Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အစားအသောက် ပြောင်းလဲခြင်းနှင့် ဆိုင်သော သွန်သင်ချက်။

    တိရိစ္ဆာန်၏ အသားကို သုံးဆောင်ခြင်းဖြင့် ကြွက်သားတို့၏ ခွန်အားကို ဖြစ်စေသည် ဟူသော ထင်မြင်ချက်သည် မှား၏။ ၎င်းအသားကို မသုံးဆောင်ဘဲ ကိုယ်ခန္ဓာ အင်္ဂါစု၌ လိုအပ်သော အရာများကို ဖြည့်စွက်နိုင်လျက် သာ၍ တောင့်တင်း ကျန်းမာသော အခြေအနေကို ရရှိ ခံစားခွင့် ရှိပေသည်။ စပါးမျိုး နှင့် သစ်သီးများ၊ အဆီထွက် သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်တို့တွင် ကောင်းသော အသွေးကို ဖြစ်စေနိုင်သော အာဟာရဓါတ် သဘာဝများ အလုံးစုံ ပါရှိသည်။ ဤ ဓါတ်သဘောဝများကို အလွန် ကောင်းမွန်၊ ပြည့်စုံသော အခြေအနေ၌ အသားပါသော အစားအသောက်တို့က မပေး မဖြည့်စွက်နိုင်ချေ။ ကျန်းမာရေး နှင့် ခွန်အား သတ္တိအတွက် အသားသည် လိုအပ်သော အရာ ဖြစ်ခဲ့လျှင်၊ အစအဦး၌ လူအတွက် စီမံချပေးထားသော အစာတွင် တိရိစ္ဆာန်တို့၏ အသားကို ထည့်သွင်း ဖော်ပြထားလိမ့်မည်။CCB2 255.1

    အသား မစားတော့ဘဲ ဖြတ်ထားသောအခါ၊ အားနည်းသော အဖြစ်၊ အားအင် ဆုတ်လျော့သော အဖြစ်မျိုးကို တစ်ခါတစ်ရံ တွေ့ကြံရတတ်သည်။ အသားစားဖို့ လိုကြောင်း ဤ အချက်က ဖော်ပြသည်ဟု အများသော သူတို့က ဆင်ခြေပေးကြသည်။ သို့ရာတွင် ဤ အစာမျိုးသည် လှုံ့ဆော်စေတတ်သဖြင့်၊ ၎င်းတို့သည် အသွေး နှင့် အာရုံကြောများကို ထုံထိုင်းစေသဖြင့်၊ ၎င်းတို့ ကို အလွန် တောင့်တနေရသဖြင့် အားနည်းဟန် လက္ခဏာ ရှိ၏။ အရက်သမားသည် အရက်ဖြတ်ဖို့ ခဲယဉ်းသကဲ့သို့၊ အချို့သော သူတို့သည် အသားစားခြင်းကို ဖြတ်ဖို့ရန် ခက်ခဲနေသည်ကို တွေ့ရလိမ့်မည်။ သို့ရာတွင် သူတို့အဖို့ ထိုသို့ ပြောင်းလဲလိုက်ခြင်းသည် သာ၍ ကောင်းလိမ့်မည်။CCB2 255.2

    အသားကို မစားဘဲ ရှောင်သောအခါ၊ ၎င်း၏ နေရာတွင်၊ စပါးမျိုး၊ အဆီထွက်သော သစ်သီး၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများကို စားပေးခြင်းဖြင့်၊ ၎င်းတို့သည် အာဟာရ ဖြစ်စေသည့် အပြင် အရသာနှင့် ပြည့်စုံစေလျက် ခံတွင်းတွေ့စေ၏။ အထူးသဖြင့် အားနည်းသော သူ သို့မဟုတ် ပင်ပန်းသော အလုပ်ကို ဆက်လက် လုပ်ကိုင်ရသဖြင့် နွမ်းယိ အားအင် ဆုတ်လျော့နေသူတို့အတွက် ဤ အစာတို့သည် လိုအပ်ပေသည်။16MH 316;CCB2 256.1

