Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၆၆။—ldquo;ငါသည် အလျင်အမြန် လာမည်။”

    ကျွန်ုပ်တို့ ယုံကြည်သည်အတိုင်း သခင်ဘုရားသည် မကြာမီ ကြွလာတော်မူလျှင်၊ လူများတို့အား သမ္မာတရားကို ဖော်ပြရာတွင်၊ ကျွန်ုပ်တို့သည် လွန်ခဲ့သော နှစ်များကထက် သာ၍ ကြိုးစားအားထုတ် သင့်ကြသည် ဟူသော အချက်ကို မကြာမီက ညအခါတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်၏ စိတ်ထဲ၌ သိမှတ် စွဲလန်းစေ၏။CCB2 404.1

    ဤ အကြောင်းနှင့် သက်ဆိုင်၍၊ ကျွန်ုပ်၏ စိတ်သည် ၁၈၄၃ နှင့် ၁၈၄၄ ခုနှစ်များတွင် ကြွလာတော်မူခြင်းကို ယုံကြည်သော သူတို့၏ ကြိုးစား လုပ်ဆောင်မှု အကြောင်းကို ပြန်၍ သတိရ၏။ ထိုအခါ၌ တစ်အိမ်တက် တစ်အိမ်ဆင်း လှည့်လည် ကြည့်ရှုခြင်း အလုပ်များ ရှိကြ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖော်ပြထားသော အရာများကို လူတို့အား သတိပေးရန် မမောမပန်း ကြိုးစား အားထုတ်ခဲ့ကြ၏။ ပထမ ကောင်းကင်တမန်၏ သတင်းစကားကို သစ္စာနှင့် ကြွေးကြော်ခဲ့ကြသော သူတို့ ကြိုးစားကြသည်ထက် ကျွန်ုပ်တို့သည် သာ၍ပင် ကြိုးစား အားထုတ်ရကြမည်။ ကျွန်ုပ်တို့သည် ဤ မြေကြီး၏ ရာဇဝင် အဆုံးသို့ လျင်မြန်စွာ ရောက်လာနေကြသည်။ ၎င်းပြင် သခင်ယေရှုသည် အမှန်ပင် မကြာမီ ကြွလာတော်မူမည်ကို သိရှိကြသဖြင့်၊ အထက်က တစ်ခါမျှ မပြုခဲ့ဘူးသကဲ့သို့ ကျွန်ုပ်တို့သည် ကြိုးစား အမှုဆောင်ရွက်ရကြမည်။ လူများတို့ကို သတိပေးရန် ကျွန်ုပ်တို့အား မှာထားလေပြီ။ ၎င်းပြင် ကျွန်ုပ်တို့၏ အသက်တာ၌ သမ္မာတရား နှင့် ဖြောင့်မတ်ခြင်း တရား၏ တန်ခိုးကို ကျွန်ုပ်တို့သည် ဖော်ပြရကြမည်။ ပညတ်တရားကို ပေးတော်မူသော အရှင်ကြီးသည် ချိုးဖျက်ခြင်း ခံရသော မိမိ၏ တရားကို ကြည့်ရှုရန် ကြွလာတော်မူသည်ကို လောကသည် မကြာမီ တွေ့ဆုံရလိမ့်မည်။ ကျူးလွန်ခြင်းမှ နားထောင်ခြင်းသို့ ပြောင်းလဲလာသော သူတို့သာလျှင် အပြစ်လွှတ်ခြင်း နှင့် ငြိမ်သက်ခြင်းအတွက် မျှော်လင့်နိုင်ကြလိမ့်မည်။CCB2 404.2

    အသက်ရှင်စေသော စကား တည်းဟူသော သမ္မာတရားကို ရရှိသော သူအပေါင်းတို့သည် အလင်းတရားကို မရသေးသော သူတို့အား လင်းစေခြင်းငှါ ကြိုးစား ဆောင်ရွက်ကြလျှင်၊ မည်မျှ ကောင်းသော အမှုကို ဖြစ်မြောက်စေလိမ့်မည်နည်း။ ရှမာရိ မိန်းမက ခေါ်သဖြင့် ရှမာရိ မြို့သားတို့သည် သခင်ခရစ်တော်ထံသို့ လာကြသော အခါ၊ သခင်ခရစ်တော်က တပည့်တော်တို့အား သူတို့ကို ရိတ်သိမ်းရန် အသင့်ရှိသော လယ်ပြင်ကဲ့သို့ မိန့်တော်မူ၏။ “ယခုမှ စ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာ ကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော၊ စပါးရိတ်ခြင်း အလို့ငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်း ရှိသည်ကို မျှော်လင့်ကြလော့” ဟု ကိုယ်တော်က မိန့်တော်မူ၏။ ယော၊ ၄: ၃၅။ ရှမာရိ လူတို့သည် သမ္မာတရားကို ကြားခြင်းငှါ ငတ်မွတ်နေကြသဖြင့်၊ သခင်ခရစ်တော်သည သူတို့ နှင့်အတူ နှစ်ရက် နေတော်မူ၏။ ၎င်းပြင် ထိုနေ့များ၌ မည်မျှ အလုပ် များကြလိမ့်မည်နည်း။ ထိုနေ့များတွင် အမှုတော် ဆောင်ရွက်တော်မူခြင်းကြောင့်၊ “အခြားသော လူအများတို့သည် နှုတ်ကပတ်တော် စကားတော်ကြောင့် ယုံကြည်ကြ၏။” “ငါတို့သည် စကားတော်ကို ကိုယ်တိုင် ကြားနာရ၍၊ ဤ သူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန် စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်။” ဤ စကားသည် သူတို့၏ သက်သေခံချက် ဖြစ်၏။ ငယ်၊ ၄၁၊ ၄၂။ 13TT 435, 436;CCB2 405.1