Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော် နှင့် အဖွဲ့အစည်း ခေါင်းဆောင်တို့ကို ဝေဖန် အပြစ်ရှာခြင်း၏ အကျိုးအပြစ်။

    လှည့်လည်၍ စကားပေါ့ ပြောခြင်း၊ အတင်းအဖျင်း ပြောခြင်း သဘော စိတ်ဝမ်းကွဲခြင်း၊ ရန်တွေ့ခြင်းကို မျိုးစေ့ကြဲရန်၊ မိတ်ဆွေများကို ကွဲပြားသွားစေရန် နှင့် ဟုတ်မှန် ဖြောင့်မတ်သော အခြေအနေ၌ ရှိသော အများသော သူတို့၏ ယုံကြည်ခြင်း သဘောကို ပျက်စီးစေရန် စာတန် မာရ်နတ်၏ ထူးခြားသော လုပ်ငန်း တစ်ရပ် ဖြစ်သည်။ ညီအစ်ကို မောင်နှမများတို့သည် အခြားသူတို့၊ အထူးသဖြင့် ဘုရားသခင်က မိမိတို့အား ဖော်ပြတော်မူသည် အတိုင်း အပြစ်ကို ဖော်ပြ၊ သတိပေးသော သတင်းစကားတို့ကို မတွန့်မဆုတ်ဘဲ ယူဆောင်လာသော သူတို့၏ အပြစ်များ နှင့် အမှားများ အကြောင်းကို ပြောပြဖို့ အလွန် လွယ်ကူကြသည်။CCB2 138.2

    ဤကဲ့သို့ အပြစ်တင်သော သူတို့၏ သားသမီးတို့သည် သေသေချာချာ နားထောင်တတ်ကြ သဖြင့်၊ မေတ္တာပျက်စေခြင်း အဆိပ်များကို ရရှိကြသည်။ ထိုသို့အားဖြင့် သားသမီးတို့၏ စိတ်နှလုံးသို့ ရောက်ရှိသွားနိုင်သော လမ်းကို မိဘတို့သည် မိုက်မဲစွာ ပိတ်ပင် တားဆီးထားကြသည်။ ဤ အမှု၌ ဘုရားသခင် ကို ရှုတ်ချ၏။ သခင်ယေရှုက၊ “သင်တို့သည် ဤ သူ တည်းဟူသော ငါ့ ညီတို့တွင် အငယ်ဆုံးသော သူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ” ဟု မိန့်တော်မူ၏။ မ၊ ၂၅: ၄၀။ ထိုသို့အားဖြင့် ဘုရားသခင်၏ ကျွန်များအား ရှုတ်ချ ပြောဆိုသော သူတို့သည် သခင်ခရစ်တော်ကို မထီမဲ့မြင် ပြုလျက် ရှုတ်ချကြ၏။CCB2 138.3

    ဘုရားသခင် ရွေးချယ်ထားသော ကျွန်များ၏ နာမည်များကို ထောက်မ ချီးမြှင့်ရန် တာဝန် ရှိသော သူ အချို့တို့က ၎င်းတို့ကို မရိုမသေ အသုံးပြုလျက် အချို့သော နာမည်များကို လုံးလုံး ရွံရှာ မထီလေးစားပြုခဲ့ကြပြီ။ ဘုရားသခင်၏ ကျွန်များက အရေးကြီးစွာ ဆုံးမသတိပေး စကားများနှင့် ပတ်သက်၍ မိဘများက မရိုမသေ မှတ်ချက်ချခြင်းတို့ကို သားသမီးတို့သည် မကြားဘဲ မနေကြပါ။ မိမိတို့ နားထဲ၌ မကြာမခဏ ကြားနေရသော ပြောင်လှောင် ပြက်ယာယ်ပြု စကားများ နှင့် ဂုဏ်ယုတ်စေစသော စကားများကို သူတို့သည် နားလည်ကြလျက်၊ သူတို့၏ စိတ်ထဲတွင် သန့်ရှင်း၍ ထာဝရကာလနှင့် ဆိုင်သော အရာများကို လောက၏ ရိုးရိုး အမှုကိစ္စများနှင့် တစ်ညီတည်း ထားလာသော အကျင့်ကို ဖြစ်စေခဲ့လေပြီ။ မိမိတို့၏ သားသမီးများအား ငယ်ရွယ်စဉ် အခါကပင် ဘုရားတရားကို မယုံကြည် မရိုသေသော သူများ ဖြစ်စေရန် ဤ မိဘတို့သည် မည်ကဲ့သို့သော အလုပ် တစ်ခုကို လုပ်နေကြသလဲ။ ဤ နည်းအားဖြင့် သားသမီးများအား ကောင်းကင်က အပြစ်ဖော်ပြ ဆုံးမမှုကို မရိုသေဘဲ ပုန်ကန်ထကြွစေရန် သွန်သင်ပေးကြ၏။CCB2 139.1

