Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏ ဗိမာန်တော်ကို မဖျက်ဆီးနှင့်။

    ပျိုရွယ်သူတို့၏ စိတ်ကို ရယူလျက် အကြံအစည်တို့ကို ဖျက်ဆီးလျက် ရမ္မက်များကို အကြီးအကျယ် ထကြွလာစေခြင်းသည် ဤ နောက်ဆုံးသော ကာလတွင် စာတန်၏ ထူးခြားသော အလုပ် ဖြစ်၏။ အကြောင်းကား၊ ထိုသို့ ပြုခြင်းဖြင့် သူသည် ညစ်ညူးသော အပြုအမူတို့ကို ပြုစေရန် သွေးဆောင်နိုင်သည်ကို သိရှိ၏။ ၎င်းပြင် ထိုသို့အားာဖြင့် စိတ်၏ မြင့်မြတ်သော အစွမ်းသတ္တိအပေါင်းသည် ယုတ်ညံ့သွားကြသဖြင့်၊ မိမိ အလိုအတိုင်း ဖြစ်စေရန် သူတို့ကို စိုးမိုးနိုင်၏။ 5CG 440;CCB2 288.1

    ဤ ဆုတ်ယုတ်နေသော ခေတ်တွင် စာရိတ္တမဏ္ဍိုင်ကို တည်ဆောက်နေသော ပျိုရွယ်သူတို့အတွက် ကျွန်ုပ်၏ ဝိညာဉ်သည် ညည်းတွား၏။ သူတို့၏ မိဘများအတွက်လည်း ကျွန်ုပ်သည် ကြောက်လန့် တုန်လှုပ်၏။ အကြောင်းကား မိမိတို့၏ သားသမီးများအား သူတို့ လိုက်နာသင့်သော လမ်းအတိုင်း သွန်သင် လေ့ကျင့်ပေးရန် တာဝန်ကို အများအားဖြင့် မသိ နားမလည်ကြသည်ကို ကျွန်ုပ်အား ဖော်ပြထားခဲ့ပြီ။ ထုံးစံဓလေ့ နှင့် ခေတ်ဆန်မှုတို့ကို ဆွေးနွေးတိုင်ပင်ကြသဖြင့်၊ မကြာမီ သားသမီးတို့သည် ဤ အရာများအားဖြင့် သွေးဆောင်ရာသို့ လိုက်ပါသွားကြလျက် ပျက်စီးကုန်ကြလေ၏။ သူတို့ကို အလိုလိုက်ထားသော မိဘများ ကိုယ်တိုင် သူတို့၏ ဘေးအန္တရာယ်ကို မသိဘဲ အိပ်ပျော်နေကြသကဲ့သို့ ဖြစ်နေကြ၏။ သို့ရာတွင် ပျက်စီးနေသော အကျင့်စာရိတ္တနှင့် ကင်းလွတ်သော ပျိုရွယ်သူတို့မှာ အလွန် နည်းကြ၏။ သူတို့သည် အလွန်အမင် ပင်ပန်းသွားကြ မည်ကို စိုးရိမ်သဖြင့်၊ သူတို့အား ကိုယ်ကာယ လှုပ်ရှားမှုများကို များစွာ ပြုပြင်ဖို့ အခွင့်မပေးကြ။ မိမိတို့၏ သားသမီးများ ဆောင်ရွက်အပ်သော ဝန်ထုပ်များကို မိဘများ ကိုယ်တိုင် ထမ်းဆောင်ကြ၏။CCB2 288.2

