Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ရဲရင့်၍ ယုံကြည် အားထားရန နောက်ဆုံး စကား။

    ကျွန်ုပ်သည် ကြာရှည်နေရလိမ့်မည်ဟု မမျှော်လင့်ပါ။ ကျွန်ုပ်၏ အလုပ်သည် ပြီးလုနီးပြီ။ ကျွန်ုပ်တို့၏ လူများအတွက် သက်သေခံချက်များသည် ကျွန်ုပ်၌ မရှိတော့ဟု ထင်ပါသည်။ အလုပ်ကို ချီးမြှင့်ခြင်း တည်ဆောက်ခြင်းအတွက် မည်ကဲ့သို့ အကျိုးရှိသည်ကို ကျွန်ုပ်တို့၏ စိတ်ခိုင်ခံ့သော လူများတို့သည် သိရှိကြသည်။ သို့ရာတွင် မိမိ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ချစ်ခြင်း နှင့်၊ ဘုရားသခင်နှင့် ဆိုင်သော အရာတို့ကို သာ၍၊ သာ၍ လေးနက်စွာ သူတို့သည် လေ့လာ ဆည်းပူးဖို့ လိုပေသည်။ 73TT 443;CCB2 414.2

    ကျွန်ုပ်တို့၏ လွန်ခဲ့သော ရာဇဝင်ကို ပြန်ကြည့်ရာ၌၊ ကျွန်ုပ်တို့၏ ယခု လက်ရှိ အချေအနေတိုင်အောင် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာသည်ကို တွေ့မြင်ခဲ့ရပြီ ဖြစ်သောကြောင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြပါဟု ကျွန်ုပ် ပြောဆိုနိုင်ပါသည်။ ထာဝရဘုရားသည် မည်ကဲ့သို့ ပြုတော်မူခဲ့သည်ကို ကျွန်ုပ်သည် မြင်ရသောအခါ၊ ကျွန်ုပ်သည် အံ့သြခြင်းနှင့် ပြည့်ဝလာလျက် သခင်ခရစ်တော်ကို ရှေ့ဆောင်အဖြစ် ယုံကြည် အားထားခြင်း ရှိလာပါသည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့အား ပို့ဆော်တော်မူခဲ့သော လမ်းခရီကို လည်းကောင်း၊ လွန်ခဲ့သော ကျွန်ုပ်တို့၏ ရာဇဝင်တွင် ကိုယ်တော် သွန်သင်တော်မူခဲ့သော အရာတို့ကို လည်းကောင်း ကျွန်ုပ်တို့သည် မေ့လျော့ကြမည်ကို စိုးရိမ်ရခြင်းမှ လွဲ၍ ကျွန်ုပ်တို့၌ နောင်ကာလအဖို့ ဘာကိုမျှ ပူပင် ကြောက်လန့်စရာ မရှိပါ။8LS 196.CCB2 414.3

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents