Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်ခြင်းနှင့် ဆိုင်သော ဂတိတော်။

    ဤ အချိန်၌ ကျွန်ုပ်တို့ လုပ်ဆောင်သော အမှုသည် နှလုံး၊ စိတ်သဘော နှင့် စိတ်ဝိညာဉ်၌ များစွာ စွဲမြဲ နေမည် အကြောင်း ကျွန်ုပ်သည် စိတ်အားကြီးစွာ ဆုတောင်းပါသည်။ ရှုပ်ထွေးခြင်းများသည် တိုးလာလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၌ ယုံကြည်သော သူများ အဖြစ်နှင့် တစ်ယောက်ကို တစ်ယောက် တိုက်တွန်း အားပေးကြစို့။ ကျွန်ုပ်တို့သည် အလံတော်ကို အောက်သို့ နှိမ့်မချဘဲ မြှင့်စွာ မြှင့်ထားလျက် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ယုံကြည်ခြင်းကို အစပြု၍ အဆုံးသတ်တော်မူသော ကိုယ်တော်ကို ကြည့်ရှုနေကြစို့။ ညအခါ၌ ကျွန်ုပ်သည် အိမ်မပျော်သောအခါ၊ ဘုရားသခင်ကို ဆုတောင်းရာ၊ ဘုရားသခင်သည် ကျွန်ုပ်အား ခွန်အားကို ပေးလျက်၊ မိမိတို့ နေရပ် နှင့် ရပ်ဝေး တိုင်းပြည်များရှိ မိမိ၏ အမှုဆောင် ကျွန်များနှင့် ဘုရားသခင်သည် အတူ ရှိတော်မူသည် ဟူသော ဂတိတော်ကို ပေးတော်မူ၏။ ဣသရေလ၏ ဘုရားသခင်သည် မိမိ၏ လူများကို လမ်းပြနေသေး၍ ကပ်ကမ္ဘာ ကုန်ဆုံးသည် တိုင်အောင် သူတို့နှင့် အတူ ဆက်လက် တည်ရှိ နေတော်မူမည်ကို ကျွန်ုပ်သည် သိရှိရသောအခါ၊ ကျွန်ုပ်သည် အားရှိလာ၍ ကောင်းကြီးမင်္ဂလာကို ခံစားရ၏။CCB2 408.1

    တတိယ ကောင်းကင်တမန်၏ သတင်းစကားကို ကြွေးကြော်ခြင်း အမှုကို တိုး၍ အကျိုးဖြစ်ထွန်းအောင် ဆက်လက် ဆောင်ရွက်သွားသည်ကို ထာဝရဘုရားသည် တွေ့မြင်လိုတော်မူ၏။ ဘုရားသခင်သည် ကာလ အဆက်ဆက် မိမိ၏ လူတို့အား အောင်မြင်ခြင်းကို ပေးရန် ဆောင်ရွက်တော်မူခဲ့သည် နည်းတူ၊ ဤခေတ်ကာလ၌လည်း မိမိ၏ အသင်းတော်အတွက် ရည်ရွယ်ချက်များကို အောင်မြင်စွာ ပြည့်စုံအောင် ဆောင်ရွက်စေဖို့ အလိုရှိတော်မူ၏။ ခွန်အားမှ သာ၍ ကြီးသော ခွန်အားသို့ လည်းကောင်း၊ ယုံကြည်ခြင်းမှ သမ္မာတရား နှင့် ကိုယ်တော်၏ အမှုတော်၏ ဖြောင့်မတ်ခြင်း တရား၌ တိုး၍ ယုံကြည် အားထားမှုသို့ လည်းကောင်း၊ တညီတညွတ်တည်း တိုးပွားလာစေရန် ဘုရားသခင်က မိမိ၏ ယုံကြည်သော သန့်ရှင်းသူတို့အား မှာထားတော်မူ၏။CCB2 408.2