    အလွန်အမင် အလုပ် လုပ်ခြင်းသည် မကောင်း၊ သို့ရာတွင် ပျင်းရိခြင်း၏ ဆိုးကျိုးသည် သာ၍ ကြောက်စရာကောင်းလိမ့်မည်။ ပျင်းရိခြင်းသည် ပျက်စီးသော အကျင့်ဓလေ့တို့ကို ဖြစ်စေရာသော အကြောင်း ဖြစ်သည်။ လက်မှု အလုပ်အကိုင်တို့သည် ကိုယ်ကို ရှုတ်ချခြင်း ဖြစ်စေသော ဖျက်ဆီးတတ်သော အကျင့်တို့၏ ငါးပုံ တစ်ပုံလောက် ပင်ပန်း အားကုန်ခန်းခြင်းကို မဖြစ်စေနိုင်။ ရိုးရိုး သေချာစွာ စီမံထားသော အလုပ်သည် သင်၏ သားသမီးတို့ကို အားကုန်ခန်းစေလျှင်၊ မိဘများတို့ အလုပ်အကိုင် အပြင် အခြားသော အရာ တစ်စုံတစ်ခု ရှိသည်။ ၎င်းသည် သူတို့၏ ကိုယ်ခန္ဓာကို အားလျော့စေလျက် အမြဲ ပင်ပန်းသည်ကို သိစေတတ်သော သဘောကို ဖြစ်စေ၏။ သင်၏ သားသမီးတို့အား ကိုယ်လက် လှုပ်ရှားမှုကို ဖြစ်စေသော အလုပ်အကိုင်ကို ပေးပါ၊ ၎င်းသည် အာရုံကြောများ နှင့် ကြွက်သားတို့ကို လှုပ်ရှားစေလိမ့်မည်။ ထိုသို့သော အလုပ်အကိုင်အားဖြင့် ပင်ပန်းခြင်းသည် ဆိုးသွမ်းသော အကျင့်တို့ကို လိုက်စားလိုသော စိတ်ကို လျော့သွားစေလိမ့်မည်။62T 348, 349;CCB2 289.1

    ညစ်ညူးသော အကြံအစည်များကို နှိုးဆော်ထကြွစေသော အရာတို့ကို ဖတ်ခြင်း၊ ကြည့်ရှုခြင်းတို့ကို ရှောင်ပါ။ အကျင့်ကောင်း နှင့် သိမှတ်တတ်သော ဉာဏ်တို့ကို ဖြစ်စေသော သတ္တိတို့ကို လေ့လာ ပြုစုပေးပါ။72T 410;CCB2 289.2

    သင်၏ အကြံအစည်များကို သာမက၊ သင်၏ ရမ္မက် နှင့် စွဲလမ်းမှုတို့ကိုလည်း ချုပ်တည်းစေရန် ဘုရားသခင်သည် အလိုရှိတော်မူ၏။ ဤ အမှုများ၌ သင်သည် သင့် ကိုယ်ကို စိုးမိုး ချုပ်ချယ်ခြင်း အပေါ်တွင် သင်၏ ကယ်တင်ခြင်း အကြောင်းသည် အမှီပြုပေသည်။ ရမ္မက် နှင့် စွဲလမ်းမှုများသည် တန်ခိုးကြီးစွာ ပြုပြင်ပေးသော အရာများ ဖြစ်သည်။ အလွဲသုံးလျှင်၊ မကောင်းသော ရည်ရွယ်ချက်အားဖြင့် ပြုမူစေလျှင်၊ နေရာ မှားလျှင်၊ ၎င်းတို့သည် သင့်အား ပျက်စီးစေလျက် ဘုရား မရှိ၊ မျှော်လင့်ခြင်း မရှိဘဲ၊ သင့်အား စိတ်ဆင်းရဲစေသော ပျက်စီးခြင်းထဲတွင် ပစ်ထားရန် တန်ခိုးကြီးကြလေသည်။CCB2 289.3

    သင်သည် အချည်းနှီးသော တွေးဆခြင်းကို လိုက်စားလျက် ညစ်ညူးသော အကြောင်းအရာတို့ကို စိတ်စွဲလမ်းစေရန် ခွင့်ပေးလျှင်၊ သင်သည် သင်၏ အကြံအစည်အတိုင်း ပြုမူသကဲ့သို့ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့်သော အခြေအနေသို့ ရောက်၏။ အပြုအမူကို တားမြစ် ပိတ်ပင်ထားရခြင်း အကြောင်းမှာ အခွင့်အရေး မရရှိခြင်းကြောင့်တည်း။ နေ့ရော ညပါ အိပ်မက်၍ လေထဲ တိုက်အိမ် ဆောက်နေခြင်း အမှုတို့မှာ မကောင်းသည့် အပြင်၊ အလွန် ဘေးမကင်းသော အကျင့်ဓလေ့များ ဖြစ်သည်။ တစ်ကြိမ် ဖြစ်ပေါ်လာလျှင်၊ ထိုသို့သော အကျင့်တို့ကို ပယ်ဖျက်၍ စင်ကြယ်၊ သန့်ရှင်း၍ မြင့်မြတ်သော အကြောင်းများကို ဆင်ခြင် စဉ်းစားဖို့ လမ်းညွှန်ရန် မဖြစ်နိုင်တော့ချေ။ သင်သည် သင်၏ စိတ်ကို အုပ်စိုး ချုပ်ချယ်ပြီး အချည်းနှီး ဖြစ်၍ ပျက်စီးစေသော အကြံအစည်တို့ကို တားဆီး ပိတ်ပင်လိုလျှင်၊ သင်၏ မျက်စိ၊ နား နှင့် သင်၏ အာရုံ ငါးပါးတို့အတွက် သစ္စာရှိသော ကင်းစောင့် ဖြစ်လာရလိမ့်မည်။ ကျေးဇူးတော် တန်ခိုးသာလျှင် အလွန် အလိုရှိအပ်သော ဤ လုပ်ငန်းကို ပြီးမြောက်စေလိမ့်မည်။82T 561;CCB2 290.1

