Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှားသည် အလင်းကဲ့သို့ ထင်လာသောအခါ။

    ကျွန်ုပ်တို့သည် ကြီးကျယ်သော အလင်း၏ ခေတ်တွင် နေထိုင်လျက် ရှိကြသည်။ သို့ရာတွင် အလင်းဟု ခေါ်ဆိုသော အရာ များစွာတို့သည် စာတန်၏ အတတ်ပညာ နည်းပရိယာယ်တို့အတွက် လမ်းဖွင့်ပေးနေ၏၊ မှန်သော အရာဟု ထင်ရသော အရာ များစွာတို့ကို ဖော်ပြထားလိမ့်မည်။ သို့ရာတွင် ၎င်းတို့ကို များစွာ ဆုတောင်းခြင်းနှင့် ဆင်ခြင် စဉ်းစားကြည့်ဖို့ လိုပေသည်။ အကြောင်းမူကား ၎င်းတို့သည် ရန်သူ၏ မှန်သည်ဟု ထင်ရသော နည်းပရိယာယ်များ ဖြစ်သည်။ မှားသော လမ်းသည် မကြာမကြာ မှန်သော လမ်းနှင့် အလွန် နီးကပ်နေတတ်သည်။ ၎င်းကို သန့်ရှင်းခြင်း နှင့် ကောင်းကင်သို့ ပို့ဆောင်သော လမ်းနှင့် ခွဲခြားဖို့ရန် ခဲယဉ်းနေ၏။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အလင်းကို ရရှိသော စိတ်သဘောသည် မှန်သော လမ်းမှ ခွဲသွားသော လမ်းကို ပိုင်းခြား သိနိုင်လိမ့်မည်။ များမကြာမီ လမ်း နှစ်ခုသည် အလွန် ကျယ်စွာ ခွဲသွားကြသည်ကို တွေ့မြင်ရ၏။CCB2 340.1

    ဘုရားသည် သဘာဝ ပစ္စည်း အပေါင်းတွင် ပါဝင်သော အနှစ်သာရ ဖြစ်သည်ဟူသော အကြောင်းအရာသည် စာတန်၏ အလွန် လျှို့ဝှက်သော ပရိယာယ် တစ်ခု ဖြစ်သည်။ ၎င်းသည် ဘုရားသခင် အကြောင်း အလွဲ ဖော်ပြ၍ ဘုရားသခင်၏ မြင့်မြတ်ခြင်း၊ ကြီးကျယ်ခြင်း အဖြစ်ကို ရှုတ်ချခြင်း ဖြစ်သည်။CCB2 340.2

    ဘုရား အများ ရှိသည် ဟူသော အယူကို ဘုရားသခင်၏ နှုတ်ကပတ်တော်က ထောက်ခံခြင်း မပြုပါ။ ဤ အယူတို့သည် ဝိညာဉ်ကို ဖျက်ဆီးသော အရာများ ဖြစ်သည်ဟု ဘုရားသခင်၏ သမ္မာတရား အလင်းက ဖော်ပြထား၏။ မှောင်မိုက်သည် ၎င်းတို့၏ မူရင်း သဘော ဖြစ်၏။ အာရုံခံစားမှုသည် ၎င်းတို့၏ အလုပ် ဖြစ်သည်။ ၎င်းတို့သည် ဇာတိစိတ်နှလုံး၏ အလိုကို ပြည့်စေလျက် စိတ်ညွှတ်ပြောင်းခြင်းကို အခွင့်ပေး၏။ ဘုရားသခင်မှ ခွဲခွာသွားရခြင်းသည် ၎င်းတို့ကို လက်ခံခြင်း၏ အကျိုးအပြစ် ဖြစ်သည်။CCB2 340.3

