Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နားထောင်ခြင်းဖြင့် ခွန်အားရခြင်း။

    သမ္မာတရားကို သိသော သူအပေါင်းတို့၏ အကျင့်သည် မိမိ၏ ယုံကြည်ခြင်း တရားနှင့် ညီညွတ်လျက်၊ သူတို့၏ အသက်တာသည် ချွတ်၍ သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်ပြီးလျှင်၊ သတင်းစကားကို ကြားပြောရသော ဤ နောက်ဆုံး နေ့ရက်များတွင် အမှုတော်သည် လျင်မြန်စွာ ပြီးမြောက်ရမည် အကြောင်း၊ ဤ သူတို့ အပေါ်၌ အလွန် အရေးကြီးသော တာဝန်သည် တည်ရှိနေ၏။ အစားအသောက်ကို တပ်မက်မောနေစေခြင်းငှါ သူတို့၌ အချိန် သို့မဟုတ် ခွန်အား မရှိကြ။ “ထိုအကြောင့် ထာဝရဘုရား ထံတော်မှ ချမ်းအေးသော အချိန် ကာလသည် ရောက်လာ၍၊ သင်တို့၏ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ (တ၊ ၃: ၁၉) ဟူသော နှိုးဆော်စကားများသည် ကျွန်ုပ်တို့ ထံသို့ ယခု အရေးကြီးစွာ ရောက်လာရလိမ့်မည်။ ကျွန်ုပ်တို့ အထဲတွင် ဝိညာဉ်ရေး၌ ချို့တဲ့သော သူများ၊ လုံးလုံး ပြောင်းလဲခြင်း မရှိကြလျှင် ဧကန် အမှန်ပင် ပျောက်ဆုံးကုန်ကြမည့် လူများ ရှိနေကြ၏။ သင်သည် သူတို့အတွက် သက်စွန့် ကြိုးပမ်း လုပ်ကိုင် ဆောင်ရွက် နိုင်ပါမည်လော။CCB2 260.1

    ဘုရားသခင်သည် မိမိ၏ လူများအား အစဉ် ဆက်လက် တိုးတက်နေစေခြင်းငှါ အလိုရှိတော်မူ၏။ အစားအသောက်၌ မက်မော အလိုလိုက်ခြင်းသည် စိတ်ဉာဏ်စွမ်း တိုးတက်မှု နှင့် ဝိညာဉ် သန့်ရှင်းရေးတွင် အကြီးဆုံး အတားအဆီး တစ်ခု ဖြစ်သည်ကို ကျွန်ုပ်တို့သည် သိရှိ နားလည်အပ်ကြပေသည်။ ကျန်းမာရေးနှင့် ဆိုင်၍ ပြုပြင်ပြောင်းလဲခြင်း အကြောင်းကို မသင့်မတော်သော နည်းများဖြင့် စားသောက်နေကြသည်။ အစားအသောက်၌ မက်မော အလို လိုက်ခြင်းသည် ကာယ နှင့် စိတ်ဉာဏ် အားနည်း ဆုတ်လျော့ခြင်း၏ အကြောင်းရင်း ဖြစ်၍ အများအားဖြင့် ခွန်အား နည်းပါးခြင်းနှင့် အချိန် မရောက်ဘဲ သေဆုံးခြင်းတို့၏ အခြေခံ အချက် ဖြစ်ပေသည်။ သခင်ခရစ်တော်၌ အစားအသောက်ကို ချုပ်တည်းနိုင်သော စွမ်းအားသတ္တိကို ရရှိနိုင်ကြောင်း ဝိညာဉ် သန့်ရှင်းရေးကို အလိုရှိနေသော သူသည် အမြဲ စိတ်ထဲ၌ မှတ်သားထားပါစေ။CCB2 260.2

