Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်ကို ချုပ်တည်းခြင်း စိတ်ကို အားနည်းစေရန် စာတန်သည် ကြိုးစားခြင်း။

    သာ၍ ယုတ်ညံ့သော တပ်မက်ခြင်း သဘောများသည် တိုးပွားနေစဉ် အခါ၊ အကျင့်တန်ခိုးများသည် တဖြည်းဖြည်း အားနည်းလာကြသဖြင့်၊သူတို့ ၏ ဝိညာဉ် တိုးပွားရေးအတွက် မိမိသည် စိုးရိမ်ဖို့ မလိုကြောင်း စာတန်သည် သိရှိသောကြောင့်၊ အိမ်ထောင်ဖက် ပြုကြသော သူတို့၏ ကိုယ်ကို ချုပ်တည်းခြင်း သဘောကို အားနည်းစေ၍ ဖြူစင်သော သဘောကို ယုတ်လျော့သွားစေရန် စာတန်သည် ကြိုးစား၏။ သူတို့၏ သားသမီးများတွင် မိမိ၏ မုန်းစရာ ကောင်းသော ပုံသဏ္ဍာန်ကို အခြားသော နည်းအားဖြင့် သာ၍ ကောင်းစွာ မဖြစ်ပေါ်စေနိုင်ကြောင်းကို လည်းကောင်း၊ ထိုသို့အားဖြင့် မိဘတို့၏ အကျင့်ထက် သူတို့၏ အကျင့်ကို သာ၍ လွယ်ကူစွာ ပြုပြင်ပေးနိုင်ကြောင်းကို လည်းကောင်း သူသည် သိရှိရသေး၏။CCB2 53.2

    ယောက်ျား၊ မိန်းမများတို့၊ ကိလေသာ တပ်မက်ခြင်း၊ ၎င်း၏ အလိုသို့ လိုက်ခြင်း၏ အကျိုးအပြစ်သည် အဘယ်အရာ ဖြစ်သည်ကို သင်တို့သည် တစ်နေ့၌ သိနားလည်လာကြလိမ့်မည်။ ယုတ်ညံ့သော တပ်မက်ခြင်းကို အခြား နေရာ၌ တွေ့ရှိသည်နည်းတူ အိမ်ထောင်ပြုခြင်း၌လည်း တွေ့ရှိရသည်။CCB2 54.1

    ယုတ်ညံ့သော တပ်မက်ခြင်း အမှုတို့ကို လိုက်လျော်ခြင်း အကျိုးအပြစ်ကား အဘယ်အရာ ဖြစ်သနည်း၊ ဘုရားသခင်၏ ကောင်းကင်တမန်များ ကြီးကြပ်အုပ်ချုပ်ရသော အိပ်ခန်းသည် မသန့်ရှင်းသော အကျင့်များ အားဖြင့် ညစ်ညူးလာကြ၏။ ၎င်းပြင် ရှက်စရာကောင်းသော တိရိစ္ဆာန် သဘောသည် ကြီးစိုးနေသောကြောင့်၊ ကိုယ်ကာယများသည် ပျက်စီးလာကြ၏။ စက်ဆုပ်ဖွယ်ကောင်းသော အကျင့်များသည် စက်ဆုပ်ဖွယ် ရောဂါများကို ဖြစ်စေ၏။ ကောင်းကြီးမင်္ဂလာကဲ့သို့ ဖြစ်စေဖို့ ဘုရားသခင် ပေးတော်မူသော အရာသည် ကျိန်ခြင်း ဖြစ်လာ၏။CCB2 54.2

    အလွန်အကျူး ကာမ ဆက်ဆံခြင်းသည် ဘုရားဝတ်ပြုကိုးကွယ်ခြင်းကို နှစ်သက်သော သဘောကို အကယ်ပင် ပျက်စီးစေ၍ ဦးနှောက်ထဲမှ ကိုယ်ကာယကို အား ဖြစ်စေဖို့ လိုသော အရာဝတ္ထုတို့ကို ပယ်ရှားသဖြင့် အင်အားကို အသေအချာ ကုန်ခန်းသွားစေလိမ့်မည်။ ဤကဲ့သို့ ကိုယ်ကို ပျက်စီးစေသော အလုပ်တွင် အဘယ် မိန်းမမျှ မိမိ၏ ခင်ပွန်းကို အားပေးခြင်း မပြုအပ်။ သူမသည် အလင်းတရားကို ရရှိ၍ သူ့ကို အမှန် ချစ်ခင်လျှင် ထိုသို့ ပြုမည် မဟုတ်။CCB2 54.3

    တိရိစ္ဆာန်၏ တပ်မက်ခြင်းမျိုးကို သာ၍ လိုက်စား လေလေ၊ ထိုသဘောမျိုးသည် သာ၍ ခိုင်ခံ့လာလျက် ထိုသို့သော အကျင့်ကို လိုက်စားဖို့ရန် သာ၍ စိတ်ပြင်းထန် လေလေ ဖြစ်၏။ ဘုရားသခင်ကို ကြောက်ရွံ့သော ယောက်ျား၊ မိန်းမတို့သည် မိမိတို့၏ တာဝန်ကို လိုက်နာဖို့ရန် နှိုးကြားကြပါစေ။ ခရစ်ယာန်ဟု ခေါ်နေသော သူ အများတို့သည် ဤ ကိစ္စ၌ ချုပ်တည်းခြင်း မရှိကြသောကြောင့်၊ အာရုံကြော နှင့် ဦးနှောက်ကြောများ သေခြင်း ဝေဒနာကို ခံစားနေရကြသည်။CCB2 54.4