Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သဘာဝကို ဘုရားအဖြစ် ပြုလုပ်ရန် စာတန်၏ အကြံအစည်။

    သူတို့သည် ဘုရားသခင်က တိုက်ရိုက်၊ ဆက်လက် ပြုပြင်နေခြင်း အမှုကို မငြင်းပယ်ခဲ့စေကာမူ၊ ဝတ္ထုပစ္စည်းတို့၏ သဘောတရား နှင့် သဘာဝ၏ သဘောတရားများကို ဆင်ခြင်စဉ်းစားနေကြခြင်း၌ အများသော သူတို့သည် ဘုရားသခင်က တိုက်ရိုက် ပြုပြင်ခြင်း အမှုကို မသိမမြင်ကြတော့ချေ။ သဘာဝသည် ဘုရားသခင်ကို အမှီမပြုဘဲ၊ မိမိ အလိုအလျောက် အလုပ်များကို ပြုလုပ် ကန့်သတ်နိုင်သော တန်ခိုးနှင့် ပြည့်စုံလျက် ရှိသည်ဟု လူများက ထင်မှတ် အယူ ရှိကြသည်။ သူတို့၏ စိတ်ထဲ၌ သဘာဝ နှင့် သဘာဝထက် လွန်ကဲသော အရာတို့ စပ်ကြားတွင် ထူးခြားစွာ ခြားနားခြင်း ရှိခြင်း ရှိနေ၏။ သဘာဝအရာသည် ရိုးရိုး အကြောင်းများကြောင့် ဖြစ်၍ ဘုရားသခင်၏ တန်ခိုးနှင့် မစပ်ဆိုင်ဟု မှတ်ယူကြသည်။ အသက်ရှင်သော တန်ခိုးသည် ဝတ္ထုပစ္စည်းနှင့် သက်ဆိုင်သည်ဟု ထင်မှတ်ကြ၏။ ၎င်းပြင် သဘာဝကို ဘုရား အဖြစ် သဘောထားကြ၏။ ဝတ္ထုပစ္စည်းသည် သက်ဆိုင်သော အရာများတွင် နေရာချထားခြင်း ခံရလျက် မြဲမြံသော တရားများအားဖြင့် အလိုအလျောက် ပြုမူနေရ၏။ ထိုတရားများကို ဘုရားသခင်သည် ဝင်ရောက် စွက်ဖက်ခြင်း ပြုတော်မမူဟု ထင်ကြ၏။ သဘာဝသည် အချို့သော အစွမ်းသတ္တိများနှင့် ပြည့်စုံလျက် သဘာဝတရားများ၏ လက်အောက်တွင် တည်ရှိနေသဖြင့်၊ ဤ တရားများကို ကိုယ်တိုင် လိုက်နာပြီးလျှင် မူလက စီမံခန့်ထားသည်အတိုင်း လုပ်ငန်းတို့ကို ဆောင်ရွက်နေရသည်ဟု ထင်မှတ်ကြသေးသည်။CCB2 344.2

    ဤ အရာသည် မှားသော လောကဓါတ်ပညာ ဖြစ်၏။ ဤ အချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အနည်းငယ်မျှ ထောက်ခံထားခြင်း မရှိ။ ဘုရားသခင်သည် မိမိ၏ တရားများကို ဖျက်ပယ်တော်မမူဘဲ၊ ဘုရားသခင်သည် ၎င်းတို့အားဖြင့် အမြဲ အလုပ် လုပ်လျက် ရှိတော်မူ၍ ၎င်းတို့ကို ဘုရားသခင်သည် မိမိ၏ ကိရိယာ တန်ဆာပလာကဲ့သို့ အသုံးပြုတော်မူ၏။ ဘုရားသခင်၏ သဘာဝ တရားများသည် အလိုအလျောက် အလုပ် လုပ်နေကြသည် မဟုတ်။ ဘုရားသခင်သည် အမြဲလိုပင် သဘာဝတွင် အလုပ် လုပ်လျက် နေတော်မူ၏။ သဘာဝသည် ဘုရားသခင်၏ ကျွန် ဖြစ်၍ ဘုရားသခင်သည် အလိုရှိတော်မူသည် အတိုင်း လမ်းညွှန်ချက် ရှိတော်မူ၏၊ မိမိ၏ အလိုတော်အတိုင်း မိမိ၏ လုပ်ငန်းများတွင် လုပ်ဆောင်နေတော်မူသော ပုဂ္ဂိုလ် တစ်ပါးသည် သိသာစွာ ပါဝင်၍ ကျွမ်းကျင်စွာ ပြုပြင်နေတော်မူကြောင်း၊ သဘာဝသည် မိမိ၏ လုပ်ငန်းတွင် သက်သေခံလျက် ရှိ၏။ တစ်နှစ်ပြီး တစ်နှစ် မြေကြီးသည် မိမိ၏ ပစ္စည်းများကို ကြွယ်ဝစွာ ထွက်စေလျက်၊ နေကို ဆက်လက် ပတ်သွားနေသည်မှာ၊ သဘာဝတွင် နဂိုကပင် ပါရှိသော မူလ တန်ခိုးသတ္တိအားဖြင့် မဟုတ်ပါ၊ အနန္တတန်ခိုးရှင်၏ လက်တော်သည် ဤ ဂြိုလ်ကို လမ်းညွှန်လျက် အစဉ်သဖြင့် အလုပ် လုပ်လျက် နေတော်မူ၏၊ မြေကြီးအား မိမိ၏ ဝင်ရိုးပေါ်တွင် တည်ရှိလျက် လည်နေစေခြင်းမှာလည်း တစ်ချိန်မှ တစ်ချိန်သို့ အသုံးပြုလျက် ရှိသော ဘုရားသခင်၏ တန်ခိုးတော်ပင် ဖြစ်၏။CCB2 345.1

