Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာတစ်အုပ်လုံးသည်လမ်းပြဖြစ်ခြင်း

    သွန်သင်ထားသည့်အတိုင်း ခံယူမည်ဆိုသောစိတ်ဓါတ်ဖြင့် ဆုတောင်းလျက် သမ္မာကျမ်းစာကိုလေ့လာမှသာလျှင် ကျမ်းချက်များ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို သိရှိနိုင်ကြလိမ့်မည်။ သမ္မာကျမ်းစာတစ်အုပ်လုံးကို အရှိအတိုင်း လူတို့အား သွန်သင်သင့်ပါသည်။HFB 567.2

    ထာဝရဘုရားသည် သေချာပေါက်ပြည့်စုံမည့် အနာဂတ္တိစကားများကို လူတို့အား ဖွင့်ဆိုတော်မူသကဲ့သို့ ခရစ်တော်ကိုယ်တော်တိုင်နှင့်တကွ ကောင်းကင်တမန်များသည် ‘‘ကာလမကြာမြင့်မီ ဖြစ်ပျက်မည့်အရာများကို ဒံယေလနှင့် ယောဟန်တို့အား လာရောက်အသိပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် အရေးပါသော အရာများကို ရိုးသားစွာတရားရှာနေသူများအားဖော်ပြရာတွင် ရှုပ်ထွေးလမ်းလွဲသွားစေမည့် နည်းလမ်းများကို အသုံးပြုတော်မမူပါ။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားများသည် ဆုတောင်းလျက်လေ့လာသူ များအတွက် ရှင်းလင်းစွာနားလည်နိုင်သည့်အရာများဖြစ်ပါသည်။HFB 567.3

    လူအပေါင်းတို့သည် ‘‘အစွန်းမရောက်ကြပါနှင့်။ သဘောထား ကြီးကြပါ’’ ဟု ဟစ်ကြွေးကာ စာတန်၏လှည့ကွက်များတွင် စုံလုံးကန်းနေကြ ပေပြီ။ စာတန်သည် သမ္မာကျမ်းစာနေရာတွင် လူသားများ၏ထင်မြင်ချက် များဖြင့် အစားထိုးနေချေပြီ။ အသင်းတော်များသည် ဘုရားသခင်၏ ပညတ်တော်ကို ဘေးဖယ်ထားကာ လွတ်လပ်သည်ဟု ဟစ်ကြွေးနေစဉ်မှာပင် အပြစ်၏အနှောင်အဖွဲ့အောက်တွင် အသက်ရှိနေကြရပါသည်။HFB 568.1

    ထာဝရဘုရားသခင်သည် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချင်များအားဖြင့် ကမ္ဘာသားများအပေါ် အသိတရားများကို သွန်းလောင်းတော်မူခဲ့သည်။ သို့ရာတွင် အတော်ဆုံးသိပ္ပံပညာရှင်သည်ပင် သမ္မာကျမ်းစာ၏လမ်းပြမှုကို မခံယူလျှင် ဗျာဒိတ်စကားနှင့် သိပ္ပံပညာအကြားဆက်နွှယ်မှုကိုအဖြေရှာရန် ကြိုးစားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ချေ။HFB 568.2

    လူသားများ၏အသိပညာမှာ စုံလင်မှုကင်းပါသည်။ ထိုကြောင့် လူအများသည် သိပ္ပံပညာကို သမ္မာကျမ်းစာနှင့်ညှိနှိုင်းခြင်းငှာ မစွမ်းနိုင်ကြပါ။ လူအများကမူ သိပ္ပံနည်းကျကျလက်တွေ့ပြနိုင်သော သီအိုရီများကိုသာ လက်ခံ ကြပါသည်။ ဘုရားသခင်၏နှုတ်တော်ထွက် စကားများကို ‘‘အလွဲခေါ်ဝေါ်သောသိပ္ပံအတတ်’’ အားဖြင့် စမ်းသပ်ရမည်ဟု အထင်ရှိနေကြပါသည်။ (၁တိ၊ ၆:၂၀)။ သဘာဝတရားကိုအခြေခံကာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များကို ရှင်းလင်းပြရန် မစွမ်း နိုင်ရာ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အကြောင်းအရာများကို အားကိုး လောက်သည့်အရာများမဟုတ်ဟု သူတို့မှတ်ယူကြပါသည်။ ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းများအပေါ် သံသယရှိသူများသည် ဘုရားရှိသည်ဆိုသည့် အချက်ကိုပင် သံသယဝင်လာကြပါသည်။ အခြေမခိုင်သောယုံကြည်ခြင်း ကြောင့် မယုံကြည်မှုများတွင် သူတို့တဝဲလည်လည်ဖြစ်နေကြပါသည်။HFB 568.3

