Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မေတ္တာသည် သခင်ယေရှုထံမှ အဘိုးထိုက်သော လက်ဆောင် ဖြစ်ခြင်း။

    မေတ္တာသည် သခင်ယေရှုထံမှ ရရှိသော အဖိုးထိုက်သော လက်ဆောင် ဖြစ်၏။ ဖြူစင်၊ သန့်ရှင်းသော မေတ္တာသည် ထင်မြင်ချက် မဟုတ် စည်းကမ်း ဥပဒေ တစ်ခု ဖြစ်သည်။ မှန်သော မေတ္တာအားဖြင့် နှိုးဆော်ခြင်း ခံရသော သူတို့သည် ယုတ္တိ ကင်းသော သူ သို့မဟုတ် ကန်းသော သူ မဟုတ်ကြချေ။CCB2 15.3

    မှန်ကန်၊ သစ္စာရှိ၊ ဖြူစင်သော မေတ္တာ စစ်သည် အနည်းငယ်မျှသာ ရှိ၏။ အဖိုးထိုက်သော ဤ အရာဝတ္ထုသည် အလွန် ရှားပါး၏။ တပ်မက်ခြင်းကို မေတ္တာဟု ခေါ်နေကြသည်။CCB2 15.4

    မှန်သော မေတ္တာသည် မြင့်မြတ် သန့်ရှင်းသော စည်းကမ်း ဥပဒေ ဖြစ်၍၊ စိတ်နှိုးဆော်ခြင်းဖြင့် ထကြွလာပြီး ပြင်းထန်စွာ စစ်ဆေးခြင်း ခံရသော အခါရုတ်တရက် ပျောက်ကွယ်သွားသော မေတ္တာမျိုး နှင့် သဘောတွင် များစွာ ကွာခြား၏။CCB2 16.1

    မေတ္တာသည် ကောင်းကင်မှ ကြီးပွားလာသော အပင် ဖြစ်၍ ၎င်းကို ပြုစု၍ သြဇာဓါတ်ပေးရမည်။ ချစ်ခင်သော စိတ်နှလုံး၊ သစ္စာ ရှိ၍ ချစ်ခင်သော စကားများသည် ပျော်ရွှင်သော အိမ်ထောင်များကို ဖြစ်စေလျက်၊ ၎င်း၏ သြဇာညောင်းခြင်း လက်အောက်၌ ရောက်လာသော သူ အပေါင်းတို့ အပေါ်၌ မြင့်မြတ်သော တန်ခိုး သြဇာကို ဖြစ်ပေါ်လာစေ၏။CCB2 16.2

    ဖြူစင်သော မေတ္တာသည် မိမိ၏ အကြံအစည် ရှိသမျှတို့တွင် ဘုရားသခင် နှင့်အတူ တိုင်ပင်လျက် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် လုံးလုံး ညီညွတ်ခြင်း ရှိသော်လည်း၊ တပ်မက်ခြင်း သဘောသည် ခေါင်းမာ၊ ကြမ်းတမ်း၍ ယုတ္တိ မရှိ၊ တားမြစ်သော အမှု အပေါင်းကို တော်လှန်လျက် မိမိ ရွေးချယ်သော အရာကို မိမိ၏ ရုပ်တု ဖြစ်စေလိမ့်မည်။ မှန်သော မေတ္တာ ရှိသော အပြုအမူ အပေါင်းတို့တွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ထင်ရှားစေလိမ့်မည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ရိုးသားခြင်း၊ အကျင့်ကောင်းခြင်း နှင့် ဘာသာတရားကို ရိုသေခြင်း အမှုတို့သည် မင်္ဂလာဆောင်ခြင်း ကိစ္စတွင် တစ်ဆင့်ပြီး တစ်ဆင့် ထင်ရှားလာသော အကျင့်များ ဖြစ်လိမ့်မည်။ ထိုသို့ ချုပ်ချယ်ခြင်း ရှိသော သူတို့သည် အသီးအသီး ဘက်၌သာ စိတ်ဝင်စားနေခြင်း မရှိသဖြင့်၊ ဆုတောင်းစည်းဝေး နှင့် အခြား စည်းဝေးများတွင် စိတ်ဝင်စားခြင်း ကင်းမဲ့နေကြမည် မဟုတ်။ ဘုရားသခင်က သူတို့အား ကရုဏာနှင့် ချပေးတော်မူသော အခွင့်အရေးများကို ဂရုစိုက်ခြင်းကြောင့်၊ သမ္မာတရား၌ သူတို့၏ စိတ်ဝင်စားမှုသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။CCB2 16.3

    အာရုံခံစားမှု အပြင် အခြား သာ၍ ကောင်းသော အခြေခံ မရှိသော ထို မေတ္တာသည် ခေါင်းမာ၊ မျက်စိကန်းလျက်၊ ချုပ်ချယ်၍ မရနိုင်။ ရိုသေခြင်း၊ မှန်ကန်ခြင်း နှင့် စိတ်၏ မြင့်မြတ်သော တန်ခိုး ရှိသမျှသည် တပ်မက်ခြင်း၏ ကျွန် ဖြစ်သွားကြ၏။ ဤကဲ့သို့ မိုက်မဲခြင်း၏ ချည်နှောင်ခြင်းကို ခံနေရသော သူသည် မကြာခဏ ဆင်ခြင်ဉာဏ်၊ အသိဉာဏ်တို့ကို ပေးသော အကြံကို မလိုက်နာဘဲCCB2 16.4

    နေတတ်၏။ ဆွေးနွေးတိုင်ပင်ခြင်း၊ တောင်းပန်ခြင်းအားဖြင့် သူ့ကို မှားသော လမ်းကို သိမြင်စေခြင်းငှါ သွေးမဆောင်နိုင်။CCB2 17.1

    မှန်သော မေတ္တာသည် ခိုင်မာ၊ ဒေါသ ဆောင်၍ ပြင်းထန်သော တပ်မက်ခြင်း သဘော မဟုတ်။ ၎င်းသည် တည်ငြိမ်၍ သဘောတွင် လေးနက်၏။ ၎င်းသည် အပြင်အပ အရာတို့ကို ကျော်လွန် ကြည့်မြင်တတ်၍ အရည်အချင်းများကိုသာ ၎င်းသည် ပညာ ရှိလျက် ဝေဖန် ပိုင်းခြားတတ်၍ ၎င်း၏ စွဲလမ်းမှုသည် အကယ်ပင် ဖြစ်လျက် တည်မြဲ၏။ CCB2 17.2

    တပ်မက်ခြင်း စိတ်၏ နှိုးဆော်ခြင်းတို့နှင့် လွတ်ကင်းသော မေတ္တာသည် ဝိညာဉ်ရေးနှင့် သက်ဆိုင် လာ၍ အပြောအဆို၊ အပြုအမူတို့တွင် ထင်ရှား သိသာလာ၏။ ခရစ်ယာန်သည် သန့်ရှင်းသော ကြင်နာခြင်း၊ ချစ်ခြင်းနှင့် ပြည့်ဝလျက် သည်းမခံခြင်း၊ ဒေါသထွက်ခြင်း ကင်းရမည်။ သခင်ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ကြမ်းတမ်းသော အပြုအမူတို့ကို ပျော့ပျောင်းစေရမည်။CCB2 17.3