Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အကျင့် ညစ်ညူးခြင်း၏ ဆိုးကျိုး။

    မိမိတို့ ကိုယ်ကို အကြီးအကျယ် ဝန်ခံ ပြောဆိုနေကြသော သူ အချို့တို့သည် ကိုယ်ကိုကိုယ် ညစ်ညူးယုတ်ညံ့စေခြင်း၏ အပြစ် နှင့် ၎င်း၏ သေချာသော ဆိုးကျိုး အကြောင်းကို နားမလည်ကြချေ။ ကြာမြင့်စွာ တည်ရှိနေသော အကျင့်ဓလေ့သည် သူတို့၏ အသိဉာဏ်ကို ကွယ်စေ၏။ ကိုယ်ခန္ဓာကို အားလျော့စေ၍ ဦးနှောက် အာရုံကြော၏ သတ္တိများကို ဖျက်ဆီးနေသော ယုတ်ညံ့စေသော ဤ အပြစ်တို့၏ အလွန်အမင် အပြစ်ရှိခြင်း အကြောင်းကို သူတို့သည် ကောင်းစွာ မသိ နားမလည်ကြ။ တည်ရှိနေသော အကျင့်ဓလေ့တို့နှင့် တိုက်လှန်လာရသောအခါ၊ ကျင့်ဝတ် အခြေခံ စည်းကမ်းများသည် အလွန်အမင် အားနည်းလာ၏။ အောက်ကျသော ဤ ဆိုးသွမ်းမှုတို့ကို လိုက်စားခြင်း မပြုရန် ကာကွယ်ထားခြင်း မရှိသော နှလုံး၌ ကောင်းကင် သတင်းစကားတို့ကို အခိုင်အမာ မစွဲစေနိုင်။ ကာမဂုဏ် လိုက်စားခြင်းအတွက် သဘာဝအတိုင်း မဟုတ်သော အလိုဆန္ဒကို ပြည့်ဝစေခြင်းငှါ မကျန်းမာသော ထကြွမှုအားဖြင့် ဦးနှောက်၏ ထိခိုက်လွယ်သော အာရုံကြောများသည် မိမိတို့၏ ကျန်းမာနေသော အခြေအနေကို ဆုံးရှုံးရကြလေသည်။132T 347;CCB2 292.1

    အကျင့် ညစ်ညူးခြင်းသည် အခြားသော ဆိုးသွမ်းမှုတိုင်းထက် လူမျိုးကို သာ၍ ယုတ်ညံ့သွားစေ၏။ ၎င်းကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကြီးအကျယ် ပြုကျင့်နေကြသဖြင့် အမျိုးမျိုးသော ရောဂါဝေဒနာများကို သက်ရောက်စေလေပြီ။CCB2 292.2

    မိမိတို့၏ သားသမီးများသည် ဤ ဆိုးသွမ်းမှု အကြောင်း အနည်းငယ် သိ နားလည်ခြင်း ရှိကြလိမ့်မည်ဟု မိဘတို့သည် အများအားဖြင့် မယုံသင်္ကာ မဖြစ်ကြချေ။ အလွန် များသော ကိစ္စများတွင် မိဘတို့သည် အကယ်ပင် အပြစ် ရှိသူများ ဖြစ်ကြသည်။ သူတို့သည် အိမ်ထောင်ဖက်ပြုခြင်း အခွင့်အရေးတို့ကို မသင့်မလျော် သုံးစွဲခဲ့ကြပြီးလျှင်၊ အလိုလိုက်ခြင်းဖြင့် မိမိတို့၏ တိရိစ္ဆာန် ကဲ့သို့သော ရမ္မက်တို့ကို ခိုင်ခံ့စေကြပြီ။ ၎င်းပြင် ဤ အရာတို့ကို ခိုင်မြဲစေကြပြီ၊ ၎င်းပြင် ဤ အရာတို့ကို ခိုင်မြဲစေကြသောအခါ၊ အကျင့်၊ သိမှတ်တတ်သော ဉာဏ်တို့နှင့် ဆိုင်သော အစွမ်းသတ္တိသည် အားနည်းလာကြ၏။ ဝိညာဉ် သဘောသည် တိရိစ္ဆာန် သဘောအားဖြင့် နှိပ်ကွပ်ခြင်း ခံရလေ၏။ မိဘတို့၏ ဇာတိသဘောကို ဆက်ခံ ရရှိလာကြသဖြင့်၊ သားသမီးတို့သည် များစွာ တိုးပွားလာသော တိရိစ္ဆာန် သဘောများနှင့် မွေးဖွာလာကြ၏။ ဤ မိဘများ၌ မွေးဖွားလာကြသော သားသမီးတို့သည် လျှို့ဝှက်သော ဆိုးသွမ်းမှု တည်းဟူသော စက်ဆုပ်ဖွယ် အကျင့်များကို သဘာဝ အလျောက် ဧကန်မလွဲ လိုက်နာကြလိမ့်မည်။ မိဘတို့သည် သားသမီးတို့အား မိမိတို့၏ ကာမဂုဏ် လိုက်စားတတ်သော ဇာတိစိတ်ကို အသေအချာ ဆက်ခံစေကြသောကြောင့်၊ မိဘတို့၏ အပြစ်ကို သားသမီးတို့ အပေါ်သို့ သက်ရောက်စေကြလိမ့်မည်။CCB2 292.3

