Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပေါင်းသင်းဆက်ဆံခြင်း နှင့် မှန်ကန်သော အလေ့အကျင့်များ။

    အခြားသော အသင်းများနှင့် ပေါင်းဖော်ရသော လူငယ်တို့သည် ထိုအသင်းများ အပေါ်၌ ကောင်းကြီးမင်္ဂလာ သို့မဟုတ် ကျိန်ခြင်းကို သက်ရောက်စေတတ်သည်။ သူတို့သည် အသီးအသီးသော အသင်းတို့အား ပါရမီ တိုးပွားစေရန်၊ ကောင်းကြီးမင်္ဂလာ သက်ရောက်စေရန် နှင့် ခွန်အား တိုးတက်စေရန် ပြုလုပ်နိုင်လျက် အနေအထိုင် အသွင်အပြင်၌ လည်းကောင်း၊ စိတ်သဘော အခြေအနေ၌ လည်းကောင်း၊ ဗဟုသုတ ပညာ၌ လည်းကောင်း တိုးပွားစေလိမ့်မည်။ သို့မဟုတ် မိမိတို့ ကိုယ်ကို သတိမမူဘဲ နေခြင်း၊ သစ္စာ မရှိခြင်း အားဖြင့်၊ သူတို့သည် အကျင့်ယုတ်စေသော သဘောများကိုသာ ဖြစ်ပေါ်စေရန် သြဇာညောင်းတတ်ကြသည်။CCB2 108.1

    သခင်ယေရှုသည် မိမိကို အားကိုးသော သူ အပေါင်းတို့ကို မစကူညီသော သူ ဖြစ်တော်မူ၏။ သခင်ခရစ်တော်နှင့် ဆက်သွယ်နေသော သူတို့သည် မိမိတို့ အလိုရှိသည်အတိုင်း ပျော်မွေ့ခြင်းကို ရရှိကြ၏။ သူတို့သည် ကယ်တင်ရှင် ပြတော်မူသော လမ်းတွင် လျှောက်လိုက်လျက် ကိုယ်တော်အတွက် စွဲလမ်းသော အရာ၊ တပ်မက်သော အရာတို့ နှင့်တကွ မိမိတို့ ကိုယ်ကို လက်ဝါးကပ်တိုင်၌ ရိုက်ထားကြ၏။ ဤ လူများတို့သည် သခင်ခရစ်တော် အပေါ်၌ မိမိတို့၏ မျှော်လင့်ချက်တို့ကို တည်ထားကြသဖြင့်၊ လောက၏ မုန်တိုင်းများသည် သူတို့အား တည်မြဲသော အခြေအမြစ်မှ ပယ်ရှားပစ်ရန် ခွန်အား မရှိကြ။CCB2 108.2

    ပျိုရွယ်သော ယောက်ျား၊ မိန်းမတို့၊ သင်တို့သည် အားကိုး ယုံကြည်အပ်သော သူ၊ တည်ကြည် ဖြောင့်မတ်သူ နှင့် အကယ်ပင် အသုံးဝင်သော သူ ဖြစ်လာကြမည်မှာ သင်တို့ အပေါ်၌ တည်ပေသည်။ အခြေအနေ အမျိုးမျိုး၌ သင်သည် မှန်သော အရာအတွက် ရပ်တည်နေနိုင်ရန် အသင့် ရှိလျက် စိတ်ပိုင်းဖြတ်ရမည်။ ကျွန်ုပ်တို့၏ မှားသော အကျင့်ဓလေ့တို့ကို ကောင်းကင်သို့ မိမိတို့ နှင့်အတူ ယူဆောင် မသွားနိုင်သဖြင့်၊ ဤ မြေကြီးပေါ်၌ အောင်မြင်ခြင်း မရှိလျှင်၊ ၎င်းအကျင့်တို့ကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သော သူတို့ နေရာ အရပ်သို့ ဝင်ခွင့်ရကြမည် မဟုတ်။ မကောင်းသော အကျင့်တို့ကို ပယ်ရှားရသောအခါ၊ အလွန် ပြင်းထန်စွာ ၎င်းတို့က ခုခံနေတတ်ကြသည်၊ သို့ရာတွင် စွမ်းအား သတ္တိနှင့် လည်းကောင်း ကြိုးစားခြင်းနှင့် လည်းကောင်း ဆက်လက် တိုက်လှန်နေလျှင်၊ ၎င်းတို့ကို အောင်မြင်လိမ့်မည်။CCB2 108.3