    အစားအသောက်တွင် အထူးသဖြင့် အသားကို အဓိက အစာ အဖြစ် မသုံးဆောင်ဘဲ နေသောအခါ၌၊ အစားအသောက်ကို ကောင်းစွာ ပြင်ဆင် ချက်ပြုတ်ရေးသည် လိုအပ်သော အချက် တစ်ခု ဖြစ်ပေသည်။ အသား နေရာတွင် တစ်စုံတစ်ခုကို ပြင်ဆင် ချက်ပြုတ်ပေးရမည်။ ၎င်းပြင် အသားအစား အသုံးပြုရသော အရာတို့ကို သေချာ ကောင်းမွန်စွာ ပြုပြင် စီမံပေးရမည်။ ထိုသို့ ပြုမှသာလျှင် အသားကို စားလိုသော ဆန္ဒ မရှိဘဲ နေလိမ့်မည်။17CG 384;CCB2 256.2

    အသားပါသော အစားအသောက်မှ ညံ့ဖျင်းသော အစားအသောက်သို့ ပြောင်းလဲ၍ သုံးဆောင်ကြသော အိမ်ထောင်များကို ကျွန်ုပ် တွေ့ကြုံဘူးသည်။ သူတို့၏ အစားအသောက်ကို အလွန် ညံ့ဖျင်းစွာ ပြင်ဆင် ချက်ပြုတ်ကြသဖြင့်၊ အစာအိမ်က ၎င်းတို့ကို လက်ခံလိုစိတ် မရှိချေ။ ထိုအခါ ထိုသို့သော သူတို့က၊ ကျန်းမာရေးနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲမှုသည် သူတို့နှင့် မကိုက်မညီ၊ ၎င်းပြင် သူတို့၌ ကိုယ်ခန္ဓာ ခွန်အား ဆုတ်လျော့နေသည်ဟု ပြောဆိုကြ၏။ အစားအသောက်ကို ရိုးရိုးကလေး ပြင်ဆင်ရမည်၊ သို့ရာတွင် ခံတွင်းတွေ့အောင် ကောင်းမွန် သင့်တော်စွာ ပြင်ဆင် ပြုပြင်ထားရမည်။182T 63;CCB2 256.3

    ထာဝရဘုရားက ကျန်ကြွင်းသော အသင်းတော်အား အသားပါသော အစာများ၊ လက်ဖက်ရည်၊ ကော်ဖီ နှင့် အခြား ထိခိုက်စေတတ်သော အစားအသောက်တို့ကို ရှောင်ကြဉ် ပယ်ရှားရန် အကြံဉာဏ်ပေးတော်မူသည်မှာ သူတို့၏ ကောင်းကျိုးအတွက် ဖြစ်ပေသည်။ ကောင်းမွန် သင့်တော်၍ ကျန်းမာစေအောင် ကျွန်ုပ်တို့ သုံးဆောင်နိုင်သော အခြား အစားအသောက်တို့သည် မြောက်များစွာ ရှိကြပါသည်။CCB2 256.4

    သခင်ဘုရား ကြွလာတော်မူခြင်းကို စောင့်မျှော်နေကြသော သူတို့အထဲတွင်၊ အဆုံး၌ အသားစားခြင်း အမှုသည် ပျောက်ကွယ်သွားလိမ့်မည်။ သူတို့၏ အစားအသောက်တွင် အသားသည် အပါအဝင် မဖြစ်တော့ဘဲ ရှိလိမ့်မည်။ ကျွန်ုပ်တို့သည် ဤ မျှော်မြင်ချက်ကို အမြဲပင် စိတ်ထဲ၌ စွဲလန်းကြလျက်၊ ဤ မျှော်လင့်ချက်ကို ဖြစ်မြောက်စေဖို့ တစ်ဖြည်းဖြည်း ကြိုးစားရကြမည်။19CD 380, 381;CCB2 257.1

    အသားကို အမြဲ သုံးဆောင်ခြင်း အကျင့်အားဖြင့်၊ စိတ်ဉာဏ်၊ အကျင့်၊ ကာယနှင့် ဆိုင်သော သတ္တိတို့သည် ဆုတ်လျော့ ခန်းခြောက်သွားကြ၏။ အသားစားခြင်းသည် ကိုယ်အင်္ဂါစုတို့ကို ယုတ်ညံ့စေလျက် ဉာဏ်စွမ်းသတ္တိကို ထုံထိုင်းစေပြီး၊ အကျင့်သီလကို တုံးစေ၏။ ညီအစ်ကို မောင်နှမများတို့၊ သင်တို့အတွက် စိတ်အချရဆုံး နည်းလမ်းမှာ အသားများကို လက်နှင့်မျှ မတို့ဘဲ၊ ၎င်းတို့ဘာသာ နေစေခြင်းတည်းဟု ကျွန်ုပ်တို့ ပြောပါရစေ။202T 64.CCB2 257.2

    * * * * *