    အလွန်အမင် စာလေ့ကျက်ခြင်း အလုပ်သည် ဦးနှောက်အား သွေးကို ပိုမို ရောက်ရှိစေခြင်းဖြင့်၊ ကိုယ်ကို ချုပ်တည်းခြင်း သတ္တိကို ဆုတ်ယုတ်သွားစေသော မကျန်းမာစေသည့် ထကြွ နိုးကြားမှုကို ဖြစ်စေသဖြင့်၊ မကြာခဏ စိတ်ဇော သို့မဟုတ် စိတ်ပြောင်းလွယ်မှုကို ပေါ်လာစေ၏။ ထိုသို့အားဖြင့် ညစ်ညူးခြင်းကို ပြုစေရန် လမ်းဖွင့်ပေးလေ၏။ ကိုယ်ကာယသတ္တိများကို အလွဲအသုံးပြုခြင်း၊ သို့မဟုတ် အသုံးမပြုဘဲ နေခြင်း အမှုသည် လောကတွင် လွှမ်းမိုးနေသော ပျက်စီးခြင်း ဒီရေကို တိုးလာစေရာ၌ တာဝန် မကင်းပေ။ “ကြွားဝါခြင်း၊ အစားအသောက် ကြွယ်ဝ ပြည့်စုံခြင်း နှင့် များစွာ ပျင်းရိခြင်း” တို့သည် သောဒုံမြို့၏ ပျက်စီးခြင်းကို ဖြစ်စေသကဲ့သို့ ယခု ခေတ်ရှိ လူတို့၏ တိုးတက်မှုအတွက် သေဘေးကို ဖြစ်စေသော ရန်သူများ ဖြစ်ကြ၏။9Ed 209;CCB2 290.2

    မိမိတို့ စွန့်ပစ်ရန် အလိုဆန္ဒ မရှိကြသော အပြစ်များကို သူတို့သည် တွေ့မြင်ရမည်ကို စိုးရိမ်သောကြောင့် သာ၍ ယုတ်ညံ့သော ရမ္မက်များသည် အများသော သူတို့အား အလင်းတရားကို မမြင်စေရန် မျက်စိတို့ကို ပိတ်ထားစေကြ၏။ သူတို့သည် အလိုရှိကြလျှင် မြင်နိုင်ကြသည်။ သူတို့သည် အလင်း ထက် မှောင်မိုက်ကို ရွေးချယ်ကြလျှင်၊ သူတို့ ကျူးလွန်သော ရာဇဝတ်မှုများသည် သေးငယ်သော အရာများ ဖြစ်ကြမည် မဟုတ်။102T 352;CCB2 290.3

