Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆေးကုသခြင်း လုပ်ငန်းသည် သမ္မာတရားက လမ်းဖွင့်ပေးလိမ့်မည်။

    သာသနာပြုလျက် သူနာပြုစုသူသည် တိုးတက် ပြုလုပ်နိုင်သော လုပ်ငန်း အမျိုးမျိုး ရှိပေသည်။ ကောင်းစွာ လေ့လာပြီးသော သူနာပြုစုသူသည် အိမ်ထောင်များသို့ သွား၍ သမ္မာတရား၌ စိတ်ဝင်စားလာအောင် စိတ်ကို ထကြွ နိုးကြားလာစေရန် ပြုလုပ်ပေးနိုင်သော အခွင့်အရေးများကို ရရှိကြပါသည်။ ရပ်ကွက်တိုင်းလိုမှာပင် ဘာသာရေး အစည်းအဝေး တစ်စုံတစ်ခုသို့မျှ သွားရောက်ခြင်း မရှိကြသော သူ များစွာ ရှိပေသည်။ ၎င်းတို့ထံသို့ ဧဝံဂေလိတရားကို ရောက်ရှိစေလိုလျှင်၊ ၎င်းကို သူတို့၏ အိမ်များကို ယူဆောင်သွားရမည်၊ မကြာခဏ သူတို့၏ ကာယ ဝေဒနာများကို သက်သာအောင် ပြုလုပ်ပေးနည်းအားဖြင့်သာ သူတို့ထံသို့ ချဉ်းကပ်နိုင်ကြသည်။ သာသနာပြုလျက် သူနာပြုစုသော သူသည် လူနာများကို စောင့်ရှောက် ပြုစုလျက် ဒုက္ခဆင်းရဲ ရောက်နေသူတို့၏ ဒုက္ခဝေဒနာတို့ကို သက်သာစေရန် ပြုစုပေးနေကြစဉ်၊ သူတို့ နှင့်အတူ ဆုတောင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သူတို့အား ဖတ်ပြရန် ကယ်တင်ရှင် အကြောင်း ပြောပြရန် အခွင့်အရေး များစွာ ရရှိကြလိမ့်မည်။ တပ်မက်မောခြင်းကြောင့် ယုတ်ညံ့သွားစေလောက်အောင် အစားအသောက်၌ မက်မောခြင်းကို ချုပ်တည်းနိုင်ရန် စိတ်ဆန္ဒ ခွန်အား မရှိကြသော အားကိုးရာမဲ့ သူတို့နှင့် လည်းကောင်း၊ သူတို့အတွက် ၎င်းတို့သည် ဆုတောင်းပေးနိုင်ကြသည်။ သူတို့သည် ဆုံးရှုံး၍ စိတ်အားလျော့နေသော သူတို့၏ အသက်တာတွင် မျှော်လင့်ခြင်း ရောင်ခြည်ကို ယူဆောင်လာနိုင်ကြသည်၊ ကိုယ်ကျိုးကို ငဲ့ကွက်သော ကျေးဇူးပြုခြင်း အမှုတွင် ထင်ရှားသော ကိုယ်ကျိုး မရှာသော သူတို့၏ မေတ္တာ အားဖြင့်၊ ဤ ဒုက္ခရောက်သော သူတို့သည် သခင်ခရစ်တော်၏ မေတ္တာတော်၌ ယုံကြည်လာရန် လွယ်ကူလာကြလိမ့်မည်။CCB2 314.1

