Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၈။—စာတန်၏ လှည့်ဖြားခြင်း အလုပ်။

    ဆိုးသော တမန်တို့သည် ဝိညာဉ်များအတွက် ငြင်းခုံ ပြောဆိုနေလျက် ကောင်းကင်တမန်တို့သည် သူတို့ကို တားဆီးနေကြသည်ကို ကျွန်ုပ် မြင်ရ၏။ ဆိုးသော တမန်တို့သည် ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေသော သြဇာဖြင့် လွှမ်းမိုးစေလျက်၊ ဤ ဝိညာဉ်များ၏ အာရုံများကို ထုံထိုင်းစေရန် သူတို့ ပတ်လည်၌ စုရုံးနေကြ၏။ သန့်ရှင်းသော ကောင်းကင်တမန်တို့သည် စာတန်၏ ဗိုလ်ခြေများကို တွန်းလှန် ပယ်ရှားရန် စိတ်အားကြီးစွာ စောင့်ကြည့်နေကြသည်။ သို့ရာတွင် မိမိတို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်လျက်၊ လူတို့၏ စိတ်ကို စိုးမိုး ချုပ်ချယ်ခြင်းသည် ကောင်းသော ကောင်းကင်တမန်တို့၏ အလုပ် မဟုတ်။ သူတို့သည် ရန်သူနောက်သို့ လိုက်ပါသွား၍ သူအား တားဆီး ကန့်ကွက်ရန် မကြိုးစားလျှင်၊ ဘေးဒုက္ခရောက်နေသူသည် နိုးကြားလာ၍ ကောင်းကင်သို့ အကူအညီ ရဖို့ မျှော်ကြည့်စေရန် ထပ်မံ၍ အလင်းကို ရရှိလာသည်တိုင်အောင် သူတို့အား မဖျက်ဆီးမည် အကြောင်း စာတန်၏ ဗိုလ်ခြေတို့ကို ဘုရားသခင်၏ ကောင်းကင်တမန်တို့က တားဆီးထားခြင်း အမှုထက် အနည်းငယ်မျှ ပိုမို မပြုလုပ်နိုင်ကြတော့ချေ။ မိမိတို့ ကိုယ်ကို ကူညီရန် မကြိုစားသော သူတို့အား လွတ်မြောက်စေခြင်းငှါ ပြုလုပ်ပေးဖို့ သခင်ယေရှုက သန့်ရှင်းသော ကောင်းကင်တမန်တို့အား အမိန့်ပေးတော်မူမည် မဟုတ်။CCB2 333.1

    မိမိထံမှ ဝိညာဉ် တစ်ဦးကို ဆုံးရှုံးရတော့မည်ကို စာတန်သည် သိမြင်ရလျှင်၊ ထိုဝိညာဉ်ကို မိမိ ဘက်၌ တည်ရှိနေစေရန် သူသည် အစွမ်းကုန် ကြိုးစားအားထုတ်လိမ့်မည်။ ၎င်းပြင် တစ်စုံတစ်ယောက်သည် မိမိ၌ ဘေးရောက်မည်ကို သိရှိလာ၍ စိတ်ဒုက္ခနှင့် လည်းကောင်း၊ စိတ်အား ထက်သန်စွာနှင့် လည်းကောင်း၊ ခွန်အားအတွက် သခင်ယေရှုကို မျှော်ကြည့်သောအခါ၊ စာတန်သည် ဖမ်းထားသော သူ တစ်ယောက် ဆုံးရှုံးတော့မည်ကို စိုးရိမ်သဖြင့်၊ ကောင်းကင်အလင်းသည် သနားစရာ ကောင်းသော ဝိညာဉ်ထံ မရောက်နိုင်မည် အကြောင်း၊ ထိုဝိညာဉ်၏ ပတ်လည်တွင် အကာအဆီးကို ပြုလုပ်လျက် မှောင်မိုက်နံရံကို ဖြစ်စေရန် မိမိ၏ တမန်များကို ထပ်မံ ခေါ်ယူလေ၏။ သို့ရာတွင် ဒုက္ခရောက် နေသူသည် ကြိုးစား၍ အားကိုးရာမဲ့ အခြေအနေတွင် သခင်ခရစ်တော်၏ အသွေးတော်သွန်းခြင်းဖြင့် ရရှိသော ကောင်းကျိုးကို အားကိုးအားထားလျှင်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ယုံကြည်ခြင်းနှင့် စိတ်ပါစွာ ဆုတောင်းသံကို နားညောင်းတော်မူလျက်၊ သူ့အား ကယ်နှုတ်ရန် ခွန်အား၌ သာလွန် ထူးကဲသော ထို ကောင်းကင်တမန်တို့ကို ထပ်မံ စေလွှတ်တော်မူသည်။CCB2 333.2

    စာတန်သည် မိမိနှင့် ဖက်ပြိုင်နိုင်၍ ခွန်အားကြီးသော သူအား အသနားခံသည်ကို မခံမရပ်နိုင်၊ အကြောင်းကား သူသည် ကိုယ်တော်၏ ခွန်အားနှင့် မြင့်မြတ်တော်မူခြင်း ရှေ့၌ ကြောက်ရွံ့၊ တုန်လှုပ်လျက် နေ၏။ စိတ်အားကြီးစွာ ဆုတောင်းသံကို ကြားသောအခါ၊ စာတန်၏ ဗိုလ်ခြေအပေါင်းသည် တုန်လှုပ်ကြ၏။ သူသည် မိမိ၏ ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် ဆိုးသော တမန်တို့ကို အလုံးအရင်း နှင့်တကွ ခေါ်ယူ၏။ အလုံးစုံသော တန်ခိုးနှင့် ပြည့်ဝ၍ ကောင်းကင် လက်နက်များနှင့် ဝတ်ဆင်ထားသော ကောင်းကင်တမန်တို့သည် ညှိုးငယ်၍ လိုက်လံခြင်း ခံရသော ဝိညာဉ်ကို ကူညီရန် လာကြသောအခါ၊ စာတန် နှင့် သူ၏ ဗိုလ်ခြေတို့သည် မိမိတို့၏ စစ်ပွဲ၌ ဆုံးရှုံးသည်ကို သိကြလျက် နောက်သို့ ဆုတ်သွားကြ၏။ စာတန်၏ ကျွန်များသည် ရည်ရွယ်ချက် တစ်ခုတွင် သစ္စာရှိလျက် လျင်မြန်ထက်မြက်ကြပြီးလျှင် စည်းလုံး ညီညွတ်ခြင်း ရှိကြ၏။ သူတို့သည် အချင်းချင်း မုန်း၍ တိုက်ခိုက်တတ်ကြသော်လည်း၊ မိမိတို့ အားလုံး၏ အကျိုးကို တိုးပွားစေရန် အခွင့်အရေးတိုင်းကို တိုး၍ အသုံးပြုတတ်ကြသည်။ သို့ရာတွင် ကောင်းကင်တွင် ရှိသော ဗိုလ်ချုပ်ကြီးသည် စာတန်၏ တန်ခိုး ခွန်အားကို ကန့်သတ်ထားတော်မူ၏။11T 345, 346;CCB2 334.1