    ဤ ဆိုးသော အကျင့်များ တည်ရှိနေရာ၌ ဝိညာဉ်ရေး၌ ယုတ်ညံ့ခြင်း အဖြစ်မျိုး ရှိနိုင်သည်။ ရန်သူအားဖြင့် မျက်စိကန်းနေသော ဤ မိဘများကပင်၊ မိမိတို့၏ သားသမီးများ အဘယ်ကြောင့် ထိုမျှလောက် ကျမ်းစာ၏ သမ္မာတရားကို မယုံကြည်ဘဲ ယုံမှားနေကြသနည်းဟု အံ့သြနေတတ်ကြသည်။ အကျင့် နှင့် ဘာသာရေး သြဇာညောင်းမှုအားဖြင့် သူတို့၏ စိတ်ကို ပြုပြင်ဖို့ရန် အလွန် ခဲယဉ်းသည်ကို သူတို့သည် အံ့သြနေကြ၏။ သူတို့၌ ဝိညာဉ် မျက်စိ ရှိခဲ့ပါမူ၊ ဤ ဝမ်းနည်းဖွယ် အခြေအနေတို့မှာ မိမိ ကိုယ်တိုင် အိမ်၌ သြဇာညောင်းမှု၏ အကျိုး၊ မိမိတို့၏ မနာလို၊ မယုံကြည်မှု၏ အကျိုး ဖြစ်သည်ကို သူတို့သည် တွေ့ရှိရလိမ့်မည်။ ထိုသို့အားဖြင့် ဘုရားတရားကို မယုံကြည်သော သူအများတို့ မှာ ခရစ်ယာန်ဟု ခေါ်နေသော သူတို့၏ အိမ်ဝင်းထဲတွင် ဖြစ်ပေါ်လာရပေသည်။CCB2 139.2

    ဘုရားသခင်၏ အမှုတော်နှင့် ဆိုင်သော အဖွဲ့အစည်းများတွင် ကြီးသော တာဝန်များကို ထမ်းဆောင်နေရသော သူတို့၏ ချွတ်ယွင်းချက်များ အကြောင်းကို မှန်သည် ဖြစ်စေ၊ အထင်အားဖြင့် ဖြစ်စေ ပြောပြခြင်း၊ စဉ်းစားစွဲလမ်းနေခြင်း၌ အထူး နှစ်သက်သော သူ အများ ရှိကြသည်။ သူတို့သည် ဖြစ်မြောက်ခဲ့သော ကောင်းသော အမှုများကို လည်းကောင်း၊ အမှုတော်ကို စိတ်အားကြီးစွာ ဆောင်ရွက်ခြင်း၊ မတွန့်မဆုတ်ဘဲ စွဲလမ်းခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးကို လည်းကောင်း၊ လစ်လျူရှုထားကြပြီးလျှင်၊ မှားသည်ဟု ထင်ရသော အရာ အချို့ကို ဂရုစိုက် ကြည့်နေကြလျက်၊ ပြီးခဲ့သော ကိစ္စ အချို့တို့၌ အကျိုး ဖြစ်ထွန်းခဲ့ရာ၊ ၎င်းကိစ္စကို သာ၍ အကျိုး ခံစားရအောင် သာ၍ ကောင်းစွာ ပြုလုပ်နိုင်သည်ဟု ထင်မှတ်ကြသည်။ အမှန်မှာ၊ သူတို့အား ၎င်းအလုပ်ကို ပြုလုပ်ရန် ပေးထားခဲ့လျှင် စိတ်ပျက်ခြင်း တွေ့ရသဖြင့် အလုပ်ကို မလုပ်ဘဲ နေရန်ပင် ငြင်းပယ်ကြလိမ့်မည်။ သို့မဟုတ် ဘုရားသခင် စီမံတော်မူသည် အတိုင်း လုပ်ဆောင် ခဲ့သော သူတို့ထက် သာ၍ ဝီရိယ ကင်းမဲ့စွာ လုပ်ဆောင်ကြလိမ့်မည်။CCB2 140.1