    ဆေးကုသလျက် သာသနာပြု အမှုဆောင်ရွက်ခြင်း လုပ်ငန်းအားဖြင့်၊ အလွန် အောက်ကျလျက် ရှိသော အခြေအနေတွင်၊ တစ်ခါက အလွန် ကောင်းမြတ်သော စိတ်သဘော၊ အဖိုးအတန်ဆုံးသော အရည်အချင်းများနှင့် ပြည့်စုံကြလျက် သူတို့၏ ကျဆုံးနေသော အခြေမှ သင့်တော်သော ဆောင်ရွက်နည်းဖြင့် ကယ်တင်နိုင်မည် ဖြစ်သော လူများကို တွေ့ရှိရကြလိမ့်မည်။ လူများတို့အား ထောက်ထား ညှာတာစွာ စောင့်ရှောက်ပြုစု၍ သူတို့၏ ကာယ၌ လိုအပ်သော အချက်များကို ဖြည့်စွက်ပြီးသောအခါ သခင်ခရစ်တော်အထဲ၌ တည်ရှိနေစေရန် သမ္မာတရားကို ဖော်ပြရမည်။ ထိုသို့သော ဝိညာဉ်များအတွက် အမှု ဆောင်ရွက်နေသော လူများ နှင့်အတူ သန့်ရှင်းသော ဝိညာဉ်တော်သည် ပူးပေါင်း ဆောင်ရွက်လျက် နေတော်မူသဖြင့်၊ အချို့တို့သည် မိမိတို့၏ ဘာသာတရားနှင့် ဆိုင်ရာ ယုံကြည်မှုအတွက် ကျောက်ပေါ်၌ တည်သော အခြေအမြစ်ကို နှစ်သက် သဘောကျကြလိမ့်မည်။CCB2 315.1

    ကိုယ်ခန္ဓာသည် ဝင်ရောက်ခွင့်ရမည် အကြောင်း၊ ညာလက်သည် တံခါးကို ဖွင့်ပေးရမည်။ ဤ အမှုသည် ဆေးကုသလျက် သာသနာပြုခြင်း လုပ်ငန်း၏ တာဝန် တစ်ခု ဖြစ်သည်။ ၎င်းသည် ဤ ခေတ်ကာလအတွက် သမ္မာတရားကို လက်ခံစေရန် အများအားဖြင့် လမ်းဖွင့်ပေးလေသည်။ လက်မရှိသော ကိုယ်ခန္ဓာသည် အကျိုးမရှိ အသုံးမဝင်။ ကိုယ်ခန္ဓာကို ဂုဏ်ပြုရာတွင်၊ ကူညီ လုပ်ဆောင်သော လက်များကိုလည်း ဂုဏ်ပြုရမည်။ ၎င်းလက်များ မရှိလျှင် ကိုယ်ကာယသည် ဘာမျှ မပြုလုပ်နိုင်သဖြင့်၊ ၎င်းတို့သည် ထိုသို့ အရေးကြီးသော ကိုယ်စား ဖြစ်ကြ၏။ ထိုကြောင့် လက်ျာလက်ကို ယုံကြည် အားထားမှု မရှိ၊ ၎င်း၏ အကူအညီကို ငြင်းပယ်သော ကိုယ်ကာယသည် ဘယ်အရာကိုမျှ ဖြစ်မြောက်အောင် မပြုလုပ်နိုင်။CCB2 315.2

    ဧဝံဂေလိတရားအတိုင်း အသက်ရှင်လျက် ၎င်း၏ အခြေခံတရားများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ပေသည်။ ဧဝံဂေလိတရားကို ဟောရုံသာ ပြုသော သူအတွက် ပိတ်ထားသော တံခါးများကို ဆေးကုသလျက် သာသနာပြုခြင်း အမှုကို ကျွမ်းကျင်စွာ ဆောင်ရွက်သူအား ဖွင့်ပေးလိမ့်မည်။ ကိုယ်ကာယ၏ ဒုက္ခဝေဒနာများကို သက်သာစေခြင်း အမှုအားဖြင့် ဘုရားသခင်သည် လူတို့၏ စိတ်ကို ပြုပြင်တော်မူ၏။ သမ္မာတရား မျိုးစေ့ တစ်စေ့သည် စိတ်ထဲသို့ ကျရောက်လာ၍ ဘုရားသခင်က ရေလောင်းတော်မူ၏။ ဤ မျိုးစေ့၌ အသက်ရှင်လာကြောင်း ထင်ရှားသော သက်သေလက္ခဏာ တစ်စုံတစ်ခုကို မဖော်ပြမီ များစွာ သည်းခံခြင်း ရှိဖို့ လိုပေသည်။ သို့ရာတွင် ၎င်းသည် အပင်ပေါက်လာ၍ ထာဝရ အသက်ရှင်ခြင်းအဖို့ အသီးကို သီးစေလေ၏။ 9MM 238-247.CCB2 315.3

    * * * * *