Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မြဲမြံစွာ ရပ်တည်နေရန် နှိုးဆော်ခြင်း။

    သတ္တမနေ့ ဥပုသ် အသင်းသားတို့သည် ရေးကြီးခွင်ကျယ် ဖြစ်သော သမ္မာတရားများကို ကိုင်စွဲနေရကြသည်။ လွန်ခဲ့သော အနှစ် လေးဆယ်ကျော် အထက်က (၁၈၆၃ ခုနှစ်တွင်) ထာဝရဘုရားသည် ကျွန်ုပ်တို့အား ကျန်းမာရေး၌ ပြုပြင်ပြောင်းလဲခြင်း အမှုနှင့် ဆိုင်သော အလင်းတရားကို ချပေးတော်မူ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် ထိုအလင်းတွင် မည်ကဲ့သို့ လျှောက်လိုက်နေကြသနည်း။ ဘုရားသခင်၏ အကြံဉာဏ်ပေးချက်အတိုင်း ညီညွတ်စွာ နေဖို့ အရေးကို လူ မည်မျှသည် ငြင်းပယ်ခဲ့ကြပြီလဲ။ လူတစ်မျိုး ဖြစ်သည်အလျောက် ကျွန်ုပ်တို့သည် မိမိတို့ ရရှိသော အလင်းတရား၏ အချိုးအစားနှင့် ညီမျှစွာ တိုးတက်ခြင်း ရှိရကြမည်။ ကျန်းမာရေး၌ ပြုပြင်ပြောင်းလဲခြင်း အမှုနှင့် ဆိုင်ရာ အခြေခံ တရားများကို သိရှိ နားလည်၍ ရိုသေလေးစားရန် ကျွန်ုပ်တို့၌ တာဝန် ရှိပေသည်။ အစားအသောက်၌ ခြိုးခြံခြင်း (သေအရက် ရှောင်ခြင်း) အကြောင်းနှင့် စပ်ဆိုင်လျှင် ကျွန်ုပ်တို့သည် အခြားသော သူ အပေါင်းထက် ရှေ့ကျလျက် တိုးတက်ကြီးပွားရကြမည်။ သို့ရာတွင် ကျွန်ုပ်တို့ အထဲ၌ ဤ အကြောင်းအရာနှင့် ပတ်သက်၍ ဘုရားသခင် ချပေးတော်မူသော အလင်းတရားကို အနည်းငယ်မျှလောက်သာ လေးစားသော အသင်းသားများ ရှိကြသေးသည်။ သူတို့ သည် ကောင်းစွာ သွန်သင်ခြင်း ခံရသူများ ဖြစ်ကြသည်။ ဧဝံဂေလိ အမှုဆောင်ကြီးများပင် ထိုသို့ သဘောထားတတ်ကြသေးသည်။ သူတို့သည် မိမိ ကြိုက်နှစ်သက်ရာကို စားသောက်ကြလျက် မိမိတို့ သဘောအတိုင်း အလုပ် လုပ်ကိုင်နေတတ်ကြသည်။CCB2 262.2

    ကျွန်ုပ်တို့၏ လုပ်ငန်းကြီးတွင် ဆရာလုပ်နေသူများ၊ ဦးစီး ခေါင်းဆောင် လုပ်နေသူများတို့သည် ကျန်းမာရေးနှင့် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွင် ကျမ်းစာ၏ အခြေခံချက်များ အပေါ်တွင် တည်မြဲနေကြပါစေ။ ၎င်းပြင် ကျွန်ုပ်တို့သည် ဤ လောကရာဇဝင်၏ နောက်ဆုံးခေတ်တွင် အသက်ရှင်နေရကြသည်ကို ယုံကြည်သော သူတို့အား မှန်ကန် တိကျသော သက်သေကို ပေးကြပါစေ။ ဘုရားသခင်ကို ကိုးကွယ်သူများ နှင့် မိမိ ကိုယ်ကျိုးကိုသာ ရှာနေသူများ၏ စပ်ကြားတွင် ခြားနားကြောင်း ဖော်ပြထားသော မျဉ်းကြောင်းကို ရေးမှတ်ထားရလိမ့်မည်။CCB2 263.1

