Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝိညာဉ်ရေးနှင့် ဆိုင်သော အသက်တာကိ ပြန်၍ ရရှိလာဖို့လိုခြင်း။

    သခင်ခရစ်တော်၏ နောက်တော်သို့ လိုက်လော့။ ကိုယ်တော်သည် အရာခပ်သိမ်းတွင် ကျွန်ုပ်တို့၏ ပုံသက်သေ ဖြစ်တော်မူမည်ကို မမေ့ပါနှင့်ဟု ကျွန်ုပ်တို့၏ လူများအား ပြောဆိုရန် ကျွန်ုပ်သည် သွန်သင်ခြင်း ခံရ၏ ကိုယ်တော်၏ သြဝါဒတွင် မတွေ့ရသော ထိုအယူအဆများကို ကျွန်ုပ်တို့သည် ဘေးကင်းစွာ ပယ်ရှားထားနိုင်ကြသည်။ မိမိတို့၏ခြေသည် ထာဝရသမ္မာတရား၏ စင်မြင့်ပေါ်တွင် တည်ရှိစေရန် အသေအချာ သိရှိဘို့ ကျွန်ုပ်တို့၏ အမှုဆောင်များအား ကျွန်ုပ်က နှိုးဆော် တောင်းပန်ပါသည်။ သန့်ရှင်းသော ဝိညာတော်ဟု ခေါ်လျက် စိတ်၏ တိုက်သွန်းချက်ကို မည်ကဲ့သို့ သင်သည် လိုက်နာနေသည်ကို သတိပြုလော့။ အချို့သော သူတို့သည် သမ္မာတရား၌ စင်ကြယ်ခြင်းရှိလျက်၊ မေးမြန်းသော သူတို့အား မိမိတို့ အထဲ၌ ရှိသော မြော်လင့်ခြင်း၏ အကြောင်းရင်းကို ပြန်ဖြေစေရန် သူတို့ကို ကျွန်ုပ်က နှိုးဆော်ပါသည်။CCB2 348.1

    ဤ နောက်ဆုံး ခေတ်ကာလတွင် ရပ်တည်နေရန် လူတမျိုးကို ပြင်ဆင်ပေးခြင်း အလုပ်မှ ညီအစ်ကို မောင်နှမများတို့၏ စိတ်ကို လွဲသွားစေရန်၊ ရန်သူသည် ကြိုးစားကြံစည်နေ၏ သူ၏စဉ်းလဲသော ဆင်ခြေများမှာ အချိန်ကာလ၏ ဘေးရန်နှင့် တာဝန်များမှ လူတို့၏စိတ်ကို လွဲသွားစေရန် စီမံခြင်းဖြစ်သည်။ မိမိ၏ လူတို့အားပေးရန် သခင်ခရစ်တော်သည် ကောင်းကင်မှ ယောဟန်ထံသို့ ယူဆောင်လာသော အလင်းကို သူတို့သည် ဘာမျှ အဘိုးမတန်သကဲ့သို့ သဘောထားကြ၏။ ကျွန်ုပ်တို့ ရှေ့၌ ဖြစ်သော ရှုခင်းတို့သည် အထူး ဂရုစိုက်လောက်အောင် အရေးမကြီးကြဟု သူတို့က သွန်သင်ကြသည်။ ကောင်းကင်မှ အစပြုလာသော သမ္မာတရားကို သူတို့သည် အကျိုးဖြစ်ထွန်းအောင် မပြုလုပ်ကြ။ ၎င်းပြင် ဘုရားသခင်၏ လူများထံမှ သူတို့၏လွန်ခဲ့သော ဗဟုသုတတို့ကို ပယ်ရှားလျက် ၎င်းတို့ အစားမှားသော လောကဓါတ်ပညာများကို ပေးလေ၏CCB2 348.2

    “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းသို့ လိုက်ကြလော့။’’ ယေ၊ ၆: ၁၆။CCB2 349.1

    လွန်ခဲ့သော နှစ်များက ဖော်ပြခဲ့သော ဖြောင့်မှန်သောသက်သေခံချက်တို့ကိုပြန်၍ဘော်ပြရန် ထာဝရဘုရားက ခေါ်ဘိတ်တော်မူ၏ ဝိညာဉ်ရေးနှင့် ဆိုင်သော အသက်တာကို ပြန်၍ အသစ်ပြုပြင်ရန် ထာဝရဘုရားက ခေါ်ဖိတ်တော်မူ၏ မိမိ လူများ၏ ဝိညာဉ်ရေး အင်အားသည် ကြာမြင့်စွာ မလှုပ်ရှားဘဲ နေခဲ့ပြီ။ သို့ရာသွင် အထင်အားဖြင့် သေနေရာမှ ပြန်၍ ရှင်လာဖို့ သင့်ပြီ။CCB2 349.2