    မှန်ကန်သော အကျင့်တို့ကို ဖြစ်စေရန်၊ ကျွန်ုပ်တို့သည် စင်ကြယ်သော အကျင့်စာရိတ္တ ရှိလျက် ဘာသာရေးတွင် သြဇာညောင်းသော သူတို့နှင့် ပေါင်းသင်းဆက်ဆံရကြမည်။144T 655;CCB2 109.1

    ပျိုရွယ်သူတို့သည် သန့်ရှင်းဖြူစင်သော သူ၊ စဉ်းစား ဆင်ခြင်တတ်သူ နှင့် နှစ်သက်ဖွယ် ဖြစ်သော သူတို့နှင့် ပေါင်းသင်း ဆက်ဆံခွင့် ရလျှင်၊ အလွန်ပင် အကျိုးရှိလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ပေါင်းသင်းခွင့် ရလျှင်၊ သူတို့၏ သြဇာညောင်းမှုကြောင့် သမ္မာတရားကို သိရှိစေ၍ တာဝန်ကို သိနားလည်လာလျက် သန့်ရှင်းခြင်း ရှိစေလိမ့်မည်။ မှန်သော ခရစ်ယာန်၏ အသက်တာသည် ကောင်းကျိုးအတွက် တန်ခိုး အာနိသင် ဖြစ်၏။ သို့ရာတွင် မသင်္ကာဖွယ် ဖြစ်သော အကျင့်စာရိတ္တ၊ မကောင်းသော အခြေခံတရား နှင့် အပြုအမူတို့ဖြင့် ပြည့်ဝသော ယောက်ျား မိန်းမတို့နှင့် ပေါင်းဖော်သော သူတို့သည် မကြာမီ ထိုသို့သော အကျင့်တို့ကို ပြုကျင့်လာကြလိမ့်မည်။ ဇာတိ စိတ်သဘောသည် အောက်သို့ ကျဆင်းသွားတတ်သည်။ မယုံကြည်သော သူနှင့် ပေါင်းဖော်သော သူသည် မကြာမီ မယုံကြည်သော သူ ဖြစ်လာလိမ့်မည်။ ယုတ်ညံ့သော သူနှင့် ပေါင်းဖော်ရန် အလိုရှိသော သူသည် မကြာမီ အမှန်ပင် ယုတ်ညံ့လာလိမ့်မည်။ မတရားသော သူတို့၏ တိုက်တွန်းခြင်းကို လိုက်နာခြင်းသည် လူဆိုးတို့၏ လမ်းတွင် ရပ်နေခြင်း နှင့် မထီမဲ့မြင် ပြုသော သူတို့၏ အစည်းအဝေး၌ ထိုင်ခြင်း အမှုသို့ ရောက်ရန် ပထမ ခြေလှမ်း ဖြစ်၏။CCB2 109.2

    မှန်ကန်သော အကျင့်စာရိတ္တကို ဖြစ်စေလိုသော သူ အပေါင်းတို့သည် အလွန် သေချာစွာ ဆင်ခြင် စဉ်းစား၍ ဘာသာတရားကို လိုက်စားသော သူတို့ကို ပေါင်းဖော်သင့်သည်။ တန်ဖိုးကို ကောင်းစွာ ဆင်ခြင်တတ်၍ ထာဝရကာလအတွက် ဆောက်တည်လိုသော သူတို့သည် မိမိတို့၏ အဆောက်အဦးအတွက် ကောင်းသော ဝတ္ထုပစ္စည်းတို့ကို အသုံးပြုရမည်။ သူတို့သည် ဆွေးနေသော သစ်များကို သုံးလျှင်၊ သူတို့သည် ချို့ယွင်းနေသော အကျင့်စာရိတ္တနှင့်ပင် တင်းတိမ်နေလျှင်၊ အဆောက်အဦးသည် ပျက်စီးသွားလိမ့်မည်။ လူအပေါင်းတို့သည် မည်ကဲ့သို့ မိမိတို့ ဆောက်လုပ်ကြသည်ကို သတိပြုပါစေ။ စုံစမ်း သွေးဆောင်ခြင်း တည်းဟူသော မုန်တိုင်းသည် အဆောက်အဦး အပေါ်၌ တိုက်ခတ်လာ၍၊ ၎င်းသည် ခိုင်ခံ့၍ မှန်ကန် သေချာစွာ ဆောက်လုပ် မထားလျှင်၊ ၎င်းသည် စုံစမ်းခြင်းကို ခံရပ်နိုင်မည် မဟုတ်။CCB2 109.3

