Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မွေးနေ့၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရာနေ့။

    ငွေနှင့် ဆိုင်သော ယုဒလူတို့၏ တရားဥပဒေအတိုင်း သားသမီးများ မွေးဖွားသောအခါ၊ ဘုရားသခင် စီမံထားသော နေ့တွင် ဘုရားသခင်အား ပူဇော်သက္ကာကို ဆက်ကပ်ရကြ၏။ ယခုမူကား မိဘတို့သည် မိမိတို့၏ သားသမီးများအား သူတို့၏ မွေးနေ့တွင် လက်ဆောင်ကို ကြိုးစား၍ ပေးတတ်ကြသည်။ လူကိုသာ ဂုဏ်ပြုသင့် သကဲ့သို့ သူတို့သည် ဤ နေ့ကို မိမိတို့၏ သားသမီးအား ဂုဏ်ပြုသော နေ့ ဖြစ်စေကြပြီ။ ဤ အရာများကို စာတန်သည် မိမိ သဘောအတိုင်း စီမံလေပြီ။ သူသည် လူ၏ စိတ် နှင့် လက်ဆောင်ကို လူများထံသို့ ပြောင်းလဲပေး၏။ ထိုသို့အားဖြင့် မိမိတို့သည် အခွင့်ထူးကို ရအပ်သော သူများ ဖြစ်ကြသကဲ့သို့ သားသမီးတို့သည် မိမိတို့အတွက်ကိုသာ စဉ်းစားဆင်ခြင်နေကြလိမ့်မည်။CCB2 99.3

    မွေးနေ့အခါတွင် အခြားသော တစ်နှစ်အတွက် မိမိတို့၏ အသက်ကို စောင့်ရှောက်တော်မူသော ကျေးဇူးတော်အတွက် ဘုရားသခင်အား ကျေးဇူးတင်ဖို့ အကြောင်း ရှိသည်ကို သားသမီးများအား သွန်သင်ပေးရကြမည်။ အဖိုးတန်သော သင်ခန်းစာများကို ထိုသို့အားဖြင့် သင်ကြားပေးရမည်။ အသက်၊ ကျန်းမာခြင်း၊ အစားအသောက် နှင့် အဝတ်၊ ထာဝရအသက်ကို မျှော်လင့်ခွင့် ရရှိခြင်းအတွက် ကျွန်ုပ်တို့သည် ဂရုဏာ အပေါင်းကို ပေးတော်မူသော အရှင်အား ကျေးဇူးတင်ရကြမည်။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးများအတွက် ဘုရားသခင်ကိုသာ ဂုဏ်ပြု၍ ကျွန်ုပ်တို့အား အကျိုးကို အများဆုံး ချပေးတော်မူသော အရှင်အား ကျေးဇူးတော် ချီးမွမ်းခြင်း ယဇ်ကို ပေးလှူရကြမည်။ ဤကဲ့သို့သော မွေးနေ့အလှူများကို ကောင်းကင်က အသိအမှတ် ပြုတော်မူ၏။CCB2 100.1

    ကောင်းကင်၏ အသက်စာစောင်တွင် ရေးမှတ်ထားသည့် အတိုင်း ဝမ်းမြောက်ဖွယ် မှတ်တမ်းကို တွေ့မည် မတွေ့မည်ကို ဆင်ခြင်နိုင်ရန် လွန်ခဲ့သော နှစ်က မိမိ၏ အသက်တာ အကြောင်းကို ပြန်၍ ကြည့်ရှု စစ်ဆေးရန် သူတို့အား သွန်သင်ပေးပါ။ သူတို့၏ နေထိုင်ပုံ၊ သူတို့၏ စကားများ နှင့် သူတို့၏ အလုပ်များသည် ဘုရားသခင် နှစ်သက်ဖွယ်သော အရာများ ဖြစ်သည် မဖြစ်သည်ကို ကောင်းစွာ ဆင်ခြင်နိုင်ရန် သူတို့အား တိုက်တွန်းပါ။ သူတို့၏ အသက်တာသည် သခင်ယေရှု၏ အသက်တာနှင့် သာ၍ တူအောင် ပြုပြင်ကြလျက် ဘုရားသခင် ရှေ့တော်၌ တင့်တယ်နှစ်သက်ဖွယ် ဖြစ်စေခဲ့ကြပြီလော။ သူတို့အား ဘုရားသခင်ကို သိကျွမ်းရန်၊ ဘုရားသခင်၏ အလိုတော် နှင့် ပညတ်များကို သိရှိရန် သွန်သင်ပေးပါ။CCB2 100.2

    အသင်းတော်များကို တည်ထောင်ရာ၌ အသုံးပြုဖို့ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ ထည့်ရန် အခွင့်မပြုလျှင်၊ ကျွန်ုပ်အား မွေးနေ့ သို့မဟုတ် ခရစ္စမတ် လက်ဆောင်များကို မည်သူကမျှ ပေးစေဖို့ အလိုမရှိကြောင်း၊ ကျွန်ုပ်၏ အိမ်ထောင် နှင့် မိတ်ဆွေများအား ပြောထားပြီ။CCB2 100.3