    အသားပါသော အစားအသောက်ကို သုံးဆောင်လိုသော ဆန္ဒကို လိုက်လျောခြင်းဖြင့် ကျွန်ုပ်တို့သည် အကျိုးခံစားရကြမည် ဆိုလျှင်၊ ကျွန်ုပ်သည် ဤကဲ့သို့ နှိုးဆော် တိုက်တွန်းလိမ့်မည် မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့သည် အကျိုး မခံစားနိုင်ကြောင်းကို ကျွန်ုပ် သိရှိပါသည်။ အသားပါသော အစာများသည် ကိုယ်ခန္ဓာ ကျန်းမာ ကောင်းစားရေးကို ထိခိုက်စေသည် ဖြစ်၍၊ ကျွန်ုပ်တို့သည် ၎င်းအစာမျိုး မပါဘဲ စားသောက်ကြဖို့ လေ့လာ သိနားလည်အပ်ကြသည်။ ဟင်းသီးဟင်းရွက် ပါသော အစားအသောက်တို့ကို ရနိုင်သော အခြေအနေ၌ ရှိသော်လည်း ဤ ကိစ္စ၌ မိမိတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်လျက် မိမိတို့ သဘောအတိုင်း စားသောက်ကြသော သူတို့သည် ခေတ်ကာလ၏ သမ္မာတရားနှင့် သက်ဆိုင်သော အခြား အကြောင်း သခင်ဘုရား သွန်သင်တော်မူချက် တို့ကို တစ်ဖြည်းဖြည်း ဂရုမစိုက်ဘဲ နေလာကြသဖြင့်၊ သမ္မာတရားသည် အဘယ်အရာ ဖြစ်သနည်း ဟူသော အချက်ကို သူတို့သည် မသိနားမလည်ဘဲ နေကြလိမ့်မည်။CCB2 261.1

    ကျွန်ုပ်တို့၏ ကျောင်းများတွင် ရှိနေကြသော ကျောင်းသားများအား အသားပါသော အစာများ သို့မဟုတ် ကျန်းမာခြင်းနှင့် မညီညွတ်ဘဲ ပြင်ဆင် ချက်ပြုတ်ထားသော အစာများကို မကျွေးမွေးရဟု ကျွန်ုပ်အား သွန်သင်ထားခဲ့ပြီ။ လှုံ့ဆော်စေတတ်သော အရာတို့ကို တောင့်တ လိုလားသော စိတ်ကို ဆွပေးစေမည့် အရာ တစ်စုံတစ်ခုကိုမျှ ထမင်းစားပွဲပေါ်တွင် မရှိစေရ။ အသက်ကြီးသော သူ၊ ငယ်သော သူ နှင့် လူလတ် အရွယ် ရှိသူတို့အား ကျွန်ုပ် နှိုးဆော် တောင်းပန်ပါသည်။ သင့်အား ထိခိုက် ဘေးဖြစ်စေသော အရာများ ပါသော အစားအသောက်တို့ကို ငြင်းပယ်ပါ။ စွန့်စားခြင်းဖြင့် ထာဝရဘုရားကို ကိုးကွယ်ပါ။CCB2 261.2

    အသား မပါဘဲ ဘယ်အစာမျှ မစားမသောက်နိုင်ဟု ထင်မှတ်နေကြသော သူ အများ ရှိကြသည်။ သို့ရာတွင် ဤ သူတို့သည် ထာဝရဘုရားဘက်၌ နေလျက် ဘုရားသခင် လမ်းပြတော်မူသည်အတိုင်း လိုက်လျှောက်ရန် အမှန် ဆုံးဖြတ်ထားကြလျှင်၊ ဒံယေလ နှင့် သူ၏ အဖော်များကဲ့သို့ သူတို့သည် ခွန်အား နှင့် ဉာဏ်ပညာကို ရရှိကြလိမ့်မည်။ ထာဝရဘုရားသည် သူတို့အား ကောင်းစွာ ဝေဖန် ပိုင်းခြားနိုင်သော ဉာဏ်ကို ပေးသနားတော်မူမည်ကို သူတို့သည် တွေ့ရှိရကြလိမ့်မည်။ မိမိ ကိုယ်ကို ငြင်းပယ်ခြင်း အမှုအားဖြင့် မည်မျှ များစွာသော သူတို့သည် ဘုရားသခင်၏ အမှုတော်အတွက် ကယ်ဆယ်ခြင်း ခံရကြမည်ကို မြင်ရသဖြင့် များစွာသော သူတို့သည် အံ့သြကြလိမ့်မည်။ စွန့်စား ရက်ရောခြင်း အမှုအားဖြင့် စုဆောင်းထားသော ငွေ အနည်းငယ်သည် ကိုယ်ကို ငြင်းပယ်ခြင်း မရှိဘဲ ပေးသော အလှူငွေ များစွာထက် ဘုရားသခင်၏ အမှုတော် တည်ဆောက်ခြင်း လုပ်ငန်းကို သာ၍ များပြားစွာ ပြီးမြောက်စေလိမ့်မည်။CCB2 262.1