Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၇။—ခြိုးခြံ၍ နေထိုင်ရန် ခေါ်ဖိတ်ခြင်း။

    ကျန်းမာခြင်းသည် အဖိုးမဖြတ်နိုင်သော ကောင်းကြီးမင်္ဂလာ ဖြစ်၍ ၎င်းသည် အများ သိနားလည်တတ်ကြ သည်ထက် သြတ္တပ္ပစိတ်နှင့် လည်းကောင်း ဘာသာတရားနှင့် လည်းကောင်း သာ၍ ရင်းနှီးစွာ သက်ဆိုင်သော အရာ တစ်ခု ဖြစ်သည်၊ ၎င်းသည် တစ်စုံတစ်ယောက်၏ အမှု ဆောင်ရွက်နိုင်သော သတ္တိနှင့် များစွာ သက်ဆိုင်သဖြင့် ၎င်းကို အကျင့်စာရိတ္တကဲ့သို့ပင် သန့်ရှင်းစွာ စောင့်ရှောက် ကာကွယ်ရမည်။ အကြောင်းကား၊ သာ၍ ကျန်းမာခြင်း ရှိလျှင်၊ ဘုရားသခင်၏ အမှုတော် တိုးတက် ကြီးပွားရေး နှင့် လူသတ္တဝါတို့၏ ကောင်းကျိုးအတွက် သာ၍ ကြိုးစား လုပ်ဆောင်နိုင်သည်။ 1CT 294;CCB2 221.1

    ၁၈၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်၊ ကျန်းမာရေး၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းသည် လူများတို့အား သခင်ဘုရား ကြွလာတော်မူခြင်းအတွက် သင့်တော်စေရန် ပြင်ဆင်ပေးနေသော အမှုတော်ကြီး၏ လုပ်ငန်း တစ်ရပ်ပင် ဖြစ်သည်ဟု ကျွန်ုပအား တစ်ဖန် ဖော်ပြပြန်ပါသည်၊ လက်သည် ကိုယ်ခန္ဓာနှင့် ဆက်သွယ်နေသည် နည်းတူ၊ ၎င်းသည် တတိယ ကောင်းကင်တမန်၏ သတင်းစကားနှင့် နီးစပ်စွာ ဆက်သွယ်လျက် ရှိပေသည်။ ပညတ်တော် ဆယ်ပါး၏ တရားများကို လူတို့သည် ပေါ့ဆစွာ သဘေထားကြသည်၊ သို့ရာတွင် ထိုပညတ်တရားကို လွန်ကျူးသော သူအား ပထမဦးစွာ သတိပေးသော သတင်းစကားကို မကြားမပြောဘဲ၊ ထာဝရဘုရားသည် ပြစ်ဒဏ်ပေးရန် ကြွလာတော်မူမည် မဟုတ်။ တတိယ ကောင်းကင်တမန်က ထိုသတင်းစကားကို ကြွေးကြော်၏။ လူတို့သည် ပညတ်တော် ဆယ်ပါး၏ တရားများကို လိုက်နာ စောင့်ရှောက်၍ မိမိတို့ အသက်တာတွင် ထိုပညတ်များ၏ အခြေခံ တရားများကို ပြုကျင့်ကြလျှင်၊ ယခု လောကတွင် ဖုံးလွှမ်းနေသော ရောဂါဝေဒနာများ တည်းဟူသော ကျိန်ခြင်းဘေးသည် ရှိလိမ့်မည် မဟုတ်။CCB2 221.2

    ယောက်ျား၊ မိန်းမတို့သည် ယုတ်ညံ့သော အစားအသောက် နှင့် ကာမဂုဏ်ကို လိုက်စားနေကြခြင်းဖြင့် သဘာဝတရား နှင့် ဘုရားသခင်၏ ပညတ် တော်ကို မလွန်ကျူးဘဲ မနေနိုင်ကြ။ ထိုကြောင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ၌ တည်ထားသော တရားများကို လွန်ကျူးခြင်းဖြင့်၊ ကျွန်ုပ်တို့၌ အပြစ် ရှိကြောင်းကို ကျွန်ုပ်တို့သည် သိမြင်နိုင်မည် အကြောင်း ဘုရားသခင်သည် ကျန်းမာခြင်းနှင့် စပ်ဆိုင်၍ ပြုပြင် ပြောင်းလဲခြင်း အလင်းတရားကို ကျွန်ုပ်တို့ အပေါ်သို့ ထွန်းတောက် စေတော်မူ၏။ ကျွန်ုပ်တို့၏ သုခချမ်းသာ သို့မဟုတ် ဒုက္ခဆင်းရဲသည် သဘာဝတရားများကို လိုက်နာ ကျင့်ဆောင်ခြင်း သို့မဟုတ် ကျူးလွန် ဖျက်ဆီးခြင်း အမှုများပေါ်၌ တည်ရှိနေပေသည်။ အချို့သော သူတို့သည် သိရှိ နားလည်လျက်၊ အများသည် မသိ နားမလည်ဘဲ၊ ဘုရားသခင် စီမံထားတော်မူသော တရားများကို လွန်ကျူးလျက် နေကြသော လူများတို့၏ သနားစရာ ကောင်းသော အခြေအနေကို ကရုဏာနှင့် ပြည့်စုံတော်မူသော ကောင်းကင် ခမည်းတော်သည် သိမြင်တော်မူ၏။ ၎င်းပြင် မေတ္တာနှင့် လည်းကောင်း၊ သနားခြင်းနှင့် လည်းကောင်း၊ ဘုရားသခင်သည် ကျန်းမာရေးနှင့် ဆိုင်သော ပြုပြင် ပြောင်းလဲမှု အပေါ်၌ အလင်းကို ထွန်းတောက်စေတော်မူ၏။ လူအပေါင်းတို့သည် သဘာဝတရားများနှင့် ညီညွတ်စွာ နေနိုင်ဖို့ သိရှိ နားလည်၍ သတိပြုကြမည် အကြောင်း၊ ဘုရားသခင်က မိမိ၏ ပညတ်တရားတော်ကို အလွန် ထင်ရှား သိသာစွာ ကြွေးကြော်တော်မူ၍ အလွန် ထင်ပေါ်အောင် ပြုတော်မူသဖြင့် ၎င်းသည် တောင်ပေါ်၌ တည်ထားသော မြို့ကြီး တစ်မြို့နှင့် တူနေ၏။ ထုချေရန် တာဝန် ရှိသော သူအပေါင်းတို့သည် မိမိတို့ အလိုရှိလျှင် နားလည်နိုင်ကြသည်။ လူဖျင်း လူအတို့သည် နားလည်နိုင်ကြမည် မဟုတ်။ သဘာဝတရားများကို ထင်ရှားစွာ သိနားလည်စေခြင်း နှင့် ၎င်းကို စောင့်ရှောက်ရန် နှိုးဆော် တိုက်တွန်းခြင်း အမှုသည် သခင်ဘုရား ကြွလာတော်မူခြင်းအတွက် လူတစ်မျိုးကို ပြင်ဆင်ရန် တတိယ ကောင်းကင်တမန်က ကြွေးကြော်သော သတင်းစကားနှင့် သက်ဆိုင်သော အလုပ် တစ်ခု ဖြစ်ပေသည်။ 23T 161;CCB2 221.3