Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နံနက် နှင့် ညဦးယံ ဝတ်ပြုခြင်း။

    မိခင်၊ ဖခင်တို့၊ နံနက် နှင့် ညဦးယံ အချိန်တွင် မိမိတို့၏ သားသမီးများကို စုရုံးစေပြီးလျှင်၊အကူအညီ ရရှိရန် ဘုရားသခင်ထံ နှိမ့်ချခြင်း နှင့် ဆုတောင်းလျက် မိမိတို့၏ စိတ်နှလုံးကို အပ်ပေးကြပါ။ သင်တို့၏ ချစ်ခင်သော သားသမီးတို့သည် စုံစမ်းခြင်းကို တွေ့ဆုံရတတ်ကြသည်။ လူငယ် နှင့် လူကြီးတို့၏ လမ်းတွင် နေ့စဉ် အနှောင့်အယှက်များကို ကြံရကြတတ်သည်။ သည်းခံ၊ ချစ်ခင်၍ အားရဝမ်းမြောက်ဖွယ် အသက်တာမျိုး၌ နေ့စဉ် အသက်ရှင်သွားလိုသော သူသည် ဆုတောင်းရမည်။ ဘုရားသခင်ထံမှ အမြဲ အကူအညီ ရသော သူတို့သာလျှင် မိမိ ကိုယ်ကို အောင်မြင်နိုင်သည်။CCB2 86.2

    အိမ်တိုင်းသည် ဆုတောင်းရာ အိမ် ဖြစ်ဖို့ အကောင်းဆုံး အချိန်သည် ယခု အချိန် ဖြစ်သည်။ မယုံကြည်ခြင်း၊ သစ္စာပျက်ခြင်း အမှုများ ဖြစ်ပေါ်နေ၏။ အပြစ် ဒုစရိုက်သည် တိုးပွားများပြားလာ၏။ ဝိညာဉ်တို့၏ အရေးကြီးသော လမ်းများတွင် ပျက်စီးခြင်း အမှုများ တည်ရှိလာ၍ အသက်တာ၌ ဘုရားသခင်ကို ပုန်ကန်ခြင်း အမှုသည် ဖြစ်ပေါ်လာ၏။ ဒုစရိုက်၏ ကျွန် ဖြစ်လာသဖြင့် အကျင့်နှင့် ဆိုင်သော သတ္တိတို့ကို စာတန်သည် ရက်စက်စွာ အုပ်စိုးနေ၏။ ဝိညာဉ်သည် စာတန်၏ သွေးဆောင်ခြင်းတွင် သားကောင်ကဲ့သို့ ဖြစ်နေ၏။ ၎င်းပြင် ခွန်အားကြီးသော လက်ရုံးသည် လူအား ကယ်ဆယ်ခြင်း မပြုပါလျှင်၊ သူသည် ပုန်ကန်သော သူ၏ နောက်သို့ လိုက်ပါသွားလိမ့်မည်။CCB2 86.3

    သို့ရာတွင် ကြောက်စရာကောင်းသော ဘေးများ ရှိနေသော ဤ အချိန်တွင် ခရစ်ယာန်ဟု ခေါ်သော သူ အချို့တို့သည် အိမ်ထောင် ဝတ်ပြုစည်းဝေးကို မပြုလုပ်ကြ။ သူတို့သည် အိမ်ထောင်၌ ဘုရားသခင်ကို ချီးမြှောက်ခြင်း မပြုကြ။ သူတို့၏ သားသမီးများအား ဘုရားသခင်ကို ချစ်၍ ကြောက်ရွံ့ရန် သွန်သင်မပေးကြ။ အများသော သူတို့သည် ဘုရားသခင်ထံတော်မှ ဝေးကွာစွာ ခွဲခွာနေရသဖြင့်၊ ဘုရားသခင်၏ အထံတော်သို့ ချဉ်းကပ်လျှင် အပြစ်သင့်လိမ့်မည်ဟု ထင်မှတ်ကြသည်။ သူတို့သည် “အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းသော လက်ကို ချီ၍ ဆုတောင်းခြင်းငှါ၊” “ကျေးဇူးတော် ပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ခြင်း” မပြုလုပ်နိုင်ကြချေ။ (၁ တိ၊ ၂: ၈။ ဟေ၊ ၄: ၁၆။) သူတို့သည် ဘုရားသခင်နှင့် အမြဲ ဆက်သွယ်ခြင်း မရှိကြ။ သူတို့၏ ဝတ်ပြုကိုးကွယ်ခြင်းသည် တန်ခိုး မရှိသော ဝတ်ပြုကိုးကွယ် ယောင်ဆောင်ခြင်း ဖြစ်သည်။CCB2 87.1

