Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သတ္တမနေ့ ဥပုသ် အသင်းသားတို့သည် လောကအား ပုံသက်သေ ဖြစ်ခြင်း။

    လူတစ်မျိုး ဖြစ်ကြသည်အလျောက် ကျွန်ုပ်တို့သည် ပြုပြင်ပြောင်းလဲပေးသူများ၊ လောကတွင် အလင်းကို လင်းစေသူများ၊ ဘုရားသခင်အတွက် သစ္စာရှိသော ကင်းစောင့်များ ဖြစ်ကြလျက်၊ အစားအသောက်တို့ကို လွဲမှားစေရန် သွေးဆောင်ဖို့ စာတန် ဝင်ရောက်လာမည့် လမ်းဝများကို ကာကွယ်စောင့်ရှောက်နေကြသည်ဟု ပြောဆိုနေကြသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် ကျွန်ုပ်တို့၏ ပုံသက်သေ နှင့် သြဇာညောင်းမှုသည် တန်ခိုးရှိရမည်။ သိ တတ်သော သြတ္တပ္ပစိတ်ကို တုံးစေမည့်၊ သို့မဟုတ် သွေးဆောင်ခြင်းသို့ လိုက်ပါရန် အားပေးမည့် အကျင့်ဓလေ့များကို ကျွန်ုပ်တို့သည် ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ ပြုပြင် ဖန်ဆင်းထားသော လူသတ္တဝါ တစ်ဦး၏ စိတ်ထဲသို့ စာတန်အား ဝင်ခွင့်ပေးမည့် တံခါးဝကို ကျွန်ုပ်တို့သည် ဖွင့်မပေးရ။225T 360;CCB2 283.2

    ဘေးကင်းလုံခြုံသော နည်းတစ်ခုကား၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဝိုင်အရက်၊ ဆေးလိပ်၊ ဆေးရွက်၊ ဘိန်း နှင့် အရက်ပါသော ဖျော်ရည်တို့ကို မတို့ မကိုင် မမြည်းဘဲ နေခြင်းသာ ဖြစ်၏။ စာတန်၏ သွေးဆောင်ခြင်းကို ခံရပ်နိုင်၍ လွဲမှားသော အစားအသောက်တို့ကို လိုက်စားလိုသော အလိုကို တားဆီး ပိတ်ပင်နိုင်မည် အကြောင်း၊ ဤ ခေတ်ကာလရှိ လူမျိုးတို့အား ကူညီမစရန် ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်း ရှိလျက် စိတ်အလိုဆန္ဒ၏ တန်ခိုးကို၊ လွန်ခဲ့သော လူမျိုး အစဉ်အဆက်တို့ထက် နှစ်ဆလောက် အလိုရှိကြသည်။ သို့ရာတွင် ယခုခေတ်ရှိ လူမျိုးတို့၌ ကိုယ်ကိုကိုယ် ချုပ်တည်းရသော တန်ခိုးသည် ထိုခေတ်ကာလက နေထိုင်ခဲ့ကြသော သူတို့မှာထက် လျော့နေ၏။ ဤ မူးယစ်ထုံထိုင်းစေတတ်သော အရာများအတွက် ခံတွင်း အလိုသို့ လိုက်သော သူတို့သည် မိမိတို့၏ ဆိုးယုတ်သော အာဟာရ မက်မောခြင်း နှင့် ကာမဂုဏ်ရမ္မက်တို့ကို မိမိတို့၏ သားသမီးတို့တွင် ဆက်လက် ဖြစ်ပေါ်လာစေသဖြင့်၊ သေရည်သေရက်၊ ကော်ဖီမှ စသော သောက်စားမှု အမျိုးမျိုးတို့ကို တားဆီး ပိတ်ပင်ရန် သာ၍ ကြီးသော အကျင့် တန်ခိုးကို လိုပေ၏။ အသေအချာ ဘေးကင်း လုံခြုံသော တစ်ခုတည်းသော နည်းလမ်းကား၊ ခြိုးခြံချုပ်တည်းခြင်း ဘက်၌ မြဲစွာ တည်နေလျက် ဘေး ဖြစ်စေသော လမ်းတွင် လျှောက်သွားရန် စွန့်စားခြင်း မပြုဘဲ နေခြင်းတည်း။CCB2 284.1

