Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သဘောကွဲလွဲခြင်း ဖြစ်လာသောအခါ။

    ခင်ပွန်း နှင့် ဇနီးတို့သည် မိမိတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်လျှင်၊ မိမိတို့၏ များပြားသော တာဝန်များနှင့် စပ်ဆိုင်၍ သင့်တော် မှန်ကန်သော ဆုံးဖြတ်ချက်များကို ပြုလုပ်သော်လည်း၊ အိမ်ထောင်နှင့် ဆိုင်သော အခက်အခဲများကို နေရာတကျ ဖြစ်အောင် စီမံဖို့ ခဲယဉ်းပေသည်။ ခင်ပွန်း နှင့် ဇနီးတို့သည် မိမိတို့ အိမ်ထောင်၏ အကျိုးစီးပွားတို့ကို ကွဲပြားနေစေကြလျှင်၊ သူတို့သည် အချင်းချင်းသည် ချစ်ခြင်းမေတ္တာ၌ မည်ကဲ့သို့ တည်မြဲနေနိုင်ကြမည်နည်း။ သူတို့သည် မိမိတို့၏ အိမ်ထောင်နှင့် စပ်ဆိုင်သော အရာများတွင် စိတ်သဘောချင်း ညီညွတ်ရကြမည်။ ၎င်းသည် ခရစ်ယာန် ဖြစ်လျှင် မိမိ၏ ခင်ပွန်းအား မိမိ ကိစ္စများတွင် မိမိ၏ အဖော်ကဲ့သို့ သဘောထားရမည်။ အကြောင်းကား ခင်ပွန်းသည် အိမ်ထောင်၏ ဦးခေါင်းကဲ့သို့ ဖြစ်ရမည်။CCB2 46.3

    သင်သည် အခြေအနေ တစ်ခုကို စဉ်းစားဆင်ခြင်သောအခါ၊ သင်သည် ကိစ္စကို ကောင်းစွာ ချင့်ချိန် ဝေဖန်ခြင်း မပြု၊ သင်၏ ထင်မြင်ချက်ကိုသာ စွဲလမ်းနေခြင်းဖြင့် မည်ကဲ့သို့ ဖြစ်မည်ကို မဆင်ခြင်ဘဲ၊ သင့် ဇနီး၏ ထင်မြင်ချက်သည် သင်နှင့် မတူသည်ကို သိရှိလျက်၊ အခြားသူကို အားမကိုးသော လက္ခဏာနှင့်၊ သင်၏ ထင်မြင်ချက်တို့ကို သင်၏ ဆုတောင်းချက်များ နှင့် စကားပြောဆိုချက် များတွင် ဖော်ပြနေသောအခါ သင်၏ သဘောသည် မှားနေ၏။ သင့် ဇနီး၏ ထင်မြင်ချက်တို့ကို ဂရုမစိုက်၊ လူကြီးလူကောင်းများကဲ့သို့ သင်နှင့် သဘောကွဲလွဲနေသည်ဟု သိရသော ထိုအချက်များကို မပယ်ရှားဘဲ နေလျက်၊ မနှစ်သက်ဖွယ်သော အချက်များ အပေါ်၌ သင်သည် ဆက်လက် စွဲလမ်းနေ၍ သင့် ပတ်လည်၌ ရှိသော လူများကို အမှုမထားဘဲ သင်၏ ထင်မြင်ချက်တို့ကို ခိုင်မာစွာ ဆက်လက် ဖော်ပြနေလျှင်၊ သင်၏ သဘောသည် မှားယွင်းနေ၏။ အခြားသူတို့သည် သင့် ကိုယ်တိုင်နှင့် သဘောကွဲလွဲလျက် အမှုကိစ္စတို့ကို ထင်မြင်ဖို့ အခွင့်မရှိဟု သင်သည် ထင်မှတ်ခဲ့ပြီ။ ဤအသီးများသည် ခရစ်ယာန် သစ်ပင်ပေါ်၌ မသီးချေ။CCB2 46.4