    ဆုတောင်းခြင်း၊ အပြစ်ကို ဝန်ချ တောင်းပန်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် မင်းကြီး၏ လမ်းမကြီးကို ရှင်းလင်းပေးရကြမည်။ ကျွန်ုပ်တို့သည် ဤ အမှုကို ပြုနေကြစဉ်၊ ဝိညာဉ်တော်၏ တန်ခိုးသည် ကျွန်ုပ်တို့ အပေါ်သို့ သက်ရောက်လာလိမ့်မည်။ ကျွန်ုပ်တို့သည် ပင်တေကုတ္တပွဲနေ့၏ အင်အားမျိုးကို အလိုရှိကြသည်။ သခင်ဘုရားသည် မိမိ၏ ဝိညာဉ်တော်ကို အလုံးစုံအောင် မြင်သော တန်ခိုးအဖြစ်နှင့် ချပေးတော်မူမည်ဟု ဂတိထားတော်မူခဲ့ပြီ ဖြစ်၍၊ ဤ တန်ခိုးသည် ရောက်လာလိမ့်မည်။CCB2 349.3

    ခဲယဉ်းသော ကာလသည် ကျွန်ုပ်တို့၏ မျက်မှောက်၌ ရောက်လာပြီ။ သမ္မာတရားကို သိကျွမ်းခြင်း ရှိသော လူတိုင်းသည် နိုးကြား၍ မိမိ ကိုယ်တိုင်၊ ကိုယ်ကာယ၊ စိတ်၊ ဝိညာဉ်မှ စသည်တို့ကို ဘုရားသခင်၏ ဆုံးမခြင်း လက်အောက်တွင် ထားရကြမည်။ ရန်သူသည် ကျွန်ုပ်တို့၏ နောက်က လိုက်လာနေ၏။ ကျွန်ုပ်တို့သည် ကောင်းစွာ နိုးကြား၍ ရန်သူကို ကာကွယ် စောင့်ကြည့်နေရကြမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်ရကြမည်၊ ကျွန်ုပ်တို့သည် ပရောဖက် ဟောသော စကားချက် သဘောအားဖြင့် ပေးသော ညွှန်ကြားချက်များကို လိုက်နာရကြမည်။ ဤ ခေတ်ကာလတွင် သမ္မာတရားကို ကျွန်ုပ်တို့သည် နှစ်သက်၍ လိုက်နာ စောင့်ရှောက်ရကြမည်။ ဤ အမှုသည် ကျွန်ုပ်တို့အား ကြီးစွာသော မှားယွင်းခြင်းကို လက်ခံခြင်းမှ ကယ်တင်လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၏ နှုတ်ကပတ်တော်အားဖြင့် မိန့် မြွက်တော်မူပြီ။ အသင်းတော်အား ပေးတော်မူသော သက်သေခံချက်များအားဖြင့် လည်းကောင်း၊ ကျွန်ုပ်တို့၏ ယခု တာဝန် နှင့် ယခု ကျွန်ုပ်၌ ရှိအပ်သော အခြေအနေတို့ကို ထင်ရှားစွာ ဖော်ပြဖို့ ကူညီသော စာအုပ်များအားဖြင့် လည်းကောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်မြွက်တော်မူပြီ။ တစ်နည်းပေါ်မှာ တစ်နည်း၊ ပညတ် တစ်ခု ပေါ်မှာ တစ်ခု၊ ပေးထားသော သတိပေး စကားများကို ဂရုစိုက်ရမည်၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဂရုမစိုက်ဘဲ နေကြလျှင်၊ ကျွန်ုပ်တို့သည် မည်ကဲ့သို့ အပြစ်လွတ်ရန် ချေပ ပြောဆိုနိုင်ကြလိမ့်မည်နည်း။CCB2 349.4

    ဘုရားသခင်အတွက် အမှုဆောင်ရွက်နေသော သူတို့အား မှန်ကန်သော အရာ အစား မူမမှန်သော အရာကို လက်မခံစေရန် ကျွန်ုပ်က တောင်းပန်ပါသည်။ ဘုရားသခင်၏ သန့်ရှင်းစေသော သမ္မာတရား နေရာတွင် လူ၏ ဆင်ခြေတုံတရားကို မထားပါနှင့်။ သခင်ခရစ်တော်သည် မိမိ လူတို့၏ စိတ်နှလုံးထဲတွင် ယုံကြည်ခြင်း နှင့် ချစ်ခြင်းမေတ္တာကို တည်ရှိလာစေရန် တိုက်တွန်း နှိုးဆော်ရန် စောင့်နေတော်မူ၏။ ထာဝရ သမ္မာတရား၏ စင်မြင့်ပေါ်တွင် မြဲမြံစွာ တည်နေသင့်သော သူတို့သည် မှားယွင်းသော အယူအဆများကို မျက်နှာသာ မပေးကြပါနှင့်။ ယုံမှားစရာ အကြောင်း မရှိသော ထောက်ခံချက်ပေါ်တွင် အမှီပြုသော အခြေခံ တရားများကို မြဲမြံစွာ ကိုင်ထားဖို့ ဘုရားသခင်က ကျွန်ုပ်တို့အား မှာထားတော်မူ၏။78T 296-298;CCB2 350.1