနှင့် နှစ်ပေါင်းများစွာ ကင်းလွတ်ခဲ့ကြပါသည်။ သမ္မာကျမ်းစာကို ယုံကြည် ခြင်းအတွက် တစ်ခုတည်းသောစည်းမျဉ်းအဖြစ် သူတို့ဆက်လက် မှတ်ယူခဲ့ကြပါသည်။ ပညတ်တော်၏ ဆက်လက်တည်ရှိမှုကိုယုံကြည်ကာ သတ္တမနေ့ ဥပုသ်ကို ဤခရစ်ယာန်များ စောင့်ရှောက် ခဲ့ကြပါသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမျိုးကို ကိုင်စွဲကျင့်သုံးခဲ့ကြသော ခရစ်ယာန်အသင်းတော်များကို အာဖရိကအလယ်ပိုင်းနှင့် အာရှတိုက် မှအာမေးနီးယန်းများနေထိုင်သောနေရာများတွင် တွေ့ရပါသည်။HFB 47.3

    ရဟန်းမင်း၏အာဏာကိုအန်တုသူများထဲတွင် ဝေါလ်ဒင်းဆီး များသည် အပြင်းထန်ဆုံးဖြစ်သည်။ ရောမအသင်းတော်တည်ရှိရာ တိုင်းပြည်မှာပင် Piedmont အသင်းတော်များသည် သီးခြားရပ်တည် ခဲ့ကြပါသည်။ သို့ရာတွင် အချိန်တန်လာသည့်အခါတွင် ရောမ အသင်းတော်က ၎င်းတို့အားအညံ့ခံရန် တောင်းဆိုလာရာ တချို့တို့သည် ရဟန်းမင်းကို အညံ့ခံရန်ငြင်းဆန်ကာ ၎င်းတို့လက်ခံထားသည့် ယုံကြည်ခြင်း၏ ရိုးစင်းမှုနှင့် စင်ကြယ်မှုများကို ဆက်လက်ထိန်းသိမ်း ထားကြရန် ဆုံးဖြတ်ချက်ချကြပါသည်။ ရှေးခေတ်ယုံကြည်ခြင်းကို စွဲလမ်းဆုပ်ကိုင်ထား သူများသည် ယခုတွင်မူ အက်လ်ပ်စ်တောင်တန်း ကြီးများကိုကျောခိုင်းကာ နိုင်ငံရပ်ခြားတိုင်းပြည်များသို့သွားရောက်ပြီး သမ္မာတရားအောင်လံကို လွှင့်ထူကြပါသည်။ တချို့မှာမူ ထာဝရဘုရားသခင်ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆက်လက်ရရှိနိုင်မည့် ကျောက်တောင်များတွင် သွားရောက် နားခိုကြပါသည်။HFB 48.1

    ၎င်းတို့၏ယုံကြည်ခြင်းသည် သမ္မာကျမ်းစာနှုတ်ကပတ်တော်ပေါ်တွင် တည်ဆောက်ထားပါသည်။ လောကီသားများနှင့် အဆက်အသွယ်မရှိသော ထိုသူများသည် မှားယွင်းသောအသင်းတော်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်သောအမှန်တရားကို ၎င်းတို့အစွမ်းအစနှင့် ရရှိလာကြသည်တော့ မဟုတ်ပါချေ။ မိဘဘိုးဘေးများထံမှ လက်ဆင့်ကမ်းရရှိလာကြသော တမန်တော်အသင်းတော်ကတည်းက သွန်သင်ခဲ့သည့် ထိုယုံကြည်ချက်နှင့် သူတို့ရောင့်ရဲတင်းတိမ်ခဲ့ကြပါသည်။ ကမ္ဘာ့မြို့တော်တွင် မြှောက်စားခြင်းမခံရဘဲ တောတွင် ကြီးပွားသော ထိုအသင်းတော်သည် ခရစ်တော်၏စစ်မှန်သောအသင်းတော်၊ လောကကမ္ဘာကိုပေးရန် ဘုရားသခင်ကအပ်နှံတော်မူသည့် အမှန်တရားကို အမွန်အမြတ်ထားကာ ထိန်းသိမ်းသောအသင်းတော် ဖြစ်၏။HFB 48.2