    ဆုတောင်းခြင်းသည် လိုအပ်သော အရာ မဟုတ်ဟူသော ထင်မြင်ချက်သည် ဝိညာဉ်များကို ပျက်စီးစေရန် စာတန်၏ အလွန် အောင်မြင်သော အကြံအစည် တစ်ခု ဖြစ်သည်။ ဆုတောင်းခြင်းသည် ဉာဏ်ပညာ၏ စမ်းရေတွင်း၊ ခွန်အား၊ ငြိမ်သက်ခြင်း နှင့် ဝမ်းမြောက်ခြင်းတို့ကို အစပြုပေးတော်မူသော အရှင်၊ ဘုရားသခင်နှင့် ဆက်ဆံခြင်း ဖြစ်သည်။ သခင်ယေရှုသည် ခမည်းတော်အား “ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်” ဆုတောင်းတော်မူ၏။ မိမိတို့ အလိုရှိသော အရာတို့ကို ဘုရားသခင်အား ဖော်ပြလျက် ကျေးဇူးတော် ချီးမွမ်းခြင်း နှင့် အရာခပ်သိမ်းတွင် ပဋ္ဌနာပြုလျက် အသနားခံလျက် “မခြားမလပ် ဆုတောင်းကြလော့” ဟု ပေါလုက ယုံကြည်သော သူတို့ အား ဆုံးမသြဝါဒပေးထား၏။ ယာကုပ်က၊ “အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။ သူတော်ကောင်း ဆုတောင်း၍ အရှိန်ကြီးသော ပဋ္ဌနာသည် အလွန် တန်ခိုးပါ၏” ဟု ပြောဆိုထား၏။ (ဟေ၊ ၅: ၇။ ၁ သက်၊ ၅: ၁၇။ ယာ၊ ၅: ၁၆။)CCB2 87.2

    ရိုးသား၊ စိတ်အားကြီးစွာ ဆုတောင်းခြင်းအားဖြင့် မိဘတို့သည် သားသမီးတို့ ပတ်လည်၌ အကာအကွယ်ကို ပြုလုပ်ထားရကြမည်။ ဘုရားသခင်သည် မိမိတို့ နှင့်အတူ နေတော်မူ၍ သန့်ရှင်းသော ကောင်းကင်တမန်တို့သည် မိမိတို့ နှင့် သားသမီးတို့အား စာတန်၏ ရက်စက်သော အာဏာ တန်ခိုးလက်မှ ကာကွယ်စောင့်ရှောက်မည် အကြောင်း သူတို့သည် လုံးလုံး ယုံကြည်ခြင်းနှင့် ဆုတောင်းရကြမည်။CCB2 88.1

    အိမ်ထောင်တိုင်းတွင် နံနက် နှင့် ညဦးအတွက် ဝတ်ပြုကိုးကွယ်ရန် အချိန်ကို ကန့်သတ်ထားရမည်။ နံနက်စာ မစားမီ၊ မိဘတို့သည် ညအခါ စောင့်ရှောက် ကာကွယ်ခြင်းအတွက် ကောင်းကင်ခမည်းတော်ကို ကျေးဇူးတင်ရန် နှင့် တစ်နေ့လုံး လမ်းပြကူညီ စောင့်ရှောက်ဖို့အတွက် ဘုရားသခင်အား ဆုတောင်းရန် မိမိတို့၏ သားသမီးများကို စုရုံစေဖို့ မည်မျှ သင့်တော်သလဲ။ ညဦးချိန် ရောက်လာသောအခါ၊ လွန်ခဲ့သော နေ့တွင် ခံစားရသော ကောင်းကြီးမင်္ဂလာအတွက် ကျေးဇူးတင်ရန် ဘုရားသခင် ရှေ့တော်၌ မိဘများ နှင့် သားသမီးတို့သည် စုရုံကြရန် မည်မျှ သင့်လျော်သလဲ။CCB2 88.2