    ဤကဲ့သို့ ဝိညာဉ် နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးသော ဆိုးသွမ်းမှုတို့၌ လုံးလုံး စွဲကပ်နေသော သူသည် မိမိတို့နှင့် ပေါင်းဖော်သော သူတို့အား မိမိတို့၏ လျှို့ဝှက်သော မကောင်းမှု ဝန်ထုပ်များကို အခြားသော သူတို့အား ဝေမျှ မပေးမီတိုင်အောင် အငြိမ်နေခဲလှပေသည်။ ထူးဆန်းသော အရာကို သိမြင်လိုတတ်သော သဘောသည် ထကြွလာ၏။ ၎င်းပြင် ဆိုးသွမ်းမှု အကြောင်းကို ပျိုရွယ်သူ တစ်ဦးထံမှ တစ်ဦးသို့ လည်းကောင်း၊ ကလေး တစ်ယောက်ထံမှ တစ်ယောက်သို့ လည်းကောင်း ရောက်ရှိသွားစေသဖြင့်၊ ဤ ယုတ်ညံ့သော အပြစ်ကို လေ့ကျင့် လိုက်စားခြင်း အကျင့်ကို မသိရှိသော သူ တစ်ယောက်မျှ မရှိသလောက် ဖြစ်၏။142T 391, 392; CCB2 293.1

    လျှို့ဝှက်သော အကျင့်ဓလေ့တို့ကို ပြုကျင့်ခြင်း အမှုသည် ကိုယ်ခန္ဓာ၏ အသက်ရှင်စေသော သတ္တိအင်အားတို့ကို ဧကန်အမှန်ပင် ဖျက်ဆီး၏။ ထိုသို့ နှိပ်ကွပ်ထားမှုကြောင့် အသက်ရှင်စေသော အင်္ဂါတို့တွင် မလိုသော လှုပ်ရှားမှု အပေါင်းကို ဖြစ်စေ၏။ ပျိုရွယ်သော သူတို့တွင် အရေးကြီး၍ အသက်ရှင်စေသော ဗဟို အင်္ဂါ တည်းဟူသော ဦးနှောက်သည် ငယ်ရွယ်စဉ်အခါ၌ပင် အလွန် ပြင်းထန်စွာ ပင်ပန်းခဲ့သဖြင့်၊ ချွတ်ယွင်းခြင်း နှင့် ကြီးစွာ အားကုန်ခန်း ခြင်း အမှုကို ဖြစ်စေရာ၊ ကိုယ်ခန္ဓာသည် ရောဂါဝေဒနာ အမျိုးမျိုးတို့ကို စွဲကပ်စရာ အကြောင်း ဖြစ်လာ၏။CCB2 293.2

    အသက် ဆယ့်ငါးနှစ် နှင့် ဆယ့်ငါးနှစ် အထက်သို့ တိုင်အောင် ဤ အကျင့်ကို ဆက်လက် ပြုလုပ်နေပါက၊ သဘာဝသည် မိမိ ခံရသော နှိပ်စက် ရှုတ်ချခြင်း အမှုကို ကန့်ကွက်လိမ့်မည်၊ ၎င်းပြင် ထိုအမှုတို့ကို ဆက်လက် ခံနေရလျက်၊ မိမိ၏ တရားများကို လွန်ကျူးခြင်းအတွက် အခကို ပေးရလိမ့်မည်။ အထူးသဖြင့် အသက် သုံးဆယ်မှ လေးဆယ့်ငါးနှစ် အထိ ကိုယ်ခန္ဓာ၌ များစွာသော ဝေဒနာများ၊ အမျိုးမျိုးသော ရောဂါများ တည်းဟူသော အသည်း၌ ထိခိုက်နာများ၊ အကြောနာ၊ ဒူလာမီးယပ်နာ၊ ကျောရိုး၌ ထိခိုက်နာ၊ ကျောက်ကပ်ရောဂါ နှင့် ကင်ဆာနာကဲ့သို့သော ရောဂါအနာများအားဖြင့် အခကို ပေးဆပ်ရလိမ့်မည်။ သဘာဝ၏ နူးညံ့သော ခန္ဓာစက် အချို့တို့သည် ချို့ယွင်းပျက်စီးသွားသဖြင့် ကျန်ရှိနေသေးသော စက်တို့ အပေါ်သို့ သာ၍ ကြီးလေးသော လုပ်ငန်းကို ချပေးရာ၊ သဘာဝ၏ နူးညံ့သော အစီအမံကို ဖရိုဖရဲ ဖြစ်သွားစေ၏။ ၎င်းပြင် မကြာခဏ ကိုယ်ခန္ဓာကို ရုတ်တရက် ပြိုပျက်သွားစေခြင်း၊ သေဆုံးခြင်းတို့ကို ဖြစ်စေလိမ့်မည်။CCB2 294.1

