Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကောင်းကင်၏ ကာကွယ်ခြင်းမှ ထွက်ခွာသွားရန် စွန့်စားခြင်း၌ ဘေးဖြစ်ခြင်း။

    ဘုရားသခင်၏ လူများတို့သည် မိမိတို့ တာဝန်အတိုင်း လိုက်နာ ကျင့်ဆောင်ကြသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် သူတို့ကို စောင့်ရှောက် ထိန်းသိမ်းကြလိမ့်မည်။ သို့ရာတွင် စာတန်၏ နေရာသို့ သေချာစွာ စဉ်းစားပြီးမှ စွန့်စားသွားလိုသော သူတို့ကိုကား ထိုသို့ ကာကွယ် စောင့်ရှောက်ခြင်း ဂတိကို ပေးမထားချေ။ လှည့်ဖြားသော သူကြီး၏ ကိုယ်စားလှယ်သည် မိမိ၏ ရည်ရွယ်ချက်ကို ရရှိစေရန် တစ်စုံတစ်ခုကို ပြောဆို၊ ပြုလုပ်လိမ့်မည်။ မိမိ ကိုယ်ကို နတ်ဝိဇ္ဇာဆရာ၊ “လျှပ်စစ် ဆရာဝန်” သို့မဟုတ် “သံလိုက်ဓါတ်ဖြင့် ကုသသူ” ဟု ခေါ်သော်လည်း အနည်းငယ်မျှ ကိစ္စ မရှိပါ။ ဆီလျော်ဟန်ရှိသော အယောင်ဆောင်မှုများအားဖြင့် သတိမရှိသော သူတို့ကို ယုံကြည်စေရန် ပြုလုပ်၏။ သူသည် မိမိကို အားကိုးသော သူတို့၏ အသက်တာ ရာဇဝင်ကို ပြောပြနိုင်၍ သူတို့၏ အခက်အခဲ နှင့် စိတ်ဒုက္ခတို့ကို နားလည် ဟန်ဆောင်၏။ မိမိ၏ နှလုံးထဲ၌ မှောင်မိုက်တွင်း ရှိစဉ်၊ သူသည် မိမိ ကိုယ်ကို လင်းသော ကောင်းကင်တမန်ကဲ့သို့ အယောင်ဆောင်လျက် မိမိ၏ အကြံဉာဏ်ကို အလိုရှိသော မိန်းမများတွင် များစွာ စိတ်ပါဝင်စားကြောင်းကို ပြ၏။ သူတို့၏ ဒုက္ခဆင်းရဲခြင်းတို့သည် အဆင်မသင့်သော အိမ်ထောင်ပြုခြင်းကြောင့် ဖြစ်သည်ဟု သူက သူတို့အား ပြောပြ၏။ ဤ စကားသည် အလွန်ပင် မှန်လိမ့်မည်၊ သို့ရာတွင် ထိုသို့ အကြံပေးသော သူသည် သူတို့၏ အခြေအနေကို သာ၍ ကောင်းလာရန် ပြုလုပ်မပေးချေ။ သူတို့သည် ချစ်ခြင်းမေတ္တာ နှင့် ထောက်ထား စာနာခြင်း အမှုကို လိုကြသည်ဟု သူက သူတို့အား ပြောပြ၏။ သူတို့၏ ကောင်းကျိုးကို အလွန် စိတ်ဝင်စားဟန်ဖြင့်၊ မြွေသည် တုန်လှုပ်နေသော ငှက်ကို ညှို့သကဲ့သို့၊ မမျှော်လင့်သော သူတို့ပေါ်၌ မိမိ၏ ဂါထာမန္တာယားကို ရွတ်ဆိုလေ၏။ များမကြာမီ သူတို့သည် သူ၏ လက်သို့ ရောက်သွား၏။ အပြစ် ဒုစရိုက်၊ မျက်နှာပျက်ခြင်း နှင့် ပျက်စီးခြင်းတို့သည် ကြောက်မက်ဖွယ် ဖြစ်ပေါ်လာကြ၏။CCB2 334.2

    အပြစ်ဒုစရိုက်ကို ပြုလုပ်သော ဤသူတို့သည် မနည်းကြချေ။ သူတို့၏ လမ်းခရီးသည် ပျက်စီးသော အိမ်ထောင်များ၊ အသရေ ပျက်စီးခြင်းများနှင့် စိတ်ကြေကွဲခြင်း အမှုများဖြင့် ထင်ရှားလျက် ရှိ၏။ သို့ရာတွင် ဤ အကြောင်းအရာ အားလုံးကို လောကသည် အနည်းငယ်မျှသာ သိ၏။ သို့သော်လည်း၊ အသစ်သော လူများကို ဖမ်းမိနေသေး၍ စာတန်သည် မိမိ ပြုလုပ်ခဲ့သော ပျက်စီးခြင်း အမှု၌ အလွန်ပင် အားရဝမ်းမြောက်လျက် ရှိ၏။25T 198;CCB2 335.1

