Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “မိမိတို့ ကိုယ်ကို မိမိတို့ မပိုင်။”

    သခင်ခရစ်တော်သည် မကြာမီ ကြွလာတော်မူမည်ကို ကျွန်ုပ်တို့သည် ယုံမှားခြင်း မရှိကြဘဲ၊ အမှန် ယုံကြည်ကြသည်။ ဤ အရာသည် ဒဏ္ဍာရီ စကား မဟုတ်၊ အစစ်အမှန် ဖြစ်၏။ ကိုယ်တော် ကြွလာတော်မူသော အခါ၊ ကိုယ် တော်သည် ကျွန်ုပ်တို့၏ အပြစ်များကို ဆေးကြောရန်၊ ကျွန်ုပ်တို့၏ အကျင့်များမှ ချို့ယွင်းချက်များကို ပြုပြင် ပြောင်းလဲရန် သို့မဟုတ် ကျွန်ုပ်တို့၏ စိတ်သဘော အခြေခံ၏ အနာအဆာများကို ကုသရန် လာတော်မူမည် မဟုတ်။ ကျွန်ုပ်တို့အတွက် ပြုလုပ်စရာ တစ်စုံတစ်ခု ရှိခဲ့လျှင်၊ ဤ အလုပ်ကို ထိုအချိန် မရောက်မီ ပြီးစီးရမည်။CCB2 222.1

    သခင်ဘုရား ကြွလာတော်မူသောအခါ၊ သန့်ရှင်းသော သူတိုု့သည် သန့်ရှင်းလျက် ရှိနေကြဦးမည်။ မိမိတို့၏ ကိုယ်ခန္ဓာ နှင့် စိတ်ဝိညာဉ်ကို သန့်ရှင်း စင်ကြယ်စေ၍ ရိုသေ လေးမြတ်စွာ ထားသော သူတို့သည် နောက်ဆုံး၌ မသေမပုပ်နိုင်သော အဖြစ်ကို ရရှိကြလိမ့်မည်။ သို့သော် ဖြောင့်မတ်၊ သန့်ရှင်းခြင်း မရှိဘဲ ညစ်ညူးသော သူတို့သည် ထိုကဲ့သို့ပင် အစဉ်အမြဲ တည်ရှိနေကြလိမ့်မည်။ သူတို့၏ ချို့ယွင်းချက်များကို ပယ်ရှား၍ သူတို့အား သန့်ရှင်းခြင်း အဖြစ်ကို ပေးတော်မူခြင်း အမှုကို ပြုလုပ်တော်မမူတော့ချေ။ ဤ အမှုအပေါင်းကို ဤ စုံစမ်း စစ်ဆေးရာ အချိန်ကာလတွင် ပြုလုပ်ရမည်။ ယခု ဤ အလုပ်ကို ကျွန်ုပ်တို့အတွက် ပြုလုပ် ပြီးမြောက်စေရမည်။CCB2 223.1

    ဖြောင့်မတ် ဖြူစင်သော အကျင့်ကို လည်းကောင်း ကျေးဇူးတော်၌ ကြီးပွားခြင်းကို လည်းကောင်း ဆန့်ကျင်နေသော လောကတွင် ကျွန်ုပ်တို့သည် ရှိနေကြသည်။ ကျွန်ုပ် ကြည့်လိုက်သော နေရာတိုင်း၌ ပျက်စီးခြင်း နှင့် ညစ်ညူးခြင်း၊ ချို့တဲ့ခြင်း နှင့် အပြစ် ဒုစရိုက်ကို တွေ့ရကြသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် မသေမပုပ်နိုင်သော အဖြစ်ကို မရရှိမီ၊ ဤ ဘဝ၌ ဆောင်ရွက်ရမည့် လုပ်ငန်းသည် အဘယ်အရာ ဖြစ်သနည်း။ ဤ နောက်ဆုံးကာလတွင် ကျွန်ုပ်တို့ ပတ်လည်၌ ပြည့်ဝနေသော ပျက်စီးခြင်းအထဲတွင် ကျွန်ုပ်တို့သည် အစွန်းကွက် ကင်းစင်လျက် ခံရပ်နေနိုင်ကြမည် အကြောင်း၊ မိမိတို့၏ ကိုယ်ခန္ဓာများကို သန့်ရှင်းစေ၍ ကျွန်ုပ်တို့၏ စိတ်သဘောကို ဖြူစင်စေခြင်းငှါ သီးသန့် ထားဖို့ တာဝန် ရှိပေသည်။CCB2 223.2

    “သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို လည်းကောင်း၊ မိမိတို့ မပိုင်ကြောင်းကို လည်းကောင်း၊ မသိကြသလော။ သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသော သူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” ၁ ကော၊ ၆: ၁၉၊ ၂၀။CCB2 223.3

    ကျွန်ုပ်တို့ ကိုယ်ကို ကျွန်ုပ်တို့ မပိုင်။ ကျွန်ုပ်တို့အား ဘုရားသခင် သားတော်၏ ဒုက္ခ ဝေဒနာခံခြင်း နှင့် အသေခံခြင်း တည်းဟူသော ရှားပါးသော အဖိုးနှင့် ဝယ်တော်မူပြီ။ ကျွန်ုပ်တို့သည် ဤ အချက်ကို သိနားလည်၍ ပြည့်စုံစွာ သိမြင်ကြလျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်ကို စုံလင်စွာ ထမ်းဆောင်နိုင်မည် အကြောင်း၊ မိမိတို့ ကိုယ် ကျန်းမာရေး၌ အကောင်းဆုံး အခြေအနေ၌ ထားဖို့ရန် မိမိတို့၏ တာဝန်ကြီး ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိကြလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်တို့၏ အသက်ကို ရှင်စေသော သတ္တိကို ဖြုန်းတီး၍ ခွန်အား ဗလကို ဆုတ်လျော့စေလျက် အသိဉာဏ်ကို ထုံထိုင်းစေသော နည်းလမ်း တစ်စုံတစ်ခုကို ပြုကျင့်ကြသောအခါ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပြစ်မှားကြ၏။ ဤ နည်းလမ်းကို ပြုကျင့် လိုက်နာနေခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင် ပိုင်တော်မူသော မိမိတို့၏ ကိုယ်ခန္ဓာ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို မထင်ရှားစေကြဘဲ၊ ဘုရားသခင်၏ မျက်မှောက်၌ ကြီးစွာသော အမှားကို ကျူးလွန်နေကြသည်။ 32T 354-356;CCB2 224.1