    တစ်စုံတစ်ယောက်သော သူ၏ အသက်ကို ရုတ်တရက် သေစေခြင်း အမှုသည် ကောင်းကင်ဘုံ၏ မျက်မှောက်၌ တစ်ဖြည်းဖြည်း နှင့် ဧကန်အမှန် ပျက်စီး သေဆုံးစေခြင်းထက် သာ၍ ကြီးကျယ်သည် မဟုတ်။ မှားသော အမှုအားဖြင့် မိမိ ကိုယ်၌ ဧကန်အမှန် ပျက်စီးယိုယွင်းခြင်းကို ဖြစ်စေသော သူတို့သည် ဤ ဘဝ၌ အပြစ်၏ အခကို ခံရကြမည်။ ၎င်းပြင် အသေအချာ နောင်တရခြင်း မရှိလျှင်၊ အသက်ကို ချက်ချင်း ဖျက်ဆီးသော သူထက် လျင်မြန်စွာ နောင်ဘဝ၌ ကောင်းကင်သို့ ဝင်စားခွင့်ရမည် မဟုတ်။ အကြောင်းရင်း နှင့် ၎င်း၏ အကျိုးအပြစ်တို့ကို ဆက်သွယ်နေစေခြင်းငှါ၊ ဘုရားသခင်သည် အလိုရှိတော်မူ၏။CCB2 294.2

    အားနည်းသော ပျိုရွယ်သူ အပေါင်းတို့အား မှားယွင်းသော အလေ့အကျင့်တို့ကြောင့် အပြစ်ဒဏ်သင့်သူများ အဖြစ် ကျွန်ုပ်တို့ သဘောမထားကြပါ။ စိတ်သဘော သန့်ရှင်း၍ ဖြောင့်မတ် မှန်ကန်သော သူများ ရှိကြသည်၊ သို့ရာတွင် သူတို့သည် သူတို့ မစိုးမိုးနိုင်သော အကြောင်းရင်းများကြောင့် ဒုက္ခဝေဒနာ ခံစားနေရကြသည်။CCB2 294.3

    လျှို့ဝှက်သော ဆိုးသွမ်းမှုသည် ဘာသာရေး၌ ကောင်းမြတ်သော အကျင့်သီလကို ဖြစ်ပေါ်လာစေရန် မြင့်မြတ်သော စိတ်ပြဋ္ဌာန်းမှု၊ စိတ်အားကြီးစွာ ကြိုးစား အားထုတ်မှု နှင့် စိတ်အလိုဆန္ဒ၌ ခိုင်ခံ့မှုတို့ကို ဖျက်ဆီးသော အရာ ဖြစ်သည်။ ခရစ်တော်၏ နောက်တော်သို့ လိုက်သော သူတို့သည် ကိုယ်တော်၏ တပည့်တော်များကဲ့သို့ မိမိတို့၏ တပ်မက်ခြင်း၊ မိမိတို့၏ ကာယခွန်အား နှင့် ဉာဏ်အစွမ်းသတ္တိ ရှိသမျှတို့ကို ဘုရားသခင်၏ အလိုတော်သို့ လုံးလုံး အပ်နှံထားရမည်ဟု ခရစ်ယာန် ဖြစ်ခြင်းသည် မည်သည့် အရာ ပါဝင်သည်ကို မှန်ကန်စွာ သိမြင်သော သူ အပေါင်းတို့သည် သိရှိကြ၏။ မိမိတို့၏ တပ်မက်ခြင်း ရမ္မက်အားဖြင့် စိုးမိုးခြင်း ခံရသော သူတို့သည် သခင်ခရစ်တော်၏ နောက်သို့ လိုက်သော သူများ မဖြစ်နိုင်ကြချေ။ သူတို့သည် ဆိုးသွမ်းမှု အပေါင်းတို့ကို အစပြုသော သူတို့၏ သခင်၏ အလုပ်၌ အလွန် စိတ်ပါဝင်စားနေကြသဖြင့်၊ မိမိတို့၏ ပျက်စီးသော အကျင့်ဓလေ့တို့ကို မစွန့်ပစ်နိုင်၊ သခင်ခရစ်တော်၏ အမှုတော်ကို မဆောင်ရွက်နိုင်ကြ။15CG 444-446;CCB2 295.1

