Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း ၆၃။—သတိရစရာ အချက် အချို့။

    မိမိ၏ တပည့်တော်တို့အား ကယ်တင်ရှင်က ပေးတော်မူသော ဆုံးမသြဝါဒများသည် ကာလ အဆက်ဆက်ရှိ ကိုယ်တော်၏ တပည့်တော်များ၏ အကျိုးအတွက် ဖြစ်၏။ သင်တို့ ကိုယ်ကို သတိပြုကြလော့ဟု ကိုယ်တော်က မိန့်တော်မူသောအခါ၊ နောက်ဆုံးကာလတွင် အသက်ရှင်နေသော သူတို့ကိုလည်း ကိုယ်တော်သည် မျှော်မြင်တော်မူ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အဖိုးထိုက်သော ကျေးဇူးတော်များကို စိတ်နှလုံးထဲ၌ ပွားများစေခြင်း အမှုသည် ကျွန်ုပ်တို့ အသီးအသီး၏ အလုပ် ဖြစ်ပေသည်။ 15T 102;CCB2 378.1

    အရေးဆိုက်ရာ ကာလကြီးသည် ကျွန်ုပ်တို့ ရှေ့၌ ဆိုက်ရောက်နေလေပြီ။ ၎င်း၏ စုံစမ်း သွေးဆောင်ခြင်းတို့ကို ရင်ဆိုင်၍ ၎င်း၏ တာဝန်တို့ကို လုပ်ဆောင်ရန် စွဲမြဲသော ယုံကြည်ခြင်း ရှိဖို့ လိုပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဝမ်းမြောက်စွာ အောင်မြင်ရကြလိမ့်မည်။ စောင့်နေလျက် ဆုတောင်းလျက် ယုံကြည်သော ဝိညာဉ် တစ်စုံတစ်ယောက်မျှ ရန်သူ၏ ထောင်ချောက်၌ ဖမ်းမိခြင်း ခံရမည် မဟုတ်။CCB2 378.2

    ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို ဖွင့်ပြထားခြင်း ခံရသော ညီအစ်ကို မောင်နှမတို့၊ ဤ လောကရာဇဝင်၏ နောက်ဆုံး ရှုခင်းများတွင် သင်တို့သည် မည်ကဲ့သို့သော အပိုင်းတွင် ပါဝင် ဆင်နွှဲရလိမ့်မည် နည်း။ အရေးကြီး၍ အကယ်အမှန် ဖြစ်သော ဤ အဖြစ်အပျက်များအတွက် သင်သည် နိုးကြားနေသလော။ ကောင်းကင်၌ လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း ပြုလုပ်နေသော ပြင်ဆင်ခြင်း အမှုကြီးကို သင်သည် သိရှိ နားလည်ပါသလော။ အလင်းတရားကို ရသော သူ၊ အနာဂတ္တိစကားကို ဖတ်၍ ကြားခွင့်ရကြသော သူ အပေါင်းတို့သည် ကာလ အချိန် ရောက်လုနီးပြီဟု ရေးထားသော အရာတို့ကို သတိပြုပါစေ။ ယခု မည်သူမျှ ကျွန်ုပ်တို့၏ လောကတွင် ဒုက္ခဆင်းရဲခြင်းတိုင်းကို သတိပြုပါစေ။ ယခု မည်သူမျှ ကျွန်ုပ်တို့၏ လောကတွင် ဒုက္ခဆင်းရဲခြင်းတိုင်းကို အစပြု ဖြစ်စေသော အပြစ်နှင့် ရောစွက်ခြင်း မပြုပါနှင့်။ အိပ်ပျော်လျက် မိုက်မဲစွာ အမှုမထားဘဲ မနေကြတော့နှင့်။ သင့် ဝိညာဉ်၏ ကံကြမ္မာသည် မသေချာသော အရာပေါ် ဤ မှီတွယ်မနေပါစေနှင့်။ သင်သည် ထာဝရဘုရားဘက်၌ လုံးလုံး ရှိနေသည်ကို သိရှိလော့။ ရိုးသားသော စိတ်နှလုံး၊ တုန်လှုပ်သော နှုတ်ခမ်းနှင့် အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု မေးမြန်းပါစေ။ စုံစမ်းရာ ကာလ၏ အဖိုးထိုက်သော ဤ နောက်ဆုံးအချိန်တွင် သင်၏ အကျင့်စာရိတ္တ ပြုပြင် တည်ဆောင်ခြင်း အမှု၌ သင်သည် အကောင်းဆုံး ဝတ္ထုပစ္စည်းများကို ထည့်ထားလျက် နေသလော။ သင်တို့၏ ဝိညာဉ်ကို စွန်းကွက်ခြင်း ရှိသမျှမှ ကင်းစင်စေရန် ဆေးကြောခဲ့ပြီလော။ သင်သည် အလင်းတရား၏ နောက်သို့ လိုက်ပြီလော။ သင်သည် ယုံကြည်ခြင်း ရှိသည်ဟု ဖော်ပြသည်အတိုင်း အမှုဆောင်ရွက်ခဲ့ပြီလော။CCB2 378.3