    ကျွန်ုပ်၏ မောင်၊ ညီမများတို့၊ သခင်ယေရှုကို လက်ခံရန် သင်တို့၏ စိတ်နှလုံးကို ဖွင့်ထားကြပါ။ ဝိညာဉ်ဗိမာန်တော်ထဲသို့ ကိုယ်တော်ကို ခေါ်ဖိတ်ကြပါ။ လူအပေါင်းတို့၏ အိမ်ထောင် အသက်တာတွင် ဝင်ရောက်လာသော အခက်အခဲများကို အောင်မြင်ရန် အချင်းချင်း ကူညီကြပါ။ သင်၏ ရန်သူ နတ်ဆိုးအား အောင်မြင်ရန် သင်သည် ပြင်းထန်သော တိုက်ပွဲကို တိုက်ရလိမ့်မည်။ ဤ စစ်ပွဲ၌ ဘုရားသခင်သည် သင့်ကို ကူညီစေဖို့ မျှော်လင့်လျှင်၊ “သခင်၊ ကျွန်ုပ် ဝိညာဉ်၏ ရန်သူကို ဆုံးမတော်မူပါ” ဟု သင်သည် ဒူးထောက်၍ ကြွေးကြော်ရသော်လည်း၊ အောင်မြင်၍ မှားသော စကားများကို မပြောဘဲ နှုတ်ကို ပိတ်ထားနိုင်ရန် သင်တို့ နှစ်ဦးသည် ပူးပေါင်းလျက် ဆုံးဖြတ်ရမည်။CCB2 47.1

    ဘုရားသခင်၏ အလိုတော်သည် ပြည့်စုံလျှင်၊ ခင်ပွန်း နှင့် ဇနီးတို့သည် အချင်းချင်း ဂရုစိုက်လျက် မေတ္တာ နှင့် ယုံကြည်အားထားမှုကို ပွားများစေလိမ့်မည်။ အိမ်ထောင်၏ ငြိမ်သက်ခြင်း နှင့် စည်းလုံးခြင်းကို ပျက်စီးစေသော အရာ ရှိသမျှသည် နှိပ်ကွပ်၍ ကြင်နာခြင်း နှင့် ချစ်ခြင်းမေတ္တာကို မွေးမြူ ပွားများစေရမည်။ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း နှင့် ချစ်ခြင်းမေတ္တာ သဘောတို့ကို ထင်ရှားစေသော သူ၏ အပေါ်သို့ ထိုသဘောမျိုးတို့ကို ပြန်၍ ထင်ရှားစေလိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် တည်ရှိ အုပ်စိုးနေသောအခါ၊ အိမ်ထောင်မှုရေး ကိစ္စတွင် မသင့်တော်သော အရာ ဟူ၍ ပြောဆိုနေဖို့ လိုတော့မည် မဟုတ်။ ဘုန်းတော်၏ မျှော်လင့်ခြင်း တည်းဟူသော သခင်ခရစ်တော်သည် ဧကန် အမှန်ပင် အတွင်း၌ တည်ရှိနေလျှင်၊ အိမ်ထောင်၌ စည်း လုံးခြင်း နှင့် ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်။ စိတ်နှလုံးထဲ၌ သခင်ခရစ်တော် တည်ရှိနေသော ခင်ပွန်း နှင့် သဘောချင်း ညီညွတ်လိမ့်မည်။ ကိုယ်တော် ချစ်သော သူတို့အတွက် သခင်ခရစ်တော်သည် သွား၍ ပြင်ဆင်နေတော်မူသော အခန်းများအတွက် အတူတကွ ကြိုးစားကြလိမ့်မည်။CCB2 47.2

    ထိမ်းမြားစုံဖက်ခြင်း အမှုကို ဘုရားသခင် စီမံထား၍ သန့်ရှင်းသော တရားအားဖြင့် ကာကွယ်ထားတော်မူသော မင်္ဂလာကိစ္စ တစ်ခုကဲ့သို့ သဘောထားသော သူတို့သည် ဆင်ခြင်တုံတရား၏ အုပ်စိုးခြင်းကို ခံယူ လိုက်လျှောက်ကြလိမ့်မည်။CCB2 48.1

