Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အလွန် ငယ်သော အရွယ်၌ ကလေးသူငယ်တို့အား ကျောင်းထားခြင်း၏ ဘေးများ။

    ဧဒင် ဥယျာဉ်၌ နေခဲ့ရကြသော မိဘ နှစ်ပါးသည် သဘာဝ၏ စာမျက်နှာမှ ပညာ သင်ကြားရကြ၍ မောရှေသည် အာရေဗျပြည်၏ လွင်ပြင် နှင့် တောင်ကုန်းများတွင် ဘုရားသခင်၏ လက်ရာတော်များကို ဝေဖန် သိနားလည်ရလျက်၊ သူငယ်တော် ယေရှုသည် နာဇရက်မြို့၏ တောင်ပူစာများတွင် သင်ခန်းစာများကို လေ့လာတော်မူခဲ့ရသည် နည်းတူ၊ ယခု ခေတ်ရှိ ကလေးသူငယ်တို့သည် ဘုရားသခင် အကြောင်းကို သင်ကြား လေ့လာရကြမည်။ မမြင်ရသေးသော အရာကို မြင်ရသော အရာများအားဖြင့် ပုံပမာ ပြထားလေပြီ။CCB2 208.3

    တတ်နိုင်လျှင်၊ ကလေးသူငယ်တို့အား အလွန် ငယ်ရွယ်သော အချိန်ကစ၍ အံ့သြဖွယ် ကောင်းသော ဤ ဘဝ သင်ခန်းစာအုပ်ကြီးကို သူတို့ ရှေ့၌ ဖွင့်ပြနိုင်သော နေရာတွင် နေပါစေ။28Ed 100, 101;CCB2 209.1

    သင်၏ သားသမီးငယ်များကို ကျောင်းသို့ အလွန် ငယ်ရွယ်သော အချိန်တွင် မပို့ပါနှင့်ဦး။ မိခင်သည် သူငယ်၏ စိတ်ကို ပြုပြင်ရေးအတွက် အခြားသော သူ၏ လက်ထဲသို့ မည်ကဲ့သို့ အပ်နှံထားသည်ကို သတိပြုရမည်။ မိမိတို့၏ သားသမီးများသည် ရှစ်နှစ်၊ ဆယ်နှစ် အရွယ်သို့ ရောက်သည် တိုင်အောင် မိဘတို့သည် သူတို့၏ အကောင်းဆုံး ဆရာသမားများ ဖြစ်ရကြမည်။ သူတို့၏ ကျောင်းခန်းသည် အိမ်ပြင်ဘက် လွတ်လပ်လဟာပြင် နှင့် ပန်းပင်များ၊ ငှက်များအထဲတွင် ဖြစ်ရမည်။ ၎င်းပြင် သင်ရန် စာအုပ်သည် သဘာဝ၏ ဘဏ္ဍာများ ဖြစ်အပ်သည်။ သူတို့၏ စိတ်ဉာဏ်သည် ၎င်းကို နားလည်လာနိုင်သည်နှင့် တစ်ပြိုင်နက် မိဘတို့သည် သူတို့ ရှေ့၌ ဘုရားသခင်၏ သဘာဝ စာအုပ်ကြီးကို ဖွင့်ပြရမည်။ ထိုသို့သော ပတ်ဝန်းကျင်၌ သင်ကြားပေးသော ဤ သင်ခန်းစာများကို အလွယ်တကူ လျင်မြန်စွာ မေ့လိမ့်မည် မဟုတ်။29FE 156, 157; CCB2 209.2

    အလွန် ငယ်ရွယ်စဉ်အခါ ကလေးသူငယ်အား ကျောင်းသို့ ပို့ခြင်းဖြင့် သူတို့၏ ကာယ နှင့် စိတ်ကျန်းမာရေးကို ဘေးဥပဒ် ဖြစ်စေသည် သာမက၊ အကျင့်စာရိတ္တ၌လည်း သူတို့သည် ဆုံးရှုံးပျက်စီး ရကြလေသည်။ သူတို့သည် အပြုအမူ အလေ့အကျင့်တို့၌ သွန်သင် ပြုပြင်ပေးခြင်း မခံရသော ကလေးသူငယ်များနှင့် အကျွမ်းဝင်လာဖို့ အခွင့်အရေး ရရှိခဲ့ကြသည်။ သူတို့သည် ကြမ်းတမ်း ရိုင်းစိုင်း၍ မုသာပြော၊ ကျိန်ဆဲ၊ ခိုးဝှက်၍ လိမ်လည် လှည့်ဖြားပြီးလျှင် မိမိတို့ထက် ငယ်သော သူတို့အား မိမိတို့၏ ဆိုးသော အမှုများ အကြောင်းကို ပြောပြတတ်သော အပေါင်းအသင်းများ အထဲသို့ ရောက်ရှိသွားတတ်ကြသည်။ ငယ်ရွယ်သော ကလေးများကို မိမိတို့ သဘောအတိုင်း နေစေဖို့ ပစ်ထားကြလျှင်၊ သူတို့သည် ကောင်းသော အရာထက် ဆိုးသော အရာတို့ကို အလွယ်တကူ တတ်မြောက် သိနားလည်လာကြသည်။ မကောင်းသော အကျင့်ဓလေ့များသည် သဘာဝ စိတ်သဘောနှင့် များစွာ တိုက်ဆိုင်၏။ ၎င်းပြင် သူငယ် အရွယ် နှင့် ကလေး အရွယ်တွင် သူတို့ မြင်ရ၊ ကြားရသော အရာများသည် စိတ်ထဲ၌ သာ၍ ခိုင်မြဲစွာ အမြစ်စွဲနေတတ်သည်။ ၎င်းပြင် ငယ် ရွယ်သော သူတို့၏ စိတ်နှလုံးထဲ၌ စိုက်ပျိုးလိုက်သော မျိုးစေ့သည် အမြစ်စွဲ၍ သူတို့ မိဘများ၏ စိတ်နှလုံးကို စူးစေရန် ထက်သော ဆူးပင်များ ဖြစ်လာကြလိမ့်မည်။30CG 302;CCB2 209.3