    လျော့နေကြောင်း တွေ့ရှိရလျက် ထာဝရအသက်ကို ဆုံးရှုံးလျက် တစ်ပိုင်းတစ်စ၊ အပေါ်ယိက ယုံကြည်သူ ဖြစ်နိုင်သလော။ သင်သည် ခရစ်ယာန် အကျင့်စာရိတ္တအတွက် လုံလောက်သော အရည်အချင်း မရှိသောကြောင့်၊ ပျက်စီးရလျက်၊ သင်သည် ကျမ်းစာ၏ သြဝါဒများကို လိုက်နာ ပြုကျင့်၍ ခရစ်ယာန်ကဲ့သို့ ထင်မှတ်ခြင်း ခံယူနိုင်သလော။ သင်သည် ဘုရားသခင် ပေးတော်မူသော သတိပေးစကားများကို ဂရုမစိုက် အမှုမထားဘဲ နေလျှင်၊ အပြစ်ကို ပြုနေလျှင် သို့မဟုတ် ခွင့်ပြုထားလျှင်၊ သင်သည် သင့်ဝိညာဉ်၏ ကံကြမ္မာအတွက် တံဆိပ်ခတ်ထားလျက် နေ၏။ သင့်ကို ချိန်ခွင်၌ ချိန်၍ လျော့နေကြောင့် တွေ့ရလိမ့်မည်။ ကျေးဇူးတော်၊ ငြိမ်သက်ခြင်း နှင့် အပြစ်လွှတ်ခြင်း အမှုတို့ကို သင့်ထံမှ အစဉ် ရုပ်သိမ်းလိမ့်မည်၊ သခင်ယေရှုသည် လွန်သွားလိမ့်မည်၊ သင်၏ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းတို့ကို ဘယ်အခါမျှ လာရောက် နားညောင်းတော်မူမည် မဟုတ်။ ကရုဏာ ကျေးဇူးသည် စောင့်ဆိုင်းနေသေးစဉ်၊ ကယ်တင်ရှင်သည် ဖြန်ဖြေခြင်း အမှုကို ပြုနေတော်မူစဉ်၊ ကျွန်ုပ်တို့သည် ထာဝရကာလအတွက် သေချာစွာ အမှုဆောင်ရွက်ကြစို့။ 26T 404, 405;CCB2 379.1

    စာတန်သည် အိပ်ပျော်နေသည် မဟုတ်။ မြဲမြံသော အနာဂတ္တိစကားတော်ကို အကျိုး မဖြစ်ထွန်းအောင် ပြုလုပ်ဖို့ရန် အမြဲ နိုးကြားလျက် ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထင်ရှားစွာ ဖော်ပြထားသော ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ဖက်ပြုရန် သူသည် မိမိ၏ အစွမ်းသတ္တိ၊ လှည့်ဖြားခြင်း တန်ခိုးနှင့် ဆောင်ရွက်နေ၏။ သမ္မာတရား အစား သွင်းထားရန် ကြံစည်ခဲ့သော စဉ်းလဲသော အမှုများဖြင့် စာတန်သည် လူတို့၏ စိတ်ကို နှစ် ပေါင်းများစွာ စိုးမိုးလျက် ရှိ၏။ ဤကဲ့သို့ ဘေးရောက်သော ကာလတွင် မှန်သော အမှုကို ပြုသော သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်၊ “အို ထာဝရဘုရား၊ စီရင်တော်မူချိန် ရောက်ပါပြီ၊ သူတစ်ပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏” ဟူသော စကားများကို ဒါဝိဒ်ကဲ့သို့ ပြေဆိုခြင်းဖြင့် ဘုရားသခင်၏ နာမတော်ကို ချီးမြှောက်ကြလိမ့်မည်။ ဆာ၊ ၁၁၉: ၁၂၆။CCB2 379.2