    သတင်းစကားကို ရှေးဦးစွာ ကြားပြောရသော ခေတ်ကာလတွင် ကျွန်ုပ်တို့အား ပေးထားခဲ့သော အခြေခံ တရားများသည် ထိုအခါ ကာလက ကဲ့သို့ပင် ယခုခေတ်ကာလ၌လည်း အရေးကြီးလျက် ဖြောင့်မတ်ရိုသေစွာ ဂရုစိုက် လေးစားအပ်ပေသည်။ အစားအသောက်နှင့် ဆိုင်သော ပြဿနာအတွက် ချပေးသော အလင်းတရားကို ဘယ်အခါမျှ မလိုက်မနာဘဲ နေကြသော သူ အချို့ ရှိကြသည်။ ယခု တောင်းအောက်၌ ဖုံးထားသော ဆီမီးကို ယူ၍ ကြည်လင် တောက်ပသော ရောင်ခြည်နှင့် ထွန်းတောက်စေဖို့ အချိန် ရောက်လာပြီ။CCB2 263.2

    ကျန်းမာခြင်းနှင့် ညီညွတ်စွာ နေထိုင်ခြင်းအဖို့ အခြေခံ စည်းကမ်း ဥပဒေများသည် ကျွန်ုပ်တို့ အသီးအသီး နှင့် လူတစ်မျိုးအတွက် များစွာ အဓိပ္ပါယ် ကျယ်ဝန်းပေသည်။ ကျန်းမာခြင်းနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲရေး သတင်းစကားကို ရှေးဦးစွာ ကျွန်ုပ်သည် ရရှိသောအခါ၊ ကျွန်ုပ်သည် အားနည်းနွမ်းယိနေသဖြင့် မကြာခဏ မိန်းမောသွားရလေ၏။ ကျွန်ုပ်သည် ဘုရားသခင်အား မစကူညီတော်မူရန် တောင်းပန်နေရာ၊ ဘုရားသခင်သည် ကျွန်ုပ်အား ကျန်းမာရေးနှင့် စပ်ဆိုင်သော ပြုပြင်ပြောင်းလဲမှု အကြောင်း ကြီးကျယ်သော အချက်ကို ဖွင့်ပြတော်မူ၏။ ဘုရားသခင်၏ ပညတ်တော်ကို စောင့်သော သူတို့သည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သန့်ရှင်းစွာ ဆက်ဆံခြင်း ရှိရလျက် အစားအသောက် ၌ ချုပ်တည်း ခြိုးခြံခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်တွင် အသုံးချရန် မိမိတို့၏ ကိုယ်ခန္ဓာ နှင့် စိတ်သဘောကို နှစ်သက်ဖွယ် အကောင်းဆုံးသော အခြေအနေ၌ ထားရှိရကြမည်ဟု ဘုရားသခင်က ကျွန်ုပ်အား သွန်သင်တော်မူ၏။ ဤ အလင်းတရားသည် ကျွန်ုပ်အတွက် ကြီးမြတ်သော မင်္ဂလာ တစ်ခု ဖြစ်၏။ ထာဝရဘုရားသည် ကျွန်ုပ်အား ခွန်အားကို ပေးတော်မူမည်ဟု သိရှိလျက် ကျွန်ုပ်သည် ကျန်းမာရေး၌ ပြုပြင် ပြောင်းလဲသော သူ အဖြစ်နှင့် ရပ်တည်နေ၏။ ယနေ့ အသက်အရွယ် ရင့်လာသော်လည်း၊ ငယ်စဉ်အခါကထက် ကျွန်ုပ်သည် သာ၍ သန်စွမ်း ကျန်းမာလျက် ရှိ၏။CCB2 263.3

    ကျွန်ုပ်သည် ကလောင်ဖြင့် ရေးသား ဖော်ပြထားသည်အတိုင်း၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆိုင်ရာ အခြေခံ စည်းမျဉ်း ဥပဒေများကို မလိုက်မနာဘဲ နေခဲ့ပြီဟု အချို့သော သူတို့က သတင်းလွှင့်ကြသည်။ သို့ရာတွင် ကျွန်ုပ်သည် ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု၌ သစ္စာရှိသော သူ ဖြစ်ကြောင်း အသေအချာ ပြောဆိုလိုပါသည်။ ကျွန်ုပ်၏ အိမ်ထောင်သားများ ဖြစ်ခဲ့သော သူတို့က ဤ အချက်သည် မှန်ကြောင်း အသေအချာ သိရှိကြပါသည်။CCB2 264.1