    လူကိုယ်ခန္ဓာ၏ စက်ကို လုံးလုံး နားမလည်နိုင်ကြ။ အလွန် တတ်သိကျွမ်းကျင်သော သူကိုပင် စိတ်ပျက်စေသော နက်နဲရာများကို ၎င်းက ဖော်ပြ၏။ သွေးများ ခုန်ခြင်း၊ တစ်ကြိမ်ပြီး တစ်ကြိမ် အသက် ရှူရှိုက်ရခြင်းတို့မှာ တစ်ခါက လှုပ်ရှားပေးလိုက်သော စက်ကြောင့် ဆက်လက် လှုပ်ရှားနေရခြင်း မဟုတ်။ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက် ဖြစ်လျက် ရှိကြ၏။ အသက်ရှူတိုင်း၊ နှလုံးခုန်တိုင်း အမြဲ တည်ရှိတော်မူသော ဘုရားသခင်၏ တန်ခိုးတော် အကြောင်းကို အစဉ် သက်သေခံလျက် ရှိ၏။ ပညာ အရှိဆုံးသော သူများပင် သဘာဝတွင် ဖော်ပြထားသော ထာဝရအရှင် ဘုရားသခင်၏ နက်နဲရာများကို နားမလည်နိုင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က မေးသော မေးခွန်း များစွာတို့ကို စာပေ လေ့လာရေးတွင် အလွန် ထူးချွန်သော သူပင် မဖြေနိုင်။ ကျွန်ုပ်တို့အား ဖြေဆိုရမည် အကြောင်း ဤ မေးခွန်းတို့ကို မေးထားသည် မဟုတ်ဘဲ၊ ဘုရားသခင်၏ အလွန် နက်နဲသော အရာတို့ကို ကျွန်ုပ်တို့အား သတိပြုစေရန် ဖြစ်သည်။ ၎င်းပြင် ကျွန်ုပ်တို့၏ ဉာဏ်ပညာကို ကန့်သတ်ထားသည်ကို လည်းကောင်း၊ ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာ ပတ်ဝန်းကျင်တွင် ကန့်သတ်ထားသော စိတ်ဖြင့် မသိနိုင်အောင် လွန်ကဲသော အရာ များစွာ ရှိကြောင်းကို လည်းကောင်း၊ ဘုရားသခင်၏ စီရင်တော်မူချက် နှင့် ရည်ရွယ်တော်မူချက်တို့ကို ကျွန်ုပ်တို့၏ အသိဉာဏ်သည် မမှီနိုင်ကြောင်းကို လည်းကောင်း သွန်သင်ရန် ဖြစ်ပေသည်။ 48T 259-261;CCB2 345.2

    ဤ မြေကြီးပေါ်၌ သင်ကြားရသော ပညာသည် ဤ အသက်တာ၌ သင်၍ ပြည့်စုံနိုင်မည် မဟုတ်။ ၎င်းကို ထာဝရ ကာလပတ်လုံး တိုးတက် သင်ကြားနေရလျက် အမြဲ တိုးပွား များပြားလာပြီး ဘယ်သောအခါမျှ ပြည့်စုံလိမ့်မည် မဟုတ်။ တစ်နေ့ပြီး တစ်နေ့ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အမှုများ၊ စကြာဝဠာကို ဖန်ဆင်း ထောက်မထားရာ၌ အံ့သြဖွယ်ကောင်းသော တန်ခိုးတော်ကို ဖော်ပြသော သက်သေများသည် စိတ်ထဲ၌ အသစ်သော တင့်တယ်ခြင်းနှင့် ပေါ်လာကြလိမ့်မည်။ ပလ္လင်တော်မှ ထွန်းတောက်သော အလင်းတွင် နက်နဲရာများသည် ပျောက်ကွယ်သွား၍ အထက်က ဘယ်အခါမျှ နားမလည်ခဲ့ဘူးသော အရာတို့၏ လွယ်ကူခြင်းကို သိမြင်ရသဖြင့် ဝိညာဉ်သည် အံ့သြခြင်း နှင့် ပြည့်စုံနေလိမ့်မည်။ 58T 328;.CCB2 346.1