    သို့ရာတွင် သြဇာ မခံဘဲ ဤကဲ့သို့ ပြောတတ်သူတို့သည် ကျောက်တုံး၏ ကြမ်းသော နေရာ၌ တွယ်ကပ်နေသော ရေညှိများကဲ့သို့ အလုပ်အကိုင်၏ သာ၍ မနှစ်သက်ဖွယ်သော အကြောင်းအရာတို့ အပေါ်၌ စွဲလမ်း အာရုံစိုက်နေကြလိမ့်မည်။ ဤ လူများတို့သည် အခြားသူတို့၏ ဆုံးရှုံးမှုများ နှင့် အပြစ်များကို အမြဲ တွေးတောနေခြင်း အားဖြင့် ဝိညာဉ်ရေး၌ သိမ်ဖျင်းလာကြ၏။ သူတို့သည် အကျင့်အားဖြင့် ကောင်းမြတ်၍ မြင့်မြတ်သော အပြုအမူများ၊ ကိုယ်ကျိုး မရှာဘဲ ကြိုးစားမှုများ၊ မှန်ကန်သော ရဲရင့်ခြင်း နှင့် ကိုယ်ကို ဆက်ကပ်ပူဇော်ခြင်း အမှုများကို ဝေဖန် ပိုင်းခြား သိနားလည်နိုင်သော သတ္တိမရှိကြ။ သူတို့သည် မိမိတို့၏ အသက်တာ နှင့် မျှော်လင့်ချက်များတွင် သာ၍ မြင့်မြတ် ကြီးမြင့်လာခြင်း မရှိကြ၊ သူတို့၏ အထင်အမြင် နှင့် အကြံအစည်များတွင် သူတို့သည် သာ၍ ရက်ရော၊ အမြင်ကျယ်လာခြင်း မရှိကြ။ သူတို့သည် ခရစ်ယာန် အသက်တာကို ထူးခြားစေရမည့် မေတ္တာဂရုဏာကို မိမိတို့၌ ဖြစ် ပေါ်မလာစေကြ။ သူတို့သည် နေ့တိုင်း ယုတ်ညံ့လာကြ၍ သူတို့၏ ငြူစူခြင်း သဘောများ နှင့် အမျှော်အမြင်များတွင် သာ၍ အမြင်ကျဉ်းလာကြ၏။ သူတို့၏ သဘောသည် သိမ်ဖျင်းခြင်း ဖြစ်၍ သူတို့၏ ပတ်ဝန်းကျင်သည် ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်ခြင်းကို အဆိပ်ဖြစ်စေ၏။74T 195, 196;CCB2 140.2