    “အာခဇိမင်းသည် ရှမာရိမြို့ အထက်ခန်း ပြတင်းပေါက်မှ ကျ၍ နာနေသောကြောင့်၊ ငါသည် ဤ အနာမှ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရားဗလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထ သွားလော့။ ဣသရေလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရား၊ ဗလဇေဗုပ်သို့ သွား၍ မေးမြန်းရသလော။ ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယခု တက်သော သာလွန်ပေါ်က နောက်တစ်ဖန် မဆင်းရ။ စင်စစ် သေရမည်ဟု သူတို့အား ဆင့်ဆိုရမည် အကြောင်း မိန့်တော်မူသည် အတိုင်း၊ ဧလိယသွားလေ၏။ ၄ ရာ၊ ၁: ၂-၄။CCB2 335.2

    အာခဇိမင်း၏ အပြစ်ဒုစရိုက်အကြောင်း နှင့် သူ့အား အပြစ်ဒဏ်ပေးခြင်း အကြောင်း၌ မည်သူမျှ ပြစ်ဒဏ်မကင်းဘဲ မရှောင်လွှဲနိုင်သော သတိပေး စကားနှင့် ဆိုင်သော သင်ရန် စာကို ရရှိ၏။ ကျွန်ုပ်တို့သည် တစ်ပါးအမျိုးသားတို့၏ ဘုရားများကို မကိုးကွယ်ကြသော်လည်း၊ ထောင်ပေါင်းများစွာသော သူတို့သည် အာခဇိမင်း ပြုသကဲ့သို့ပင် စာတန်၏ ကျောင်းဆောင်တွင် ဝတ်ပြုကိုးကွယ်နေကြသည်။ တစ်ပါးအမျိုးသားတို့၏ ရုပ်ဆင်းတုကို ကိုးကွယ်သော သဘောသည် ယခုခေတ်၌ အလွန် များပြားလျက် ရှိ၏။ အကြောင်းကား လောကဓါတ်ပညာ နှင့် ပညာသင်ကြားရေး သြဇာအားဖြင့် ၎င်းသည် သာ၍ သိမ်မွေ့ ယဉ်ကျေးလျက် နှစ်သက်ဖွယ် သဘောမျိုးကို ဆောင်လျက် ရှိ၏။ မြဲမြံသော အနာဂတ္တိစကား၌ ယုံကြည်ခြင်း အမှုသည် မြန်စွာ ဆုတ်လျော့လာလျက် ၎င်း၏ နေရာ၌ အယူသီးမှု နှင့် စာတန်၏ ပြုစားခြင်း အမှုတို့သည် လူတို့၏ စိတ်ကို ဆွဲဆောင် ဖမ်းယူနေသည်ကို နေ့စဉ် ဝမ်းနည်းဖွယ် သက်သေများဖြင့် ထပ်ခါထပ်ခါ တွေ့ရပြီ။ ကျမ်းစာကို စေ့စေ့ စိတ်အားထက်သန်စွာ မရှာ၊ မိမိတို့ အသက်တာ၏ အလိုဆန္ဒ နှင့် ရည်ရွယ်ချက် ရှိသမျှတို့ကို မမှားနိုင်သော ထို စုံစမ်းခြင်းထဲသို့ မအပ်နှံသော သူ၊ ဘုရားသခင်၏ အလိုတော်ကို သိနားလည်ဖို့ ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် မရှာသော သူအပေါင်းတို့သည် မှန်သော လမ်းမှ ဧကန်အမှန် လွဲသွား၍ စာတန်၏ လှည့်ဖြားခြင်း နောက်သို့ ပါသွားကြလိမ့်မည်။CCB2 336.1

    ဟေဗြဲလူမျိုးတို့သာ မှန်သော ဘုရားသခင်ကို သိကျွမ်းခြင်း အခွင့်ထူးကို ရရှိကြသော လူမျိုး ဖြစ်၏။ ဣသရေလရှင်ဘုရင်သည် ရုပ်ဆင်းတု ဘုရား၏ ဗျာဒိတ်ကို မေးမြန်းရန် စေလွှတ်သောအခါ၊ သူသည် မိမိ လူမျိုးတို့၏ ဘုရား၊ ကောင်းကင် နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားထက် သူတို့၏ ရုပ်ဆင်းတုများ၌ သာ၍ ယုံကြည်အားထားကြောင်း တစ်ပါးအမျိုးသားတို့အား ဖော်ပြလေ၏။ ထိုနည်းတူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းခြင်း ပညာကို ရရှိထားသည်ဟု ဆိုသော သူတို့သည် ခွန်အား နှင့် ပညာ၏ မူလ အရှင်ထံမှ လွဲသွား၍ မှောင်မိုက်ကို အစိုးရသော အာဏာရှင်များထံမှ အကူအညီ၊ အကြံဉာဏ်တောင်းဆိုကြသောအခါ၊ ဘုရားသခင်ကို ရှုတ်ချကြ၏။ ဆိုးညစ်၍ ရုပ်ဆင်းတု ကိုးကွယ်သော ရှင်ဘုရင်၏ အပြုအမူသည် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်လျှင်၊ ဘုရားသခင်၏ ကျွန်များဟု ဝန်ခံ ပြောဆိုနေသော သူတို့သည် ထို လမ်းမျိုးကို လိုက်လျှောက်ကြလျှင် ဘုရားသခင်သည် ဤကဲ့သို့သော အပြုအမူကို မည်ကဲ့သို့ နှစ်သက်နိုင်တော်မူမည်နည်း။ 35T 191, 192, 196;CCB2 336.2