    ကျွန်ုပ်တို့သည် အသစ်သော ဗဟုသုတ အသီးအသီးကို တွေ့ဆုံဖို့ ခွန်အားကို ပေးရန် ဘုရားသခင်သည် ကျွန်ုပ်တို့ နှင့်အတူ ရှိတော်မူသည်ဟု သတိရလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ရှိသော အခြေခံ တရားများဘက်၌ ကျွန်ုပ်တို့သည် ကျောက်ကဲ့သို့ ခိုင်ခံ့စွာ တည်ရှိနေရကြမည်။ ထာဝရဘုရား၏ နာမတော်၌ ခွန်အား တစ်ခုမှ တစ်ခုသို့ ကျွန်ုပ်တို့သည် တိုးတက် ရရှိလာမည် အကြောင်း၊ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်း၏ အခြေခံ တရား၌ မိမိတို့၏ အသက်တာကို တည်မြဲစေကြစို့။ ရှေးဦးစွာ ကျွန်ုပ်တို့ ခံစားရသော ဗဟုသုတမှ ယခု အချိန်တိုင်အောင် ဘုရားသခင်၏ ဝိညာဉ်တော် သွန်သင်ခြင်း၊ နှစ်သက်တော်မူခြင်းဖြင့် တည်မြဲလာသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့သည် အလွန် သန့်ရှင်းသော အရာကဲ့သို့ မှတ်ယူရကြမည်။ ပညတ်တော်ကို စောင့်ရှောက်သော မိမိ၏ လူများအားဖြင့် ထာဝရဘုရားသည် ရှေ့သို့ တိုးတက် ဆောင်ရွက်နေတော်မူသော အမှုတော် မိမိ ကျေးဇူးတော်၏ တန်ခိုးအားဖြင့် အချိန် ကုန်လွန်နေစဉ် သာ၍ ခိုင်ခံ့လာပြီး သာ၍ အကျိုးဖြစ်ထွန်းလာမည့် အမှုတော်ကို အလွန် အဖိုးတန်သော အရာ အဖြစ်နှင့် ကျွန်ုပ်တို့သည် ပြုစု စောင့်ရှောက်ရကြမည်။ ဘုရားသခင်၏ လူများတို့၌ ရှိသော ဝေဖန် ပိုင်းခြားနိုင်သော သတ္တိကို မှေးမှိန်စေလျက် သူတို့၏ စွမ်းရည်သတ္တိကို အားနည်းသွားစေခြင်းငှါ ရန်သူသည် ရှာကြံ ကြိုးစားလျက် ရှိ၏။ သို့ရာတွင် သူတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်က လမ်းညွှန်သည် အတိုင်း အမှုဆောင်ရွက်ကြလျှင်၊ ပျက်စီး ယိုယွင်းနေသော နေရာဟောင်းများကို တည်ဆောက်ခြင်း အလုပ်တွင် အခွင့်အရေး ရရှိရန် ဘုရားသခင်သည် လမ်းဖွင့်ပေးတော်မူလိမ့်မည်။ ထာဝရဘုရားသည် မိမိ၏ သစ္စာရှိသော သူတို့ အပေါ်၌ မိမိ၏ နောက်ဆုံး အောင်မြင်ခြင်း တံဆိပ်ကို နှိပ်ခတ်ရန် တန်ခိုးနှင့် လည်းကောင်း၊ ကြီးစွာသော ဘုန်းတော်နှင့် လည်းကောင်း ကောင်းကင်မှ ဆင်းသက်လာတော်မူသည် တိုင်အောင်၊ သူတို့၏ ဗဟုသုတသည် အစဉ်အမြဲ တိုးတက်နေသော အရာ တစ်ခု ဖြစ်လိမ့်မည်။CCB2 409.1