    အဖွဲ့အစည်းတိုင်းသည် အခက်အခဲနှင့် တိုက်လှန်ရကြမည်။ ဘုရားသခင့် လူများ၏ စိတ်နှလုံးကို စုံစမ်း စစ်ဆေးရန် စုံစမ်းခြင်းကို အခွင့်ပေးတော်မူ၏။ ဒုက္ခဆင်းရဲခြင်းသည် ဘုရားသခင်၏ ကိုယ်စားတော် တစ်စုံတစ်ယောက် အပေါ်၌ ကျရောက်သောအခါ၊ ဘုရားသခင်၌ လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်၌ လည်းကောင်း ကျွန်ုပ်တို့သည် အကယ်ပင် မည်မျှ ယုံကြည်ခြင်း ရှိကြောင်း ထင်ရှားစေလိမ့်မည်။ ထိုကဲ့သို့သော အချိန်အခါ၌ မည်သူမျှ တွေ့ကြုံရသော ကိစ္စတို့ကို အဆိုးဆုံးသော အခြေအနေဟု သဘောမထားပါစေနှင့်၊ ၎င်းပြင် ယုံမှား သံသယ ဖြစ်ခြင်းကို မဖော်ပြပါနှင့်။ သဘောမထားပါစေနှင့်၊ ၎င်းပြင် ယုံမှား သံသယ ဖြစ်ခြင်းကို မဖော်ပြပါနှင့်။ တာဝန် ဝတ္တရားများကို ဆောင်ရွက်နေသော သူတို့ကို ဝေဖန် အပြစ်မတင်ပါနှင့်။ သင့် အိမ်ထောင်၌ ပြောဆိုသော စကားများမှာ ထာဝရဘုရား၏ အမှုတော်ဆောင်တို့ အကြောင်း အတင်းပြောခြင်းဖြင့် အဆိပ် မဖြစ်ပါစေနှင့်။ သင့် အိမ်ထောင်၌ ပြောဆိုသော စကားများမှာ ထာဝရဘုရား၏ အမှုတော်ဆောင်တို့ အကြောင်း အတင်းပြောခြင်းဖြင့် အဆိပ် မဖြစ်ပါစေနှင့်။ ဤကဲ့သို့ အတင်းပြောတတ်သော မိဘတို့သည် သားသမီးတို့ ရှေ့၌ ကယ်တင်ခြင်းကို ရရှိစေဖို့ လိမ္မာလာစေရန် ပြုပြင်ပေးသော အရာကို ယူဆောင်လာကြသည် မဟုတ်။ သူတို့၏ စကားများသည် ကလေးများ၌ သာမက အသက်အရွယ် ကြီးသော သူတို့၌ပင် ယုံကြည်ခြင်း၊ အားထားခြင်း သဘောများကို ရွေ့လျော့ ယိုးယွင်းသွားစေလိမ့်မည်။87T 183;CCB2 141.1

    ကျွန်ုပ် အဖွဲ့အစည်းများကို အုပ်ချုပ်သူ မန်နေဂျာများတို့သည် မိမိတို့ လက်အောက်တွင် ရှိသော လူငယ်များတို့အား နေရာတကျ စည်းကမ်း စနစ် နှင့် အုပ်ချုပ်ရာတွင် များစွာ အခက်အခဲနှင့် ကြုံတွေ့ရကြသည်။ အသင်းသားတို့သည် သူတို့၏ လက်ကို ထောက်မထားခြင်းဖြင့် များစွာ ကူညီနိုင်ကြသည်။ လူငယ်တို့သည် အဖွဲ့အစည်း၏ စည်းကမ်း ဥပဒေကို လိုက်နာလိုသော စိတ် မရှိသောအခါ၊ သို့မဟုတ် သူတို့၏ အထက် လူကြီးများနှင့် သဘော ကွဲလွဲသော ကိစ္စ တစ်စုံတစ်ခုတွင် မိမိတို့ သဘောအတိုင်း ပြုလုပ်ရန် ဆုံးဖြတ်ကြသော အခါ၊ မိဘများသည် ဘာမျှ မသိ နားမလည်ဘဲ မိမိတို့၏ သားသမီးတို့အား ထောက်ခံလျက် စာနာသော သဘောတို့ကို ပြုဖို့ မကြံစည်ကြပါနှင့်။CCB2 141.2

    သမ္မာတရားဘက်၌ သစ္စာရှိ၍ လူအချင်းချင်း နှင့် ဘုရားသခင် အပေါ်၌ သစ္စာစောင့်ခြင်း၏ အခြေခံ ဖြစ်သော တရားများကို ပေါ့ဆစွာ ပြုမူစေရန် သင်တို့၏ သားသမီးများကို သွန်သင်ပေးခြင်းထက် သူတို့အား ဒုက္ခရောက်စေခြင်း၊ သင်္ချိုင်းတွင်း၌ အိပ်နေစေခြင်းက သာ၍ ကောင်း၏။97T 185, 186;CCB2 142.1