    အပြစ်ကြောင့် ဖြစ်သော ကျွန်ုပ်တို့၏ အခြေအနေသည် ဓမ္မတာကို ဆန့်ကျင်သော အခြေအနေ ဖြစ်၍ ကျွန်ုပ်တို့အား ပြန်၍ ပြုပြင်ပေးသော တန်ခိုးသည် ဓမ္မတာထက် ထူးကဲသော အရာ ဖြစ်ရမည်။ သို့မဟုတ်လျှင် ၎င်း၌ အကျိုး မရှိ ချေ။ လူတို့၏ စိတ်နှလုံးထဲမှ ဆိုးသော အမှုကို ပယ်ရှားနိုင်သော တန်ခိုး တစ်ခုမှာ သခင်ယေရှု၌ ရှိသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။ လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း ခံရသော အရှင်၏ အသွေးအားဖြင့်သာ အပြစ်မှ ဆေးကြောခြင်း အခွင့်ကို ရရှိနိုင်၏။ ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့်သာလျှင်၊ ကျွန်ုပ်တို့သည် ကျဆုံးနေသော အခြေအနေ၏ အလိုသို့ လိုက်ပါနေခြင်းကို တားဆီး နှိပ်ကွပ်နိုင်ကြလိမ့်မည်။ ဘုရားသခင် အကြောင်း ရုပ်နာမ်ကို ခွဲခြားထားသော အတတ်၏ ယူဆချက်တို့က ဤ တန်ခိုးကို အကျိုး မဖြစ်စေအောင် ပြုလုပ်၏။ ဘုရားသခင်သည် သဘာဝပစ္စည်းအပေါင်းတွင် တည်ရှိနေတော်မူလျှင်၊ ဘုရားသခင်သည် လူအပေါင်းတို့တွင် ကိန်းအောင်းနေတော်မူမည်။ ၎င်းပြင် သန့်ရှင်းခြင်း အဖြစ်ကို ရရှိရန် လူသည် မိမိ အထဲ၌ ရှိသော တန်ခိုးကို တိုးပွားလာအောင်သာ ပြုရလိမ့်မည်။CCB2 340.4

    မှတ်ချက် ။ ။ ဘုရားသည် နေရာတိုင်းနှင့် အရာခပ်သိမ်းရှိ ကောင်းမြတ်သော အရာ ဖြစ်သည်ဟူသော အခြေခံ တရားကို အမှီပြုသော သွန်သင်ချက် ဖြစ်သည်။CCB2 341.1

    ဆင်ခြေတုံတရား၏ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့လျှင်၊ ဤ အယူအဆများသည် ခရစ်ယာန် ဘာသာတရား တစ်ခုလုံးကို ပယ်ရှားလေပြီ။ ၎င်းတို့က အပြစ်ဖြေဖို့ လိုသော အမှုကို ပယ်ဖျက်သဖြင့်၊ လူအား မိမိ ကိုယ်တိုင်ကို ကယ်တင်သူ ဖြစ်စေ၏။ ဘုရားသခင် အကြောင်း ဤ အယူအဆများက ဖော်ပြချက်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကျိုး မရှိ ဖြစ်စေ၏။ ၎င်းပြင် ၎င်းအယူအဆတို့ကို လက်ခံသော သူတို့သည် အဆုံး၌ ကျမ်းစာကို ဒဏ္ဍာရီ ပုံပြင် တစ်ခုကဲ့သို့ သဘောထားလာလောက်အောင် ဘေးဒုက္ခကြီးနှင့် တွေ့ဆုံနေရကြ၏။ သူတို့သည် သီလကို ဆိုးသွမ်းသော အမှုထက် သာ၍ ကောင်းသော အရာဟု သဘောထားတတ်ကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို အုပ်စိုးတော်မူသော အရှင် နေရာမှ ပယ်ထားကြသဖြင့်၊ သူတို့သည် လူ၏ တန်ခိုးကို အားကိုးနေကြ၏။ ၎င်းတန်ခိုးသည် ဘုရားသခင် မပါလျှင် အကျိုးမရှိချေ။ အကူအညီ မရရှိသော လူ၏ အလိုဆန္ဒသည် ဆိုးသော အမှုကို တားဆီး၊ အောင်မြင်နိုင်ဖို့ အကယ်ပင် တန်ခိုး မရှိချေ။ ဝိညာဉ်၏ အကာအကွယ် များသည် ပျက်စီးသွားကြ၏။ လူ၌ အပြစ်ကို တားဆီးပေးသော အရာများ မရှိ။ ဘုရား သခင်၏ နှုတ်ကပတ်တော် နှင့် ဘုရားသခင်၏ ဝိညာဉ်တော်က တားမြစ်သော အမှုကို တစ်ကြိမ် ငြင်းပယ်ခဲ့လျှင်၊ တစ်စုံတစ်ယောက်သည် မည်ကဲ့သို့သော အခြေအနေတိုင်အောင် နစ်မြှပ် ဆုံးပါးသွားမည်ကို ကျွန်ုပ်တို့ မသိကြချေ။CCB2 341.2

    ရုပ်နာမ်နှင့် ဆိုင်သော ဤ အယူအဆတို့ကို ဆက်လက် စွဲကိုင်နေသော သူတို့သည် မိမိတို့၏ ခရစ်ယာန် ဗဟုသုတကို ပျက်စီးစေလျက် ဘုရားသခင်နှင့် အဆက်ပြတ်စေပြီးလျှင်၊ ထာဝရ အသက်ကို ဆုံးရှုံးလိမ့်မည်။28T 290-292;CCB2 342.1