    မနက်တိုင်း၊ သင်တို့ ကိုယ်တိုင် နှင့် သင်တို့၏ သားသမီးများကို ထိုနေ့အတွက် ဘုရားသခင်ကို ဆက်ကပ်ပူဇော်လော့။ လများ၊ နှစ်များအတွက် ရေတွက်ခြင်းကို ပြုမနေပါနှင့်။ ဤ အရာတို့သည် သင့်အဖို့ မဟုတ်။ တိုတောင်းသော နေ့ကို သင့်အား ပေးထား၏။ ထိုနေ့သည် မြေကြီးပေါ်၌ နောက်ဆုံးနေ့ ဖြစ်သကဲ့သို့၊ ၎င်း၏ အချိန်နာရီများအတွင်း သခင်ဘုရားအတွက် အမှု ဆောင်ရွက်လော့။ ဘုရားသခင်၏ အလိုတော်အတိုင်း သင့် အကြံအစည်တို့ကို ပြီးမြောက်စေရန် သို့မဟုတ် ပယ်ရှားစေရန်၊ အကြံအစည်တို့ကို ပြီးမြောက်စေရန် သို့မဟုတ် ပယ်ရှားစေရန်၊ အကြံအစည် အားလုံးကို ဘုရားသခင်၏ ရှေ့တော်၌ ဖော်ပြလော့။ အလွန် နှစ်သက်ဖွယ်ကောင်းသော စီမံကိန်းတို့ကို စွန့်ပယ်ရသော်လည်း၊ သင်၏ အကြံအစည်အစား ဘုရားသခင်၏ အကြံအစည်တို့ကို လက်ခံပါ။ ထိုသို့အားဖြင့် အသက်တာသည် ဘုရားသခင်၏ ပုံသက်သေနှင့် တူညီလာအောင် ပြုပြင်ခြင်း ခံရလိမ့်မည်။ ၎င်းပြင် “အဘယ်သူမျှ ကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” ဖိ၊ ၄: ၇။CCB2 88.3

    ဖခင် သို့မဟုတ် ဖခင် မရှိသောအခါ မိခင်သည် ဝတ်ပြုစည်းဝေးကို ဦးဆောင်လျက် စိတ်ဝင်စားဖွယ် ဖြစ်၍ နားလည်လွယ်သော ကျမ်းစာ အပိုင်း တစ်ခုကို ရွေးချယ် ဖတ်ရမည်။ စည်းဝေးကို တိုတို ကျင်းပရမည်။ ရှည်သော အခန်းကြီးကို ဖတ်၍ ကြာရှည်စွာ ဆုတောင်းလျှင်၊ စည်းဝေးသည် ငြီးငွေ့စရာ ဖြစ်သဖြင့်၊ စည်းဝေးပြီးသောအခါ၊ စိတ်သက်သာသွားသော လက္ခဏာကို တွေ့ရ၏။ ဝတ်ပြုကိုးကွယ်သော အချိန်သည် ငြီးငွေ့ဖွယ် ဖြစ်၍ ပင်ပန်းစေသောအခါ၊ ကလေးများသည် မနှစ်သက်လာသည်တိုင်အောင် ၎င်းစည်းဝေးသည် ပင်ပန်းစေ၍ စိတ်ပါဝင်စားခြင်း ကင်းသောအခါ၊ ဘုရားသခင်သည် ရှုတ်ချခြင်း ခံတော်မူရ၏။CCB2 89.1

    မိခင်၊ ဖခင်တို့ ဝတ်ပြုကိုးကွယ်သော အချိန်ကို အထူးသဖြင့် စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြုလုပ်ပါ။ ဤ အချိန်သည် အဘယ်ကြောင့် နေ့၏ နှစ်သက်ဖွယ် နှင့် ပျော်ရွှင်ဖွယ် အကောင်းဆုံး ဖြစ်သင့်သည်ကို အကြောင်းပြစရာ မလို။ စည်းဝေးအတွက် ပြင်ဆင်ရာ၌ အနည်းငယ် ဆင်ခြင် စဉ်းစားခြင်းဖြင့် သင်သည် စည်းဝေးကို စိတ်ဝင်စား၊ အကျိုး ဖြစ်ထွန်းစေလိမ့်မည်။ တစ်ချိန် နှင့် တစ်ချိန်တွင် စည်းဝေးများကို ခြားနားစေရမည်။ ဖတ်သော ကျမ်းစာနှင့် ဆိုင်သော မေးခွန်းများကို မေးနိုင်သည်။ ၎င်းပြင် စိတ်အားထက်သန်ဖွယ် ဖြစ်၍ အချိန်အခါနှင့် သင့်တော်သော မှတ်ချက်များကို ပြောပြရမည်။ ချီးမွမ်းသီချင်း တစ်ပုဒ်ကို ဆိုနိုင်သည်။ ဆုတောင်းချက်သည် တို၍ အချက်ကျရမည်။ ဆုတောင်းသော သူသည် လွယ်ကူ၍ စိတ်အားထက်သန်သော စကားများဖြင့် ဘုရားသခင်အား ကောင်းကြီးမင်္ဂလာများအတွက် ချီးမွမ်း၍ အကူအညီအတွက် တောင်းလျှောက်ပါ။ အခွင့်သာလျှင်၊ သားသမီးများအား ကျမ်းစာဖတ်၍ ဆုတောင်းပါစေ။CCB2 89.2

    ထိုသို့သော ဝတ်ပြုစည်းဝေး အချိန်အခါများမှ ရရှိနိုင်သော ကောင်းကျိုးကို ထာဝရကာလသာလျှင် ဖော်ပြနိုင်လိမ့်မည်။37T 42-44.CCB2 89.3