Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အလွန်အကျူး ပြုမူခြင်းသည် ကျန်းမာရေး ပြုပြင်မှုကို ထိခိုက်၏။

    အချို့သော ကျွန်ုပ်တို့၏ လူများသည် မသင့်တော်သော အစားအသောက်တို့ကို ဖြောင့်မှန်စွာ ရှောင်ကြဉ်ကြစဉ်အခါ၊ ကိုယ်ခန္ဓာ တည်တံ့ရေးအတွက် လိုအပ်သော ဓါတ်သဘာဝများကို မိမိတို့ ကိုယ်တိုင်အဖို့ ရရှိစေရန် ဂရုမစိုက်ဘဲ နေတတ်ကြသည်။ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုတွင် အလွန်အကျူး ထင်မြင်ချက်များ ရှိနေကြသော သူတို့သည် အရသာ မရှိသော အစားအသောက်တို့ကို ပြင်ဆင်ချက်ပြုတ်နေကြလိမ့်မည်ဟု စိုးရိမ်စရာ ရှိလျက်၊ ၎င်းတို့ကို အလွန် အရသာ ကင်းမဲ့စေသဖြင့် ၎င်းတို့ကို သုံးဆောင်ရသည်မှာ တင်းတိမ်ခြင်း စိတ်ကျေနပ်ခြင်း မရှိချေ။ အစားအသောက်များကို ခံတွင်းတွေ့စေရမည် အပြင် အာဟာရ ဖြစ်စေအောင် ပြင်ဆင် ချက်ပြုတ်ရမည်။ ကိုယ်ခန္ဓာ၏ အင်္ဂါစုများက လိုအပ်သော အရာများ ကင်းမဲ့နေစေအောင် မပြုလုပ်ရ။ ဆားသည် အသက်အန္တရာယ် ဖြစ်စေမည့်အစား သွေးအတွက် အကယ်ပင် လိုအပ်သော အရာ ဖြစ်သောကြောင့်၊ ကျွန်ုပ်သည် ဆား အနည်းငယ်ကို အမြဲသဖြင့် အသုံးပြု၏။ ဟင်းသီးဟင်းရွက်တို့ကို အရသာ ရှိလျက် ခံတွင်းတွေ့အောင် နို့ သို့မဟုတ် အလားတူ အရာဝတ္ထုကို သုံးရမည်။CCB2 268.1

    ထောပတ်အားဖြင့် ရောဂါဝေဒနာ ရရှိ၍ ကလေးများအတွက် ကြက်ဥကို လွန်မင်စွာ အသုံးပြုခြင်းသည် မသင့်တော်ကြောင်းကို သတိပေးထားသော်လည်း၊ ကောင်းစွာ ဂရုစိုက် ပြုစုလျက် သင့်တော်စွာ ကျွေးမွေးထားသော ကြက်မများမှ ရရှိသော ကြက်ဥတို့ကို သုံးဆောင်ခြင်းသည် ကျန်းမာခြင်း စည်းကမ်းကို လွန်ကျူးရာ ရောက်သည်ဟု သဘောမထားသင့်ပေ။ ကြက်ဥတို့တွင် အချို့သော အဆိပ်အတောက်များကို ဟန့်တား ဖျက်ဆီးရာတွင် ဆေးဝါး အစား အသုံးဝင်သော သတ္တိများ ပါရှိသည်။CCB2 268.2