    အိမ်ထောင်သက်တွင် တစ်ခါတစ်ရံ ယောက်ျား နှင့် မိန်းမများတို့သည် စည်းကမ်း မရှိ၊ လမ်းလွဲသော သားသမီးများကဲ့သို့ ပြုမူတတ်ကြသည်။ ခင်ပွန်းသည် မိမိ သဘောအတိုင်း ပြုလို၏။ ဇနီးသည်လည်း မိမိ သဘောအတိုင်း ပြုလို၏။ မည်သူမျှ လက်မလျှော့လိုကြ။ ဤကဲ့သို့သော အခြေအနေမျိုးသည် ကြီးစွာ စိတ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သည်။ ခင်ပွန်း နှင့် ဇနီး နှစ်ဦးသည် တစ်ယောက် သဘောကို တစ်ယောက်က လိုက်လျောသင့်ပေသည်။ သူတို့သည် မိမိတို့ သဘောအတိုင်း ဆက်လက် ပြုလုပ်နေကြသမျှ ကာလပတ်လုံး ပျော်ရွှင်ခြင်းကို မဖြစ်စေ။ 2AH 118-121;CCB2 48.2

    အချင်းချင်း သည်းခံခြင်း၊ ချစ်ခြင်း မရှိကြလျှင်၊ မည်သည့် လောကီ တန်ခိုးမျှ သင် နှင့် သင်၏ ခင်ပွန်းတို့ကို ခရစ်ယာန် စည်းလုံးခြင်း၌ တည်မြဲစေခြင်းငှါ မပြုလုပ်နိုင်။ သင်တို့သည် ဘုရားသခင် အလိုရှိတော်မူသည် အတိုင်း တစ်ဦးအပေါ် တစ်ဦး ဖြစ်နိုင်ကြမည် အကြောင်း၊ အိမ်ထောင်ပြုရာတွင် အချင်းချင်း ရင်းနှီးစွာ ဆက်ဆံလျက် တစ်ဦးပေါ် တစ်ဦး ကြင်နာထောက်ထား၍ ပေါင်းဖက်ခြင်း အမှုတွင် သန့်ရှင်း မြင့်မြတ်ပြီးလျှင် သင်တို့ အသက်တာထဲသို့ ဝိညာဉ် တန်ခိုး သက်ရောက်လာစေရမည်။ ထာဝရဘုရားက ရောက်ရှိစေလိုသော အခြေအနေသို့ သင်တို့သည် ရောက်ရှိလာကြသောအခါ၊ သင်တို့သည် မြေကြီးပေါ်၌ ကောင်းကင်ကို လည်းကောင်း၊ သင်တို့၏ အသက်တာ၌ ဘုရားသခင်ကို လည်းကောင်း တွေ့ရှိကြလိမ့်မည်။CCB2 48.3

    ကျွန်ုပ်၏ မောင်၊ ညီမများတို့၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသည်ကို လည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်၊ ထိမ်းမြားမင်္ဂလာCCB2 48

    ၌ ဂတိထားခဲ့သည်အတိုင်း သင်တို့သည် အချင်းချင်းကို ပျော်ရွှင်စေခြင်းငှါ ပြုလုပ်နိုင်ကြမည်ကို လည်းကောင်း သတိရကြပါ။ 3AH 112.CCB2 49.3

    သခင်ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင့် ကိုယ်ကို လည်းကောင်း၊ ကိုယ်ကျိုးရှာတတ်သော သဘောကို လည်းကောင်း အောင်မြင်နိုင်သည်။ သင်သည် ကိုယ်တော်၏ အသက်တာမျိုး၌ အသက်ရှင်လျက်၊ ခြေလှမ်းတိုင်း၌ ကိုယ်ကို ငြင်းပယ်ခြင်း သဘောကို ပြ၍ အကူအညီလိုသော သူတို့အား များစွာ ထောက်ထားခြင်း သဘောကို ထင်ရှားစေကြသောအခါ၊ သင်သည် တစ်ခုပြီး တစ်ခု အောင်မြင်ခြင်းကို ရရှိလိမ့်မည်။ သင့် ကိုယ်ကို မည်ကဲ့သို့ အောင်မြင်၍ သင်၏ အကျင့်တွင် အားနည်းသော အချက်တို့ကို မည်ကဲ့သို့ ခိုင်ခံ့လာစေရမည်ကို သင်သည် တစ်နေ့ပြီး တစ်နေ့ သာ၍ သိရှိနားလည်လာလိမ့်မည်။ သခင်ယေရှု၏ အလိုတော်သို့ သင်၏ အလိုကို အပ်နှင်းသောကြောင့်၊ သခင်ယေရှုသည် သင်၏ အလင်း၊ သင်၏ ခွန်အား၊ သင်၏ ဝမ်းမြောက်ခြင်း သရဖူ ဖြစ်လာလိမ့်မည်။ 47T 49.CCB2 49.1