Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၉။—ကျွန်ုပ်တို့ သုံးဆောင်သော အစာ။

    ကျွန်ုပ်တို့ သုံးဆောင်သော အစားအသောက်တို့မှ မိမိတို့၏ ကိုယ်ခန္ဓာကို တည်ဆောက် ဖြစ်ပေါ်လာစေကြသည်။ ကိုယ်ခန္ဓာ၏ အသားမျှင်များသည် အစဉ်သဖြင့် ပျက်စီး ယိုယွင်းနေတတ်ကြသည်။ အင်္ဂါ အစိတ်အပိုင်း အသီးအသီးတို့၏ လှုပ်ရှားမှုအားဖြင့် အသုံးမရသော အညစ်အကြေးတို့ကို ထွက်စေသဖြင့်၊ ဤကဲ့သို့ ကုန်ခန်းသွားသော အညစ်အကြေးတို့ကို ကျွန်ုပ်တို့၏ အစာ အာဟာရဖြင့် ပြုပြင် ထပ်ဖြည့်ရသည်။ ကိုယ်ခန္ဓာ၏ အင်္ဂါ အသီးအသီးတို့သည် မိမိတို့နှင့် သက်ဆိုင်ရာ အာဟာရ အင်အားကို အလိုရှိကြသည်၊ ဦးနှောက်အား မိမိ ရထိုက်သော အဖို့ကို ပေးရမည်။ အရိုး၊ ကြွက်သား နှင့် အကြောများက မိမိတို့နှင့် သက်ဆိုင်ရာကို တောင်းကြ၏။ အစားအစာကို အသွေး အဖြစ်သို့ ပြောင်းလဲသွားစေပြီးလျှင်၊ ဤ အသွေးကို ကိုယ် ခန္ဓာ၏ အမျိုးမျိုးသော အင်္ဂါ အစိတ်အပိုင်းတို့တွင် ပြုပြင် တည်ဆောက်ပေးခြင်း အမှုသည် အံ့သြဖွယ် ဖြစ်၏။ သို့ရာတွင် ဤသို့ ပြောင်းလဲခြင်း အမှုသည် ဆက်လက် ဖြစ်ပွားနေလျက် အကြော၊ ကြွက်သား နှင့် အမျှင် အသီးအသီးတို့အား အသက်၊ ခွန်အားတို့နှင့် ဖြည့်စွက်ပေးနေ၏။CCB2 235.1

    ကိုယ်ခန္ဓာ တည်ဆောက် ပြုပြင်ရေးအတွက် လိုအပ်သော အကောင်းဆုံး ဓါတ်သဘောဝများကို ချပေးသော အစာများကို ရွေးချယ်ရမည်။ ဤကဲ့သို့ ရွေးချယ်ရာတွင် ခံတွင်းတွေ့၍ အရသာ ရှိသော အစာကို ရွေးခြင်းသည် စိတ်မချရပေ။ အစားအသောက်တွင် မှားသော အကျင့်အလေ့တို့ကြောင့်၊ အာဟာရကို တပ်မက်ခြင်း စိတ်သည် ပြောင်းလဲနေ၏။ အလွဲ ခံတွင်းကောင်းနေ၏။ မကြာခဏ ခံတွင်းက ကျန်းမာခြင်းကို ပျက်စီးစေလျက်၊ ခွန်အား ရှိစေမည့် အစား ခွန်အားနည်းစေသော အစားအသောက်တို့ကို တောင့်တတတ်၏။ ကျွန်ုပ်တို့သည် အဖွဲ့အစည်း၏ ထုံးစံဓလေ့ကို လိုက်ခြင်းအားဖြင့် ဘေးမကင်း စိတ်မချရချေ။ အရပ်ရပ်တိုင်းတွင် ဖြစ်ပေါ်နေသော ရောဂါဝေဒနာများ နှင့် ဒုက္ခဆင်းရဲခြင်းတို့မှာ၊ အစားအသောက်နှင့် စပ်ဆိုင်၍ အများ ပြုကျင့်နေကြသော အမှားများကြောင့် အများအားဖြင့် ဖြစ်ကြ၏။CCB2 235.2

    သို့ရာတွင် အားလုံးသော အစားအသောက်တို့သည် သင့်မြတ် ကောင်းမွန်သော်လည်း၊ အခြေအနေ အားလုံးတွင် ကျွန်ုပ်တို့အတွက် လိုအပ်သော အရာများ မဟုတ်ကြ၊ အစားအသောက်ကို ရွေးချယ်ရာ၌ သတိထားရကြမည်။ ကျွန်ုပ်တို့၏ အစားအသောက်များသည် အချိန်အခါ၊ မိမိတို့ နေရပ်၏ ရာသီဥတု၊ မိမိတို့ လုပ်ကိုင်သော အလုပ်အကိုင်နှင့် ကိုက်ညီ သင့်တော်နေရမည်။ အချိန်အခါ တစ်ခု သို့မဟုတ် နေရပ်၏ ရာသီဥတု တစ်ခုနှင့် သင့်တော်သော အစားအသောက် အချို့သည် အခြားသော အချိန်၊ အခြား ရာသီဥတုနှင့် မသင့်တော်ချေ။ ထိုအတူ ခြားနားသော အလုပ်အကိုင်တို့ကို လုပ်ကိုင်ကြသော သူတို့အဖို့ ခြားနားသော အစားအသောက်များ ရှိရပေသည်။ ပင်ပန်းစွာ ကိုယ်လက် လှုပ်ရှား၍ လုပ်ကိုင်ရသော သူအတွက် အကျိုး ဖြစ်ထွန်းစေနိုင်သော အစာသည် ထိုင်၍ လုပ်ရသော သူ၊ ဦးနှောက်ကို များစွာ သုံးရသော သူအတွက် မသင့်တော်ချေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကျန်းမာစေသော အစားအသောက် အမျိုးမျိုးအစားစားကို မြောက်များစွာ ပေးထားတော်မူသဖြင့်၊ လူအသီးအသီးသည် မိမိ၏ ကိုယ်တွေ့အလျောက်၊ မိမိ၏ ဆင်ခြင် ဝေဖန်နိုင်သော ဉာဏ်အလျောက်၊ မိမိ၌ လိုသော အရာတို့ကို အသင့်တော်ဆုံး ရွေးချယ် သုံးဆောင်ရမည်။1MH 295-297;CCB2 236.1