    အချို့သော သူတို့သည် နွားနို့၊ ကြက်ဥ နှင့် ထောပတ်တို့ကို ရှောင်ခြင်းဖြင့်၊ သင့်တော်သော အာဟာရဓါတ်များကို မရရှိကြခြင်းကြောင့်၊ အားနည်းလျက် အလုပ်ကို မလုပ်ဆောင်နိုင်ကြ။ ထိုသို့အားဖြင့် ကျန်းမာရေး ပြုပြင်မှုသည် အကျိုး မခံစားရချေ။ ခိုင်မြဲစွာ ကျွန်ုပ်တို့ တည်ဆောက်ရန် ကြိုးစားနေသော အလုပ်သည် ဘုရားသခင် အလိုရှိတော်မမူသော အရာများအားဖြင့် ရောပြွမ်းရှုပ်ထွေးလာသဖြင့်၊ အသင်းတော်၏ ခွန်အားသည် ချို့တဲ့သွားလေ၏။ သို့ရာတွင် ဘုရားသခင်သည် ဤ ပြင်းထန်သော အယူဝါဒများ၏ အကျိုးအပြစ်ကို ဝင်ရောက် တားဆီးတော်မူလိမ့်မည်။ ဧဝံဂေလိတရားသည် အပြစ်ရှိသော လူမျိုးကို ညီညွတ်မျှတသွားစေလိမ့်မည်။ ၎င်းသည် သူဋ္ဌေး နှင့် သူဆင်းရဲတို့ကို အတူတကွ သခင်ယေရှု၏ ခြေတော်ရင်းသို့ စုရုံးလာစေရန် ဖြစ်သည်။CCB2 268.3

    နွားနို့၊ မလိုင် နှင့် ကြက်ဥမှ စသော ယခု ကျွန်ုပ်တို့ အသုံးပြုနေကြသော အစားအသောက်တို့ကို ပယ်ရှားရသော အချိန် ရောက်လာလိမ့်မည်။ သို့ရာတွင် အချိန် မရောက်သေး၍ အလွန်အကျူး ရှောင်ကြဉ်ခြင်း အမှုတို့အားဖြင့် ကျွန်ုပ်တို့၏ စိတ်ကို ရှုပ်ထွေးစေဖို့ မပြုသင့်ပေ။ အခြေအနေက စီမံပေးသည် အချိန်တိုင် စောင့်ဆိုင်းနေပါ၊ ၎င်းပြင် ထာဝရဘုရားသည် ၎င်းအတွက် လမ်းဖွင့်ပေးတော်မူမည်။CCB2 269.1

    ကျန်းမာရေး ပြုပြင်မှု၏ စည်းကမ်း ဥပဒေများကို ကြေငြာရာ၌ အောင်မြင်မည့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့၏ လမ်းညွှန် နှင့် အကြံဉာဏ်ပေးသော အရာ ဖြစ်စေရမည်။ ကျန်းမာရေး ပြုပြင်မှု စည်းကမ်းများကို သွန်သင်သူများ အဖြစ် ဤ အမှုကို ပြုလုပ်မှသာ သူတို့သည် အကျိုးခံစားရကြနိုင်သည်။ ကျွန်ုပ်တို့ ပယ်ရှားထားပြီး ဖြစ်သော ဘေး ဖြစ်စေတတ်သော အစားအစာတို့ နေရာ၌ ကျန်းမာစေ၍ အရသာ ရှိသော အစားအသောက်တို့ကို မသုံးဆောင်ဘဲ နေခြင်းအားဖြင့် ကျန်းမာရေး ပြုပြင်မှု တစ်ဖက်၌ ဘယ်အခါမျှ သက်သေမခံပါနှင့်။ လှုံ့ဆော်စေတတ်သော အရာတို့ကို မက်မောလာစေရန် မည်သည့် နည်းနှင့်မျှ အားမပေး မတိုက်တွန်းပါနှင့်။ ရိုးရိုး နှင့် ကျန်းမာစေသော အစားအသောက်တို့ကိုသာ သုံးဆောင်လျက် ကျန်းမာရေး ပြုပြင်မှု စည်းကမ်း ဥပဒေများအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို အမြဲ ချီးမွမ်းပါ။ အရာခပ်သိမ်းတို့သည် မှန်ကန် သစ္စာရှိပါစေ၊ သင်သည် အဖိုးတန်သော အောင်မြင်ခြင်းတို့ကို ရရှိလိမ့်မည်။CCB2 269.2