    ကောင်းသော နာမည်သည် ရွှေထက် အဖိုးတန်၏။ ပျိုရွယ်သော သူတို့သည် စိတ်သဘော နှင့် အကျင့်စာရိတ္တတွင် နိမ့်ကျသော သူတို့နှင့် ပေါင်းဖော်လိုသော ဆန္ဒနှင့် ပြည့်ဝနေတတ်သည်။ အကြံအစည်၊ အထင်အမြင် နှင့် အပြုအမူတို့တွင် အောက်ကျသော သူတို့နှင့် အလိုအလျောက် ဆက်ဆံ ပေါင်းသင်းခြင်းမှ ပျိုရွယ်သော သူသည် မည်ကဲ့သို့ အစစ်အမှန် ဖြစ်သော ပျော်မွေ့ခြင်းကို ရရှိနိုင်မည်နည်း။ အချို့သော သူတို့သည် ယုတ်ညံ့သော ဝါသနာနှင့် လည်းကောင်း၊ ဆိုးသွမ်းသော အကျင့်နှင့် လည်းကောင်း၊ ပြည့်ဝနေသဖြင့်၊ ထိုသို့သော မိတ်ဆွေနှင့် ပေါင်းသင်းသော သူတို့သည် လူတို့၏ ပုံသက်သေကို လိုက်လျှောက်ကြလိမ့်မည်။154T 587, 588;CCB2 110.1

    သိမ်ဖျင်းသော အရာ နှင့် အပျော်အပါး လိုက်စားခြင်းတွင် ပထမဦးစွာ သင်သည် ဘေးဥပဒ်ကို အကယ်ပင် မတွေ့ မမြင်ရသေးသဖြင့်၊ သင်သည် သင်၏ လမ်းကို ပြောင်းလဲလိုသောအခါ၊ အမှားကို ပြုရန် သင့် ကိုယ်တိုင် သွေးဆောင်ခြင်းသို့ လိုက်ပါ မသွားမီ အခါကဲ့သို့ပင် သင်သည် အမှန်ကို ပြုလုပ်နိုင်လိမ့်မည်ဟု ထင်မှတ်လိမ့်မည်။ သို့ရာတွင် ဤ အမှုသည် အမှား တစ်ခု ဖြစ်၏။ မကောင်းသော မိတ်ဆွေကို ရွေးချယ်ခြင်းအားဖြင့်၊ သီလနှင့် ပြည့်စုံသော လမ်းမှ တစ်ကြိမ်က မိမိတို့အား ရောက်ရှိမသွားနိုင်ဟု ထင်ရသော နားမထောင်ခြင်း နှင့် အပျော်အပါး ကြူးခြင်း အမှုထဲသို့ တစ်ဆင့်ပြီး တစ်ဆင့် သင်သည် ရောက်ရှိသွားလိမ့်မည်။ 16CT 224;CCB2 110.2

    ကျွန်ုပ်တို့၏ ပျော်ရွှင်ရေးအတွက် ထားရှိအပ်သော အရာခပ်သိမ်းကို ကျွန်ုပ်တို့အား လက်လွှတ်စေရန် ဘုရားသခင် အလိုရှိတော်မူသည်ဟု မထင်ပါနှင့်။ ကျွန်ုပ်တို့အား လက်လွှတ်စေရန် ဘုရားသခင် အလိုရှိတော်မူသော အရာ အားလုံးမှာ ကျွန်ုပ်တို့၏ ကောင်းကျိုး နှင့် ပျော်ရွှင်ရေးအတွက် ထားရှိဖို့ မသင့်သော အရာတို့သာ ဖြစ်ပေသည်။17AH 502;CCB2 110.3