    စစ်မှန်သောအသင်းတော်သည် ရောမအသင်းတော်မှခွဲထွက် လာရခြင်းတွင် အကြောင်းပြချက်များစွာရှိသည့်နောက် ကျမ်းစာဥပုသ် အပေါ်တွင် ရောမများထားရှိသည့် မုန်းတီးမှုသည်လည်း အကြောင်း ရင်းတစ်ခုဖြစ်နေပါသည်။ အနာဂတ္တိစကားတော်ရှိသည့်အတိုင်း ရဟန်းမင်း၏ တန်ခိုးအာဏာသည် ဘုရားသခင်၏ပညတ်တော်ကို မြေတွင်ချ၍ နင်းချေခဲ့ပါသည်။ ရဟန်းမင်း၏လက်အောက်တွင်ရှိသော အသင်း တော်များအား တနင်္ဂနွေနေ့ကို အလေးအမြတ်ပြုဖို့ အကျပ်ကိုင်နေရာ အောင်ပွဲဆင်နေသောမှားယွင်းမှုများကြားတွင် ဘုရားသခင်၏ယုံကြည် သူအစစ်အမှန်များသည်ပင် စိတ်ဇဝေဇဝါဖြစ်လာကာ သတ္တမနေ့ ဥပုသ်စောင့်ပြီး တနင်္ဂနွေနေ့တွင် အလုပ်မှာအနားယူခြိုးခြံနေကြပါသည်။ သို့ရာတွင် ထိုသို့ပြုရုံနှင့် ရဟန်းမင်းတို့ကမကျေနပ်ပါချေ။ သတ္တမနေ့ဥပုသ်ကို ရှုတ်ချဖို့ အတင်းအကျပ်ခိုင်းစေပါသည်။ သတ္တမနေ့ဥပုသ်ကို အလေးအမြတ်ပြုသော သူများကို ရောမအသင်းတော်က လူသိ ရှင်ကြားရှုတ်ချပါသည်။HFB 49.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေးကာလမတိုင်မီ နှစ်ပေါင်းများ စွာကတည်းက ဝေါလ်ဒင်းဆီးများသည် ၎င်းတို့၏ဘာသာစကားနှင့် ရေးသောသမ္မာကျမ်းစာကို ပိုင်ဆိုင်ထားကြပြီးဖြစ်သည်။ ဤအချက်ကြောင့် ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်း၏အထူးပစ်မှတ်များ ဖြစ်လာခဲ့သည်။ ရောမအသင်းတော်သည် ဗျာဒိတ်ကျမ်းတွင်ဖေါ်ပြထားသည့်ဖေါက်ပြန်သော ဗာဗုလုန်ဖြစ်သည်ဟုလည်း သူတို့ကကြွေးကြော်လာပါသည်။ အသက် အန္တရာယ်ကိုစိုးရိမ်ရသည့်ကြားမှပင် သူတို့သည် ရောမအသင်းတော်၏ အကျင့်ဖေါက်ပြန်ပျက်စီးမှုများကို လက်မခံဘဲ ဆန့်ကျင်ခဲ့ကြသည်။ ဝေါလ်ဒင်းဆီးများသည် ရောမအသင်းတော် ခေတ်တစ်လျှောက်လုံးတွင် ရောမအသင်းတော်၏ အုပ်စိုးမှုကိုငြင်းဆန်ကာ ရုပ်တုကိုးကွယ်မှုကို လက်မခံခဲ့ရုံသာမက စစ်မှန်သောဥပုသ် ကိုလည်း စောင့်ရှောက်ခဲ့ပါသည်။HFB 49.2

    ဝေါလ်ဒင်းဆီးများသည် တောကြီးတောင်ကြီးများရှိမြေကတုတ် ကျင်းများတွင် ပုန်းအောင်းနေထိုင်ကြရသည်။ ထိုသစ္စာရှိတပည့်တော် များသည် ၎င်းတို့၏သားသမီးများအား မိုးထားသည့် ထည်ဝါလှ သောကောင်းကင်ပြင်ကြီးကိုညွှန်ပြကာ ကတိတော်အရာ၌ တောင်များ တမျှခိုင်ခံ့သောကိုယ်တော့်အကြောင်းကို ဖွင့်ဆိုကြပါသည်။ ကိုယ်တော် ၏မဟာတန်ခိုးတော်မှလွဲ၍ မည်သူမျှရွှေ့ပြောင်းခြင်းငှာ မတတ်နိုင် အောင်တောင်များကို ထာဝရဘုရားတည်ထောင်တော်မူခဲ့သည်။ ထိုနည်းအတူ ပညတ်တော်ကို ကိုယ်တော်ပြဋ္ဌာန်းတော်မူသည်။ လူသားတို့၏အစွမ်းဖြင့် တောင်များကိုမကာ ပင်လယ်ထဲသို့ပစ်ချခြင်းငှာမလုပ်နိုင်သကဲ့သို့ ဘုရားသခင်၏ပညတ်တော်တစ်ပါးကိုမျှ ပြောင်းလဲခြင်းငှာ မတတ်စွမ်းနိုင်ချေ။ သူတို့သည် ကြမ်းတမ်းသော ဘဝခရီးလမ်းကြောင့် ယူကျုံးမရမဖြစ်ခဲ့ပါ။ အကြောင်းမှာ ဆိတ်ငြိမ်သော ထိုတောင်များထက်ဝယ် သူတို့၏ဘဝသည် အထီးကျန်မဟုတ်ပါ။HFB 50.1

    ဘုရားသခင်ကိုလွတ်လပ်စွာကိုးကွယ်နေရသဖြင့် သူတို့ပျော်ရွှင်နေကြသည်။ မြင့်မားသောကျောက်ဆောင်ကြီးများပေါ်မှနေ၍ ဘုရားသခင်၏ဂုဏ်တော်ကို သူတို့ချီးမွမ်းနေကြရာ ရောမစစ်သည်များသည် သူတို့၏သီချင်းသံကို တိတ်သွားအောင် လုပ်နိုင်စွမ်းမရှိကြတော့ချေ။HFB 51.1