Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသက် နှစ်ချောင်းကို ပူးပေါင်းခြင်း။

    ခက်ခဲခြင်း၊ ရှုပ်ထွေးခြင်း၊ စိတ်အားလျော့ခြင်း အကြောင်းများ ဖြစ်ပေါ်လာသော်လည်း၊ ခင်ပွန်း ဖြစ်စေ၊ ဇနီး ဖြစ်စေ၊ မိမိတို့၏ စုံဖက်ရေးသည် မှားသည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု မထင်အပ်ကြပေ။ အချင်းချင်း တတ်နိုင်သမျှ အရာခပ်သိမ်းတွင် အဆင်ပြေအောင် ပြုလုပ်ဖို့ စိတ်ဆုံးဖြတ်ကြပါ။ စောစောက ဂရုစိုက်ကြသည် အတိုင်း ဆက်လက် ဂရုစိုက်ကြပါ။ အသက်တာ၏ စစ်ပွဲများကို တိုက်လှန်ရာ၌ အချင်းချင်း တစ်ယောက်ကို တစ်ယောက် အမျိုး မျိုးသော နည်းဖြင့် အားပေးကြပါ။ အချင်းချင်းတို့၏ ပျော်ရွှင်ရေးကို တိုးတက်အောင် လေ့လာကြပါ။ အချင်းချင်း ချစ်ခြင်းမေတ္တာ ရှိကြပါစေ။ အချင်းချင်း သည်းခံကြပါစေ။ ထိုအခါ ထိမ်းမြားစုံဖက်ခြင်းသည် မေတ္တာ၏ အဆုံး ဖြစ်ရမည့် အစား၊ မေတ္တာ၏ အစအဦးကဲ့သို့ ဖြစ်လိမ့်မည်။ ထူးကဲစွာ မှန်သော မိတ်ဆွေ ဖြစ်ခြင်း၊ စိတ်နှလုံး အသီးအသီးကို ချည်နှောင်ထားသော မေတ္တာသည် ကောင်းကင် ဝမ်းမြောက်ခြင်းကို ကြိုတင် ဖော်ပြခြင်း ဖြစ်၏။CCB2 44.3

    လူ အားလုံးတို့သည် သည်းခံခြင်း တရားကို လေ့ကျင့်ခြင်းဖြင့် သည်းခံခြင်း စိတ်ကို ပွားများစေရမည်။ ကြင်နာသနား၍ စိတ်ရှည်ခြင်းအားဖြင့် မှန်သော မေတ္တာသည် စိတ်ထဲ၌ အမြဲ တည်ရှိနေလိမ့်မည်။ ၎င်းပြင် ကောင်းကင်က နှစ်သက်သော အရည်အချင်းများသည် တိုးပွာလာလိမ့်မည်။CCB2 45.1

    စိတ်ဝမ်းကွဲပြားသော အမှုများ ပေါ်လာသောအခါ စာတန်သည် အခွင့်အရေး ယူရန် အသင့် ရှိလျက်၊ ခင်ပွန်း သို့မဟုတ် ဇနီး၌ မနှစ်သက်ဖွယ် မျိုးရိုး အကျင့်များကို ဖြစ်ပေါ်လာစေခြင်းဖြင့်၊ ဘုရားသခင် ရှေ့တော်၌ ဂတိသစ္စာပြုခြင်းဖြင့် စုံဖက်လာကြသော သူတို့ကို စိတ်ဖေါက်ပြန်စေလိမ့်မည်။ ထိမ်းမြားရာ၌ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်စေရန် ဂတိသစ္စာပြုကြသည်။ ဇနီးသည် ခင်ပွန်းကို ချစ်၍ သူ၏ စကားကို နားထောင်ရန် ဂတိထား၍၊ ခင်ပွန်းသည် ဇနီးကို ချစ်ခင်၍ မြတ်နိုးရန် ဂတိထား၏။ ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာလျှင်၊ အိမ်ထောင်၌ ခိုက်ရန် ဖြစ်စေသော နတ်ဆိုးသည် မကပ်နိုင်။ ၎င်းပြင် သဘောကွဲလွဲခြင်း ရှိမည် မဟုတ်၊ ချစ်ခြင်းမေတ္တာ၌ ဖေါက်ပြန်ဖို့လည်း အခွင့်ရမည် မဟုတ်။CCB2 45.2

    ဝိညာဉ် ကယ်တင်ရေး အမှုတွင် မိမိတို့၏ အကျိုးစီးပွား၊ မိမိတို့၏ ထောက်ထာညှာတာမှု၊ မိမိတို့၏ မေတ္တာ နှင့် မိမိတို့၏ အလုပ်၌ ပူးပေါင်းကြသော သူတို့၏ ရာဇဝင်တွင် ဤ အချိန်သည် အရေးကြီးသော အခါဖြစ်သည်။ ထိမ်းမြားစုံဖက်ရာ၌ အလွန် အရေးကြီးသော အဆင့်သို့ ရောက်လာ၏။ အသက် နှစ်ချောင်းကို တစ်လုံးတစ်ဝတည်း ဖြစ်အောင် ပူးပေါင်းခြင်းတည်း။ ခင်ပွန်း နှင့် ဇနီးတို့သည် ဘုရားသခင်၏ အလုပ်တွင် တစ်လုံးတစ်ဝတည်း သန့်ရှင်းခြင်း နှင့် တိုးတက် ဆောင်ရွက်နိုင်ရန် အတူတကွ ပူးပေါင်းရမည်မှာ ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပေသည်။ သူတို့သည် ဤသို့ ပြုလုပ်နိုင်ကြပါသည်။CCB2 45.3

    ဤကဲ့သို့ ထိမ်းမြားပြုသော အိမ်ထောင်၌ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာသည် ကောင်းကင်မှ နေရောင်ခြည် အလင်းကဲ့သို့ ဖြစ်၏။ အကြောင်းမူကား ယောက်ျား နှင့် ဇနီးတို့သည် သခင်ယေရှုခရစ်၏ အုပ်စိုးခြင်း၊ ကိုယ်တော် ဝိညာဉ်တော်၏ လမ်းပြခြင်းကို ရရှိလျက် သန့်ရှင်းသော ချည်နှောင်ခြင်းဖြင့် ပူးပေါင်းရမည်ဟု ထာဝရဘုရား၏ အလိုတော်အတိုင်း စီမံထားပေသည်။CCB2 46.1

    အိမ်ထောင်သည် မြေကြီးပေါ်၌ အပျော်ရွှင်ဆုံးသော နေရာ၊ ကောင်းကင်ရှိ အိမ်ထောင်၏ ပုံပမာ ဖြစ်စေရန် ဘုရားသခင်သည် အလိုရှိတော်မူ၏။ အိမ်ထောင်၏ စုံဖက်ခြင်း၏ တာဝန်များကို ဆောင်ရွက်လျက် သခင်ယေရှုခရစ် နှင့် မိမိတို့၏ အကျိုးစီးပွားများ ဆက်သွယ်စေလျက် ကိုယ်တော်၏ လက်ရုံး နှင့် ဂတိတော်ကို မှီခိုလျက် ခင်ပွန်း နှင့် ဇနီးတို့သည် ဘုရားသခင်၏ ကောင်းကင်တမန်များက နှစ်သက် ထောက်ခံသော ဤ စုံဖက်ခြင်းတွင် ပျော်ရွှင်ခြင်းကို အတူတကွ ဝေမျှ ခံစားနိုင်ကြသည်။ 1A H 101-107;CCB2 46.2