Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၀။—ပျော်ရွှင်၊ အောင်မြင်သော ပေါင်းဖက်ခြင်း။

    ထိမ်းမြားမင်္ဂလာပြုသော သူတို့တွင် စုံလင်သော မေတ္တာနှင့် ညီညွတ်ခြင်း ရှိရမည်ဟု ဘုရားသခင်က စီမံထားတော်မူပြီ။ သတို့သား နှင့် သတို့သမီးတို့သည် ကောင်းကင် စကြာဝဠာ ရှေ့တွင်၊ ဘုရားသခင် စီမံထားတော်မူသည် အတိုင်း အချင်းချင်း ချစ်ဖို့ရန် မိမိတို့ ကိုယ်တိုင် ဂတိသစ္စာ ပြုကြပါစေ။ ဇနီးသည် မိမိ၏ ခင်ပွန်းကို ရိုသေလေးစား၍ ခင်ပွန်းသည် မိမိ ဇနီးကို ချစ်ခင်မြတ်နိုးရမည်။CCB2 43.1

    ယောက်ျား နှင့် မိန်းမတို့သည် အိမ်ထောင်ဖက်၏ အစအဦးတွင် မိမိတို့ ကိုယ်ကို ဘုရားသခင်အား ထပ်မံ ဆက်ကပ်ပူဇော်ရကြမည်။ CCB2 43.2

    မည်မျှ သေချာစွာနှင့် လည်းကောင်း၊ သတိပညာနှင့် လည်းကောင်း ထိမ်းမြားစုံဖက်ခြင်း အမှုကို ပြုပြီးသော်လည်း၊ မင်္ဂလာပွဲကို ပြုလုပ်သောအခါ၊ အနည်းငယ်သော စုံတွဲတို့သာလျှင် ပြည့်စုံစွာ စုံဖက်ခြင်းကို ပြုရကြပါသည်။ ထိမ်းမြားရာ၌ လူ နှစ်ဦးကို အမှန် တွဲဖက်ခြင်း အမှုမှာ နောင်လာမည့် နှစ်များ၏ အလုပ်ကိစ္စများသာ ဖြစ်သည်။CCB2 43.3

    အသက်တာ၏ ရှုပ်ထွေးခြင်း၊ စိုးရိမ်ပူပန်ခြင်း ဝန်ထုပ်များကို လက်ထပ်ပြီးစ ဇနီးမောင်နှံတို့သည် တွေ့ကြုံရကြသောအခါ၊ ထိမ်းမြားစုံဖက်ခြင်းနှင့် ဆိုင်သော စိတ်ကူးယဉ်ထားသော အကြောင်းအရာများသည် ပျောက်ကွယ်သွားကြ၏။ လင် နှင့် မယားသည် လက်မထပ်မီက သိဖို့ ခက်သော အချင်းချင်း၏ သဘောကို အသီးအသီး လေ့လာရကြ၏။ သူတို့၏ ဗဟုသုတတွင် ဤ အချိန်သည် အရေးအကြီးဆုံး ဖြစ်သည်။ နောင် မိမိတို့ အသက်တာ တစ်ခုလုံး၏ ပျော်ရွှင်ရေး၊ အသုံးဝင်ရေးသည် ယခု သူတို့ လိုက်လျှောက်သော လမ်းမှန် အပေါ်၌ အမှီပြုပေသည်။ မကြာခဏ သူတို့သည် အသီးအသီးတွင် မမျှော်လင့်သော အားနည်းမှု နှင့် ချွတ်ယွင်းချက်များကို တွေ့မြင်ရကြ၏။ သို့ရာတွင် မေတ္တာက ပူးပေါင်းပေးသော စိတ်နှလုံးတို့သည် ထိုအခါမှ စ၍ မသိရှိရသေးသော အလွန် ကောင်းသော အရာတို့ကို တွေ့ရှိလာကြ၏။ ချွတ်ယွင်းချက်များ ထက် အလွန် ကောင်းသော အချက်များကို ရှာကြံဖို့ ကြိုးစားပါ။ မကြာခဏ ကျွန်ုပ်တို့၏ အခြေအနေ၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၏ အခြေအနေအားဖြင့် အခြားသူ၏ အကြောင်းကို ကျွန်ုပ်တို့အား ဖော်ပြလိမ့်မည်။CCB2 43.4

    ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းသည် အားနည်းခြင်း အမှု ဖြစ်သည်ဟု ထင်မှတ်ကြသော သူ အများ ရှိ၍ တစ်စုံတစ်ခုကို အမြဲ ချန်လှပ်ထားလျက် ၎င်းသည် အခြားသော အရာတို့ကို ငြင်းပယ် တွန်းလှန်လေ၏။ ဤ သဘောမျိုးသည် ထောက်ထားညှာတာသော စိတ်မျိုး ထွက်မလာစေရန် တားဆီး၏။ လိုက်လျော၍ ရက်ရောတတ်သော စိတ်ဆန္ဒများကို နှိပ်ကွပ်ထားသောအခါ၊ ၎င်းဆန္ဒများသည် ကုန်ခန်းသွား၍ စိတ်သည် ညှိုးငယ်လျက် ကြင်နာခြင်း ကင်းမဲ့နေ၏။ ကျွန်ုပ်တို့သည် ဤ အမှားကို ရှောင်ရမည်။ ဖော်ပြခြင်း မရှိဘဲ မေတ္တာသည် ကြာရှည် မတည်မနေနိုင်။ ကြင်နာခြင်း၊ ထောက်ထားခြင်း ကင်းမဲ့နေခြင်းကြောင့် သင်နှင့် ဆိုင်သော သူ၏ စိတ်ထဲ၌ ချွတ်ယွင်းခြင်း မဖြစ်ပါစေနှင့်။CCB2 44.1

    မေတ္တာကို အတင်းအကြပ် တောင်းဆိုခြင်း မပြုဘဲ အချင်းချင်း ၎င်းမေတ္တာကို ပေးကမ်းကြပါစေ။ သင့် ကိုယ်တိုင်၌ ရှိသော အမြတ်ဆုံး အရာတို့ကို ပြုပြင်ပေး၍၊ အချင်းချင်း၌ ရှိသော ကောင်းသော အရည်အချင်းတို့ကို လျင်မြန်စွာ နှစ်သက် သဘောကျကြောင်း သိမြင်ရခြင်းသည် အံ့သြဖွယ်ကောင်းသော အားတက်ဖွယ် နှင့် စိတ်ကျေနပ်ဖွယ် ဖြစ်၏။ ကောင်းမြတ်သော အရာများအတွက် ကြိုးစားနေသူအဖို့ ထောက်ထားညှာတာ လေးစားမှုကို ခွန်အား ရှိစေ၏။ ၎င်းပြင် မေတ္တာပင်လျှင် သာ၍ မြင့်မြတ်သော ရည်ရွယ်ချက်ကို ရရှိစေဖို့ အားပေးသောအခါ၊ ၎င်းသည် တိုးပွားလာ၏။CCB2 44.2