    ဘုရားသခင်၏ ပညတ်တရားတော်ကို ရှုတ်ချခြင်း သို့မဟုတ် လွန်ကျူးခြင်း အလျင် သေခြင်းရှိ၏ ဟူသော စကားသည် ခရစ်ယာန်တိုင်းတို့၏ ဆောင်ပုဒ် ဖြစ်ရမည်။ ပြုပြင်ပြောင်းလဲသူများဟု ဝန်ခံ ပြောဆိုလျက် အလွန် ကြည်ညိုဖွယ် ဖြစ်၍ သန့်စင်စေသော သမ္မာတရားများကို စုဆောင်းထားသော လူတစ်မျိုး ဖြစ်သည်အလျောက် ယခု အချိန်မှာ တည်ရှိနေသည်ထက် စံနမူနာကို တိုး၍ မြင့်လာအောင် ကျွန်ုပ်တို့က မြှင့်ပေးရကြမည်။ အခြားသော သူတို့၌ ညစ်ညူးခြင်း မဖြစ်စေရန်၊ အပြစ် နှင့် အပြစ်ရှိ သူတို့ကို ချက်ချင်း အရေးယူရမည်။ အမှန်တရား နှင့် သန့်ရှင်း ဖြူစင်ခြင်း ရှိစေရန် တပ်ထဲမှ အာခန်ကဲ့သို့သော သူများကို ရှင်းလင်း ပယ်ရှားမှုကို ကျွန်ုပ်တို့သည် သာ၍ သေချာစွာ ပြုလုပ်ရကြမည်။ တာဝန်ရှိသော နေရာ၌ ရှိနေကြသော သူတို့သည် ညီအစ်ကို တစ်စုံတစ်ဦးတွင် အပြစ်ဒုစရိုက်ကို ဝင်ရောက်နေစေဖို့ အခွင့်မပေးပါနှင့်။ သူသည် မိမိ၏ အပြစ်ကို ပယ်ရှားရမည်၊ သို့မဟုတ် အသင်းတော်မှ ခွဲခွာသွားရမည်ကို သူ့အား ဖော်ပြပါ။115T 147;CCB2 291.1

    ပျိုရွယ်သူတို့အား စောင့်ရှောက် ရိုသေခြင်းမှ လွဲသွားစေခြင်းငှါ စာတန်သည် အပြင်းအထန် သွေးမဆောင်နိုင်လောက်အောင် အလွန် မြဲမြံစေသော အခြေခံ တရားများသည် ပျိုရွယ်သူတို့၌ ရှိကောင်း ရှိလိမ့်မည်။ ရှမွေလသည် အလွန် ပျက်စီးစေရာသော အကြောင်းများနှင့် ဝိုင်းရံလျက် ရှိနေသော သူငယ် ဖြစ်၏၊ သူ၏ ဝိညာဉ်ကို ဝမ်းနည်းစေသော အရာများကို သူသည် မြင်နေရ၊ ကြားနေရ၏။ သန့်ရှင်းသော အလုပ်များကို ဆောင်ရွက်နေရသော ဧလိ၏ သားများသည် စာတန်၏ စိုးမိုး အုပ်ချုပ်ခြင်းကို ခံနေရကြ၏။ ဤ လူများသည် မိမိတို့၏ ပတ်ဝန်းကျင် တစ်ခုလုံးကို ညစ်ညူးစေကြပြီ။ ယောက်ျား၊ မိန်းမများသည် နေ့စဉ် အပြစ်ဒုစရိုက် နှင့် အမှားများတို့၏ ညှို့ခြင်းကို ခံနေရကြသော်လည်း၊ ရှမွေလသည် အစွန်းအကွက် ကင်းအောင် ပြုကျင့်၏။ သူ၏ အကျင့်စာရိတ္တ တည်းဟူသော ဝတ်လုံတို့သည် စွန်းကွက်ခြင်း ကင်းကြ၏။ ဣသရေလ တစ်မျိုးလုံးတွင် ကြောက်စရာ ကောင်းသော သတင်းများဖြင့် ပြန့်နေစေသော အပြစ်ဒုစရိုက်နှင့် သူသည် ဆက်ဆံခြင်း မရှိ၊ သို့မဟုတ် အနည်းငယ် မျှ ၎င်းတို့ကို နှစ်သက်ခြင်း မရှိ။ ရှမွေလသည် ဘုရားသခင်ကို ချစ်ခင် နှစ်သက်၏။ သူ၏ စိတ်ဝိညာဉ်ကို ကောင်းကင်နှင့် ရင်းနှီးစွာ ဆက်သွယ်စေသဖြင့်၊ ဣသရေလ လူတို့ကို ဖျက်ဆီးလျက်နေသော ဧလိ၏ သားများ၏ အပြစ်များ အကြောင်းနှင့် သက်ဆိုင်၍ သူနှင့် စကားပြောရန် ကောင်းကင်တမန်ကိုပင် စေလွှတ်ရလေပြီ။123T 472-474;.CCB2 291.2