Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင် လက်အောက်ရှိ ဆရာများ။

    ထာဝရဘုရားသည် မိမိ ကိုယ်ကို ဆက်ကပ်ထားသော ဆရာ၊ ဆရာမများ နှင့်အတူ အမှု ဆောင်ရွက်တော်မူ၏။ ၎င်းပြင် ဆရာ၊ ဆရာမ၏အကျိုး ကျေးဇူးအတွက် ဖြစ်ကြောင်း သူသည် သိရှိ နားလည်အပ်ပေသည်။ ဘုရားသခင်၏ သွန်သင်ဆုံးမခြင်းကို ခံရသော ဆရာသမားများသည် ကျေးဇူးတော်၊ သမ္မာတရား နှင့် အလင်းကို ကလေးသူငယ်များအား တစ်ဆင့်ချပေးရန် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ရရှိကြ၏။ သူတို့သည် လောက၌ ကြားဘူးသမျှတွင် အမြတ်ဆုံး ဖြစ်သော ဆရာသမားကြီး လက်အောက်တွင် ရှိကြသဖြင့်၊ သူတို့၌ မကြင်နာသော သဘော၊ ပြင်းထန်သော သံနေသံထား ရှိလျက် အမျက်ဒေါသနှင့် ပြည့်ဝနေကြမည် ဆိုလျှင် မည်မျှ မသင့်မတော် ဖြစ်မည်နည်း။ ဤ နည်းအားဖြင့် သူတို့သည် ကလေးသူငယ်များအား မိမိတို့၏ ချို့ယွင်းချက်မျိုးကို ဆက်လက် ဖြစ်ပေါ်လာစေလိမ့်မည်။ ဘုရားသခင်သည် မိမိ၏ ဝိညာဉ်တော်အားဖြင့် လူ၏ ဝိညာဉ်နှင့် ဆက်သွယ်တော်မူ၏။ သင်သည် လေ့လာ ဆည်းပူးစဉ်အခါ၊ “တရားတော်၌ အံ့ဖွယ်သော အရာတို့ကို မြင်နိုင်ပါမည် အကြောင်း၊ အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ” ဟု ဆုတောင်းလော့။ ဆာ၊ ၁၁၉: ၁၈။ ဆရာ ဆရာမသည် ဆုတောင်းခြင်း၌ ဘုရားသခင်ကို မှီခို အားကိုးလျှင်၊ သခင်ခရစ်တော်၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ ဘုရားသခင်သည် သူ့အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို သက်ရောက်စေလျက် တပည့်၏ စိတ်သဘောကို ပြုပြင်ပေးတော်မူ လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တပည့်၏ စိတ်နှလုံးထဲ၌ မျှော်လင့်ခြင်း၊ ရဲရင့်ခြင်း၊ ကျမ်းစာ၏ စိတ်ကူးများနှင့် ပြည့်ဝစေလိမ့်မည်။ သမ္မာတရား၏ စကားများသည် အရေးကြီးစွာ တိုးတက်လာ၍ ဘယ်အခါမျှ အိပ်မက်ပင် မမက်ခဲ့ဘူးသော အနက်အဓိပ္ပါယ်တို့ကို ပြည့်စုံ ရှင်းလင်းစွာ သူသည် နားလည်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထင်ရှားသော တင့်တယ်ခြင်း နှင့် ပါရမီတို့သည် သူ၏ စိတ်သဘော နှင့် အကျင့်စာရိတ္တ ပေါ်တွင် ပြုပြင် ပြောင်းလဲခြင်း တန်ခိုးကို ညောင်းစေ၏။ ကောင်းကင်မေတ္တာ၏ မီးဖွားတို့သည် ကလေးသူငယ်တို့၏ စိတ်နှလုံးပေါ်တွင် နှိုးဆော် ထကြွစေသော အရာကဲ့သို့ ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့သည် ကလေးသူငယ်တို့အတွက် အမှုဆောင်ရွက်ကြလျှင်၊ ထောင်သောင်းများစွာသော သူတို့ကို သခင်ခရစ်တော်ထံသို့ ယူဆောင်လာနိုင်ကြလိမ့်မည်။15CT 171; 172;CCB2 202.1

    လူတို့သည် မှန်ကန်စွာ ပညာရှိမလာနိုင်မီ၊ ဘုရားသခင် အပေါ်၌ မိမိတို့သည် မှီခို အားကိုးနေရကြောင်းကို သိရှိ နားလည်ရကြမည်။ ၎င်းနောက် ဘုရားသခင်၏ ပညာနှင့် ပြည့်စုံလာရကြမည်။ ဘုရားသခင်သည် ဉာဏ်စွမ်း နှင့်တကွ ဝိညာဉ်ရေးနှင့် ဆိုင်သော တန်ခိုးကို အစပြုပေးနိုင်တော်မူသော အရှင် ဖြစ်တော်မူ၏။ လောကဓါတ် ပညာတွင် အံ့သြဖွယ် အထွဋ်အထိပ်သို့ ရောက်ကြသည်ဟု လောက၏ ထင်မှတ်ခြင်းကို ခံရသော ကျော်စောကိတ္တိ ရှိသော လူများတို့ကို ချစ်တော်မူသော ယောဟန် သို့မဟုတ် တမန်တော် ပေါလုနှင့် မနှိုင်းယှဉ်နိုင်ကြပေ။ ဉာဏ်စွမ်းသတ္တိ နှင့် ဝိညာဉ်ရေးနှင့် ဆိုင်သော တန်ခိုးများသည် ပူးပေါင်းသော အခါ၌သာ လူ အဖြစ်၌ အမြတ်ဆုံးသော စံချိန်ကို ရောက်ရှိနိုင်သည်။ ဤကဲ့သို့ ပြုသော သူတို့ကို ဘုရားသခင်သည် မိမိ နှင့်အတူ စိတ်သဘောကို ပြုပြင်သော အမှုတော်ဆောင်များ အဖြစ်နှင့် လက်ခံတော်မူသည်။16CT 66;CCB2 203.1

    ယခုခေတ်၌ ကျွန်ုပ်တို့ ကျောင်းများ၏ အရေးအကြီးဆုံး အလုပ်မှာ လောက ရှေ့တွင် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေရန် ပုံသက်သေပြခြင်း ဖြစ်သည်။ သန့်ရှင်းသော ကောင်းကင်တမန်များသည် ကိုယ်စားလှယ် ဖြစ်ကြသော လူများအားဖြင့် အလုပ်ကို စီမံ အုပ်ချုပ်ရကြမည်၊ ၎င်းပြင် ဋ္ဌာနတိုင်းသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ထင်ရှားစေသော အထိမ်းအမှတ်များကို ထင်ရှားစွာ ပြရကြမည်။17CT 57;CCB2 204.1