Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၈။—မယုံကြည်သော သူကို လက်မထပ်နှင့်။

    ခရစ်ယာန် နှင့် မယုံကြည်သော သူကို လက်ထပ်ခြင်း အကြောင်းနှင့် စပ်ဆိုင်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်က သွန်သင်ထားသော အချက်ကို ခရစ်ယာန် လောကတွင် အံ့သြ၊ ကြောက်မက်ဖွယ် အမှုမထား ဂရုမစိုက်ဘဲ နေသည်ကို တွေ့ရသည်။ ဘုရားသခင်ကို ချစ်၍ ကြောက်ရွံ့သည်ဟု ဆိုကြသော သူအများတို့သည် အနန္တဉာဏ်တော်ရှင်၏ အကြံပေးချက်ထက် မိမိတို့၏ သဘောကို လိုက်နာလိုကြသည်။ ဤလောက နှင့် လာလတ္တံ့သော လောကတွင် နှစ်ဦး နှစ်ဖက်၏ ပျော်ရွှင် ကောင်းစားရေးနှင့် ဆိုင်သော ကိစ္စတွင် ဆင်ခြင် စဉ်းစားခြင်း၊ ဝေဖန်ပိုင်ခြားခြင်း နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အမှုများကို ပယ်ရှားထားကြလျက်၊ ကန်းသော စိတ် တိုက်တွန်းချက်နှင့် ခေါင်းမာသော ဆုံးဖြတ်ချက်များကို ဖြစ်ပေါ်လာစေရန် ခေါင်းမာသော ဆုံးဖြတ်ချက်များကို ဖြစ်ပေါ်လာစေရန် အခွင့်ပေးကြလေပြီ။CCB2 26.1

    တစ်နည်းအားဖြင့် သိနားလည်တတ်၍ ဖြောင့်မှန်သော ယောက်ျား၊ မိန်းမတို့သည် အကြံပေးချက်ကို နားမထောင်ဘဲ နေကြ၏။ သူတို့သည် မိတ်ဆွေများ၊ ဆွေမျိုးများ နှင့် ဘုရားသခင်၏ ကျွန်များက တောင်းပန် နှိုးဆော်ချက်တို့ကို ဂရုမစိုက်ဘဲ နေကြ၏။ သတိပေး စကားများကို စော်ကား နှောင့်ယှက်သော အရာများကဲ့သို့ သဘောထားကြ၍ သစ္စာနှင့် တားမြစ်သော စကားကို ပြောဆိုသော မိတ်ဆွေကို ရန်သူကဲ့သို့ ပြုမူ၏။ ဤ အရာ အားလုံးသည် စာတန် အလိုရှိသကဲ့သို့ ဖြစ်ကြလေပြီ။ စာတန်သည် ဝိညာဉ်၏ ပတ်လည်၌ ဂါထာမန္တယား ကြိုးများကို ယက်လုပ်ထား၍ ၎င်းသည် ဖမ်းမိ ဆွဲဆောင်ထားခြင်း ခံနေရ၏။ ကိလေသာ တပ်မက်ခြင်း စိတ်ကို ချုပ်တည်းခြင်း ဟူသော ဇက်ကြိုးကို ဆင်ခြင်တုံ တရားက လွတ်ကျစေလေပြီ။ ဖမ်းမိခြင်း ခံရသော သူသည် ဒုက္ခဆင်းရဲ နှင့် ချည်နှောင်ခြင်း ခံနေရသော အသက်တာ၌ ကျင်လည်နေရကြောင်း သိရှိလာ၍ အလွန် နောက်ကျနေသည် တိုင်အောင် မသန့်ရှင်းသော တပ်မက်ခြင်း စိတ်သည် စိုးမိုးလျက် ရှိ၏။ ဤ အရာသည် စိတ်အထင်အားဖြင့် ဖော်ပြချက် မဟုတ်။ အကယ်ဖြစ်သော အကြောင်းအရာကို ပြန်၍ ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင်သည် ထင်ရှားစွာ တားမြစ်ထားသော ဆက်ဆံ တွဲဖက်ခြင်း အမှုကို အခွင့်ပြုတော်မမူ။CCB2 26.2

    ထာဝရဘုရားက ရှေးဣသရေလ လူတို့အား မိမိတို့ ပတ်လည်၍ ရုပ်ဆင်းတု ကိုးကွယ်သော လူမျိုးတို့နှင့် အိမ်ထောင်ဖက် မပြုရန် အမိန့်ပေးထားတော်မူ၏။ “သူတို့နှင့် စုံဖက်ခြင်း မပြုရ။ သင်၏ သမီးကို သူ၏ သား နှင့် လည်းကောင်း၊ သင်၏ သားကို သူ၏ သမီးနှင့် လည်းကောင်း ထိမ်မြားပေးစားခြင်းကို မပြုရ။” အကြောင်းရင်းကို ဖော်ပြထား၏။ အနန္တဉာဏ်တော်ရှင်သည် ထိုသို့ စုံဖက်ခြင်း၏ အကျိုးအပြစ်ကို သိမြင်တော်မူသဖြင့်၊ “အကြောင်းမူကား၊ သူတို့သည် သင်၏ သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြား တစ်ပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှါ သွေးဆောင်ကြလိမ့်မည်၊ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်း ဖျက်ဆီးတော်မူလိမ့်မည်ဟု မိန့်တော်မူ၏။” “အကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား အဖို့ သန့်ရှင်းသော အမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သော အမျိုး ဖြစ်စေခြင်းငှါ သင့်ကို ရွေးချယ်တော်မူပြီ။”CCB2 27.1