    ဘုရားသခင်က အသိပေးမထားသောအရာများကို မှန်းဆထင်ကြေး ပေးခြင်းတွင် လူသားများနစ်မျောနေအောင် လုပ်ဆောင်ခြင်းသည် စာတန်၏ အပြောင်မြောက်ဆုံးလက်ရာတစ်ခုဖြစ်သည်။ မိမိအားအသိပေးဖော်ပြသော အရာများကိုဂရုမထားဘဲ ဘုရားသခင်က လျှို့ဝှက်ထားသောအရာများကို မိမိအား ယုံကြည်စွာမဖော်ပြသဖြင့် လူစီဖာသည် မကျေမနပ်ဖြစ်လာခဲ့ပါသည်။ ယခုတွင် သူသည် လူသားများ၌ ထိုစိတ်ဓါတ်မျိုးသွတ်သွင်းကာ ဘုရား၏ တိုက်ရိုက်မိန့်မှာချက်များကို ဂရုမထားကြရန် လူသားများအား သွေးဆောင် နေပါသည်။HFB 569.1

    ကိုယ်အလိုကိုငြင်းပယ်ခြင်းနှင့်ပတ်သက်သော ဝိညာဉ်ရေးဆိုင်ရာ ဩဝါဒများကို တင်ပြမှုနည်းလာသည်နှင့်အမျှ လူသားများ၏ မျက်နှာသာ ပေးမှုသည် ပို၍များများရရှိလာတတ်ပါသည်။ လူသားတို့၏လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် စာတန်အဆင်သင့်ရှိနေပါသည်။ ၎င်းပြင် သူသည် သမ္မာတရားအစား လှည့်ဖြားမှုများကို တစ်ပတ်ရိုက် ဖော်ပြတတ်ပါသည်။ ရောမအသင်းကြီးသည် ဤနည်းကိုအသုံးပြုကာ လူသားများ၏စိတ်နှလုံးကို ဖမ်းစားခဲ့ပါသည်။ ကပ်တိုင်နှင့် ပတ်သက်နေသည့် သမ္မာတရားကိုငြင်းပယ်ခြင်းအားဖြင့် ပရိုတက်စတင့်များသည် ထိုလမ်းဟောင်းကိုလိုက်လျှောက်နေကြပါသည်။ လောကသားများနှင့် ကွဲပြား ခြားနားမသွားစေလိုသောသဘောဖြင့် အဆင်ပြေရေးဝါဒကို လေ့လာနေသူ များသည် ‘‘ဖျက်ဆီးတတ်သောမိစ္ဆာအယူ’’ ကိုလက်ခံရန် စွန့်ပစ်ခြင်းကိုခံရလိမ့်မည်။ ၂ပေ၊ ၂:၁။ လှည့်ဖြားခြင်းကို ကြောက်ရွံ့သော စိတ်ဖြင့် ရှုကြည့်သူများသည် အခြားတစ်ခုကိုလက်ခံရန် အဆင်သင့်ရှိနေ ကြလိမ့်မည်။ ‘‘ထိုကြောင့် သမ္မာတရားကိုမယုံဘဲ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည် တရားရှုံးခြင်းသို့ရောက်မည်အကြောင်း မုသားစကားကို ယုံစိမ့်သောငှာ မိစ္ဆာဒိဋ္ဌိပြုပြင်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။’’ ၂သက်၊ ၂:၁၁-၁၂။HFB 569.2