    အရာခပ်သိမ်းတွင် ချုပ်တည်းခြင်း အကြောင်းနှင့် စပ်ဆိုင်၍ ခရစ်ယာန်တို့သည် ကျင့်ဝတ်တွင် သိရှိ နားလည်သော သဘောရှိလာကြလျှင်၊ မိမိတို့၏ ထမင်းစားပွဲမှ အစပြုလျက် ပုံသက်သေအားဖြင့် ခြိုးခြံချုပ်တည်းခြင်း၌ အားနည်းသော သူ၊ အစားအသောက်၌ မက်မောခြင်းကို တားဆီးခြင်းငှါ လုံးလုံးလိုပင် မစွမ်းဆောင်နိုင်သော သူတို့ကို မစကူညီနိုင်ကြသည်။ ဤ အသက်တာ ဘဝ၌ ဖြစ်လာစေသော အကျင့်ဓလေ့များသည် ကျွန်ုပ်တို့၏ ထာ ဝရကာလ၏ အကျိုးများကို ထိခိုက်စေမည်ကို လည်းကောင်း၊ ကျွန်ုပ်တို့၏ ထာဝရ ကံကြမ္မာသည် ကြပ်တည်းစွာ ခြိုးခြံ ချုပ်တည်းမှု အပေါ်၌ မှီနေသည်ကို လည်းကောင်း ကျွန်ုပ်တို့သည် သိရှိ နားလည်ကြလျှင်၊ အစားအသောက်၌ ကြပ်တည်းစွာ ခြိုးခြံ ချုပ်တည်းခြင်း အမှုတွင် ကျွန်ုပ်တို့သည် အောင်မြင်ကြလိမ့်မည်။ ကျွန်ုပ်တို့၏ ပုံသက်သေ နှင့် ကိုယ်တိုင် ကြိုးစား အားထုတ်မှုအားဖြင့်၊ များစွာသော ဝိညာဉ်တို့အား မခြိုးခြံ မချုပ်တည်းခြင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်း နှင့် သေခြင်းမှ ကယ်တင်နိုင်လိမ့်မည်။ ကျွန်ုပ်တို့၏ ညီအစ်မများတို့သည် မိမိတို့၏ ထမင်းစားပွဲတွင် ကျန်းမာစေ၍ အာဟာရ ဖြစ်စေသော အစားအသောက်များကိုသာ တည်ခင်းထားခြင်းဖြင့် အခြားသူတို့အား ကယ်တင်ခြင်း လုပ်ငန်းကြီးတွင် များစွာ ပြုလုပ် ဆောင်ရွက်နိုင်ကြသည်။ မိမိတို့၏ သားသမီးများတို့နှင့် သင့်တော်သော အစားအသောက် အကြောင်းကို သွန်သင်ပေးရာ၌ လည်းကောင်း၊ အရာခပ်သိမ်းတွင် ခြိုးခြံ ချုပ်တည်းခြင်း အကျင့်ကို ပြုပြင်ပေးရာ၌ လည်းကောင်း အခြားသူတို့၏ အကျိုးအတွက် ကိုယ်ကို ငြင်းပယ်ခြင်း နှင့် ကောင်းမှု ပြုခြင်းကို အားပေး တိုက်တွန်းရာ၌ လည်းကောင်း မိမိတို့၏ အဖိုးထိုက်သော အချိန်ကို အသုံးပြုနိုင်ကြသည်။233T 488, 489;CCB2 284.2

    * * * * *