    စိတ်သဘောသည် နုသေးစဉ်အခါ၊ လူငယ်တို့သည် ညံ့သော အကျင့်ဆိုးတို့ကို လိုက်စားလာကြသောအခါ၊ သူတို့သည် ကာယ၊ ဉာဏ နှင့် စာရိတ္တဗလတို့တွင် ပြည့်စုံ မှန်ကန်စွာ ကြီးပွားနိုင်ရန် ခွန်အားကို ဘယ်အခါမျှ မရနိုင်ကြ။162T 351;CCB2 295.2

    ဆိုးညစ်ယုတ်ညံ့သော အကျင့်တို့ကို လိုက်စားခဲသော သူတို့သည် ဤ ဘဝ၌ ကျန်းမာရေး နှင့် နောင်ဘဝ၌ ကယ်တင်ခြင်းကို တန်ဖိုးထားကြလျှင်၊ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ကား ထိုအကျင့်တို့ကို စွန့်ပစ်ခြင်းတည်း။ ဤ အကျင့်ဓလေ့များကို အတော်ကြာမြင့်စွာ လိုက်စားခဲ့သောအခါ၊ သွေးဆောင် စုံစမ်းခြင်းကို တားဆီး ကန့်ကွက်၍ ပျက်စီးစေသော ကာမဂုဏ် လိုက်စားမှုတို့ကို ငြင်းပယ်ရန် စိတ်ပြဋ္ဌာန်းခြင်း နှင့် ကြိုးစား အားထုတ်ဖို့ လိုပေသည်။17CG 464;CCB2 295.3

    ကျွန်ုပ်တို့၏ သားသမီးများအား ဆိုးသွမ်းသော အကျင့်ဓလေ့တိုင်းမှ ကာကွယ်ပေးရန် အမှန် ဘေးကင်း လုံခြုံသော တစ်ခုတည်းသော နည်းကား သူတို့အား သခင်ခရစ်တော်၏ သိုးခြံထဲသို့ သွင်းပေး၍ သစ္စာရှိလျက် မှန်ကန်သောCCB2 295.4

    သိုးထိန်းကြီး၏ လက်အောက်၌ စောင့်ရှောက်ခြင်းကို ခံစားဖို့ ကြိုးစားခြင်းတည်း။ သူတို့သည် ကိုယ်တော်၏ စကားသံတော်ကို ဂရုစိုက်ကြလျှင်၊ ကိုယ်တော်သည် သူတို့ကို ဆိုးသွမ်းသော အမှုတိုင်းမှ ကယ်တင်မည်၊ ဘေးဥပဒ် အပေါင်းမှ ကာကွယ်ပေးတော်မူမည်။ ကိုယ်တော်က၊ “ငါ၏ သိုးတို့သည် ငါ၏ စကားသံကို ကြားရကြသဖြင့် ငါ့ နောက်သို့ လိုက်ကြ၏။” ဟု မိန့်တော်မူ၏။ သခင်ခရစ်တော်၌ သူတို့သည် ကျက်စားရာ နေရာကို တွေ့ရှိ၍၊ ခွန်အား နှင့် မျှော်လင့်ခြင်းကို ရရှိလျက်၊ စိတ်အာရုံ တိမ်းယိမ်းစေ၍ နှလုံးအလိုကို ပြည့်စေရန် တစ်စုံတစ်ခုကို စိတ်မငြိမ်မသက်စွာ တောင့်တခြင်းဖြင့် ဒုက္ခရောက်နေရလိမ့်မည် မဟုတ်။ သူတို့သည် အဖိုးများစွာ ထိုက်သော ပုလဲကို တွေ့ကြပြီ ဖြစ်၍ စိတ်သည် ငြိမ်သက်ခြင်းကို ရရှိလေပြီ။ သူတို့၏ ပျော်မွေ့ခြင်း အမှုသည် ဖြူစင်၊ ငြိမ်သက်၊ မြင့်မြတ်၍ ကောင်းကင်နှင့် ဆိုင်သော သဘောများ ပါဝင်၏။ ၎င်းတို့သည် စိတ်ပျက်ဖွယ်ရာ အကြောင်း၊ သံဝေဂရစရာ အကြောင်းများကို ပြန်၍ ဖြစ်ပေါ် မလာစေနိုင်။ ထိုသို့သော ပျော်မွေ့ခြင်း အမှုသည် ကျန်းမာရေးကို မပျက်စီးစေနိုင်၊ သို့မဟုတ် စိတ်ကို မပင်ပန်းစေနိုင်ဘဲ၊ ကျန်းမာစေသော သဘောများ ပါဝင်၏။18CG 467;CCB2 296.1

    * * * * *