    ခရစ်ယာန်တို့သည် ဘုရားတရား မရှိသော သူတို့နှင့် ထိမ်းမြား စုံဖက်ခြင်း အကြောင်း အလားတူ တားမြစ်ထားချက် ဓမ္မသစ်ကျမ်းတွင် တွေ့ရှိရသည်။ တမန်တော် ပေါလုသည်ကောရိန္သု အသင်းသားတို့အား ပထမရေးလိုက်သော စာတွင်၊ “မိန်းမသည် မိမိ ခင်ပွန်း မသေမီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက် ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိ အလိုအတိုင်း သခင်ဘုရား၌သာ အခြားသော သူ၏ မယား ဖြစ်ခြင်းငှါ အခွင့် ရှိ၏။” ဟု ဖော်ပြထား၏။ တစ်ဖန် သူ၏ ဒုတိယ သြဝါဒစာတွင်၊ ဤကဲ့သို့ ရေးထား၏။ “မယုံကြည်သော သူတို့နှင့် တွဲဖက်၍ ဆန့်ကျင်ဖက် ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသော အမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သော သူသည် မယုံကြည်သော သူတို့ နှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။ ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုနှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင် လှည့်လည်၍ သူတို့၏ ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည် နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြ၏။ ထိုကြောင့် ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့ အထဲမှ ထွက်၍ အသီးအခြား နေကြလော့၊ မစင်ကြယ်သော အရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏ အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီး ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသော ထာဝရဘုရား မိန့်တော်မူ၏။”CCB2 27.2

    ဘုရားသခင်၏ လူများတို့သည် တားမြစ်သော နေရာသို့ ဘယ်အခါမျှ စွန့်စား၍ မသွားအပ်။ ယုံကြည်သော သူ နှင့် မယုံကြည်သော သူတို့၏ ထိမ်းမြား စုံဖက်ခြင်း အမှုကို ဘုရားသခင် တားမြစ်တော်မူ၏။ သို့ရာတွင် မကြာခဏ စိတ်နှလုံး မပြောင်းလဲသော သူသည် မိမိ၏ သဘောအတိုင်း ပြုမူတတ်ကြ၍ ဘုရားသခင် အခွင့် ပေးတော်မမူသော ထိမ်းမြား စုံဖက်ခြင်း အမှုကို ပြုတတ်ကြသည်။ ဤ အကြောင်းကြောင့် များစွာသော ယောက်ျား၊ မိန်းမတို့သည် လောကတွင် မျှော်လင့်ခြင်း ကင်းမဲ့၍ ဘုရားနှင့် ကင်းကွာနေကြ၏။ သူတို့၏ မြင့်မြတ်သော ရမ္မက်သည် သေလျက် ရှိ၍၊ အခြေအနေအားဖြင့် သူတို့သည် စာတန်၏ ထောင်ချောက်ထဲတွင် ရောက်နေကြ၏။ တပ်မက်ခြင်း နှင့် စိတ်၏ နှိုးဆော်ခြင်း အလိုသို့ လိုက်သော သူတို့သည် ဤ အသက်တာ၌ များစွာ ဒုက္ခရောက်ခြင်း အသီးအနှံကို ရိတ်ရ၍ သူတို့၏ ဝိညာဉ် ဆုံးရှုံးရာ လမ်းသို့ ရောက်သွားလိမ့်မည်။CCB2 28.1

    သမ္မာတရားကို ဝန်ခံသော သူတို့သည် မယုံကြည်သော သူတို့ကို ထမ်းမြား စုံဖက်ခြင်း၌ ဘုရားသခင်၏ အလိုတော်ကို ခြေဖြင့် နင်းကြ၏။ သူတို့သည် ဘုရားသခင်၏ နှစ်သက်တော်မူခြင်းကို မရကြသဖြင့် နောင်တရဖို့ရန် အလွန် ခက်ခဲသော အမှုကို ဖြစ်စေကြ၏။ မယုံကြည်သော သူ၌ အလွန် ကောင်းသော အကျင့်စာရိတ္တ ရှိလိမ့်မည်။ သို့ရာတွင် သူ သို့မဟုတ် သူမသည် ဘုရားသခင်၏ တောင်းဆိုချက်တို့ကို မလိုက်လျောဘဲ ထိုမျှ ကြီးကျယ်သော ကယ်တင်ခြင်းကို ဂရုမစိုက်ခဲ့ကြသဖြင့်၊ ထိုသို့ စုံဖက်ထိမ်းမြားခြင်းကို ပြုလုပ်ဖို့ မသင့်ကြောင်း လုံလောက်သော အကြောင်းရင်း ဖြစ်သည်။ မယုံကြည်သော သူ၏ အကျင့်သည် “သင်၌ တစ်ခု လိုသေး၏” ဟု သခင်ယေရှုက မိန့်တော်မူခြင်း ခံရသော လူငယ်၏ အကျင့်နှင့် တူ၏။ လိုသော အရာ တစ်ခုသည် ထိုအရာပင် ဖြစ်၏။CCB2 28.2