    ကျွန်ုပ်တို့ ရှေ့၌ ရှိနေသော အလုပ်သည် လူ၏ စွမ်းအား ရှိသမျှကို အစွမ်းကုန် ဆောင်ရွက်ရမည့် လုပ်ငန်း တစ်ခု ဖြစ်သည်။ ၎င်းတွင် ခိုင်ခံ့သော ယုံကြည်ခြင်း နှင့် အမြဲ သတိ ဝီရိယ ရှိခြင်းကို လိုလိမ့်မည်၊ မကြာခဏ ကျွန်ုပ်တို့ တွေ့ကြုံရမည့် အခက်အခဲများသည် အလွန် စိတ်ပျက်စရာ ဖြစ်လိမ့်မည်။ အလွန် ကြီးကျယ်သော အလုပ်ကြောင့် ကျွန်ုပ်တို့သည် ကြောက်လန့်နေကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ အကူအညီအားဖြင့်၊ ဘုရားသခင်၏ ကျွန်တို့သည် နောက်ဆုံး၌ အောင်မြင်ကြလိမ့်မည်။ ညီအစ်ကိုတို့၊ ထိုကြောင့်၊ သင်တို့ ရှေ့၌ ရှိသော ဒုက္ခဆင်းရဲခြင်း အမှုများကြောင့်၊ ရွေ့လျော့သော စိတ် မရှိကြပါစေနှင့်။ (ဧ၊ ၃: ၁၃။) သခင်ယေရှုသည် သင်တို့နှင့် အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သင်တို့ ရှေ့၌ မိမိ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြွသွားတော်မူလျက် လမ်းခရီးကို ပြင်ဆင်ပေးတော်မူမည်။ ၎င်းပြင် အရေးကြီးသော အမှုတိုင်း၌ ကိုယ်တော်သည် သင်တို့ကို မစသော သူ ဖြစ်တော်မူမည်။CCB2 410.1

    “ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန် ကြံစည်သမျှထက် အလွန် ထူးခြားစွာ ပြုခြင်းငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။” ဧ၊ ၃: ၂၀၊ ၂၁။33TT 439-441;CCB2 410.2

    မကြာမှီက ညဉ့်အခါတွင် ကျွန်ုပ်ရှေ့၌ ပေါ်လာသော ရှုခင်းများတွင် ကျွန်ုပ်သည် စိတ်စွဲလမ်းလျက် ရှိနေ၏ များစွာသော နေရာတို့၌ ကြီးကျယ်သော လှုပ်ရှားမှုကြီး ဖြစ်သော၊ ပြန်၍ ပြုပြင်ပြောင်းလဲခြင်း အမှု တစ်ခုသည် ဖြစ်ပေါ်နေသည်ဟု ထင်ရ၏။ ဘုရားသခင် ခေါ်တော်မူသည် အတိုင်း ကျွန်ုပ်တို့၏ လူများသည် တညီတညွတ်တည်း ရောက်လာကြပြီ။ မောင်၊ ညီမများတို့၊ ထာဝရဘုရားသည် ကျွန်ုပ်တို့ကို မိန့်မြွက်နေတော်မူ၏။ ဘုရားသခင်၏ စကားသံတော်ကို ကျွန်ုပ်တို့သည် နားမထောင် သင့်ဘူးလား။ ကျွန်ုပ်တို့သည် မီးခွက်များကို ပြင်လျက် မိမိတို့၏ သခင် ကြွလာတော်မူခြင်းကို မျှော်နေသော သူများကဲ့သို့ ပြုလုပ်ဖို့ မသင့်ဘူးလား။ အလင်းကို ယူဆောင်သွားဖို့၊ အမှုဆောင်ရွက်ဖို့ အချိန်ကျရောက်ပြီ။CCB2 410.3

    မောင်ညီမများတို့၊ “ခေါ်တော်မူခြင်း ကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ …… ငါသည် သင်တို့ကို တိုက်တွန်း နှိုးဆော်ပါ၏။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်း ရှိကြ၍၊ အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား တစ်လုံးတစ်ဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။” ဧ၊ ၄: ၁-၃။43TT 441, 442;CCB2 411.1