    ကျွန်ုပ်တို့သည် လူတစ်မျိုး အဖြစ်နှင့် သမ္မာတရားကို မြေကြီးပေါ်ရှိ အခြား လူမျိုးတို့ အရင် ရရှိထားကြသည်ဟု ဝန်ခံ ပြောဆိုကြ၏။ ထိုအခါ ကျွန်ုပ်တို့၏ အသက်တာ နှင့် အကျင့်တို့သည် ထိုကဲ့သို့သော ယုံကြည်ခြင်း နှင့် ညီညွတ်ရကြမည်။ ဖြောင့်မတ်သော သူတို့သည် အဖိုးတန်သော ကောက်လှိုင်းများ အဖြစ် ကောင်းကင် စပါးကျီအဖို့ ချည်နှောင်ထားခြင်း ခံရကြသော အချိန်သည် ရောက်လာတော့မည်။ ဆိုးသော သူတို့မူကား တောပင်များကဲ့သို့ နောက်ဆုံး နေ့ကြီး၌ မီးရှို့ဖို့ရန် စုသိမ်းရလေ၏။ သို့ရာတွင် စပါးရိတ်ချိန် တိုင်အောင် စပါးပင် နှင့် တောပင်တို့သည် အတူတကွ ကြီးပွားလာကြ၏။CCB2 380.1

    အသက်တာ၏ တာဝန်များကို ဆောင်ရွက်ရာတွင်၊ ဖြောင့်မတ်သော သူတို့သည် နောက်ဆုံး အချိန်တိုင်အောင် ဘုရားတရားကို မကြည်ညိုသော သူတို့နှင့် တွေ့ဆုံ ဆက်ဆံရကြလိမ့်မည်။ လူအပေါင်းတို့သည် ခြားနားခြင်းကို သိမြင်နိုင်ကြမည် အကြောင်း၊ အလင်း၏ သားသမီးတို့သည် မှောင်မိုက်၏ သားသမီးတို့ အထဲတွင် ပျံ့နှံ့နေရကြလိမ့်မည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ သားသမီးတို့သည် မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်တော်မူသော သူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြရကြလိမ့်မည်။ စိတ်နှလုံးထဲ၌ တောက်ပနေသော မေတ္တာတော်၊ အသက်တာ၌ ထင်ရှားသော ခရစ်တော် ကဲ့သို့သော စိတ်သဘော ညီညွတ်မှု၏ အလွန် ကောင်းမြတ်ခြင်းကို လောကသားတို့သည် သိမြင်မည် အကြောင်း၊ ၎င်းသည် ကောင်းကင်မှ ရုတ်တရက် ပေါ်လာသော အလင်းရောင်ခြည်ကဲ့သို့ ဖြစ်လိမ့်မည်။ 45T 100;CCB2 380.2

    ဆိုးသော သူနှင့် လည်းကောင်း၊ ဆိုးသော တမန်တို့နှင့် လည်းကောင်း ပူးပေါင်းလျှင် မည်သူမျှ ဘုရားသခင်၏ အစေကို မခံနိုင်။ မိမိ လက်ထဲမှ ယူသွားသော သူကို စာတန်သည် ပြန်၍ ယူလိုသောကြောင့်၊ သခင်ခရစ်တော်ဘက်၌ ပါဝင်ရန် ကြိုးစားနေသော ဝိညာဉ်တို့၏ လမ်းတွင် ဆိုးသော ဝိညာဉ်တို့ကို ထားလိမ့်မည်။ သူတို့ သည် အပြစ်စီရင်ခြင်း ခံရမည် အကြောင်း ဆိုးသော သူတို့သည် ပြင်းထန်သော လှည့်ဖြားခြင်းကို ယုံကြည်ရန် အလိုရှိကြလိမ့်မည်။ ဤ လူတို့သည် ရိုးဖြောင့်ခြင်း ဝတ်လုံကို ဝတ်လျက် ရွေးချယ်သော သူတို့ကိုပင် တတ်နိုင်လျှင် လှည့်ဖြားကြလိမ့်မည်။ 54T 595;CCB2 380.3

    Larger font
    Smaller font
    Copy
    Print
    Contents