Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အလုပ် လုပ်ခြင်း၏ ဂုဏ်အသရေ။

    ပျိုရွယ်သူတို့သည် ကိုယ်လက် လှုပ်ရှားရသော အလုပ်အကိုင်၏ မှန်သော ဂုဏ်အသရေ အကြောင်းကို သိရှိ နားလည်ရကြမည်။ ဘုရားသခင်သည် အမြဲသဖြင့် အလုပ် လုပ်ကိုင်နေတော်မူသော အရှင် ဖြစ်ကြောင်း သူတို့အား ညွှန်ပြပါ။ သာဘာဝတွင် ရှိသမျှသော အရာခပ်သိမ်းတို့သည် မိမိတို့နှင့် ဆိုင်ရာ လုပ်ငန်းကို ဆောင်ရွက်နေရကြ သည်။ ဖန်ဆင်းထားသမျှသော အရာအပေါင်း၌ လှုပ်ရှားမှု ရှိပေသည်။ ၎င်းပြင် ကျွန်ုပ်တို့သည်လည်း မိမိတို့၏ တာဝန်ကို ပြည့်စုံစေခြင်းငှါ အမြဲ လှုပ်ရှားနေရကြမည်။34Ed 214;CCB2 212.1

    အသုံးဝင်စေခြင်းငှါ စိတ်၏ အားစိုက်မှုနှင့် ရောစပ်နေသော ကိုယ်ကာယ လုပ်ငန်းသည် အသုံးဝင်သော အသက်တာတွင် စည်းကမ်း ဥပဒေ တစ်ခု ဖြစ်၍၊ အမျိုးမျိုးသော ကိစ္စ အဝဝတွင် လူတို့သည် လုပ်ဆောင်ရမည်ဟု ဘုရားသခင် စီမံ ခန့်ထားတော်မူသော အလုပ်ကို ထမ်းဆောင်ရန် စိတ် နှင့် ကာယကို ကျွမ်းကျင်လာအောင် ပညာပေးခြင်း ဖြစ်သည် ဟူသော ထင်မြင်ချက်ဖြင့် အမြဲ သာယာစေ၏။ 35FE 229;CCB2 212.2

    သေးငယ်၍ ယုတ်ညံ့သည်ဟု ထင်ရသော်လည်း၊ ကျွန်ုပ်တို့တွင် မည်သူမျှ အလုပ်အကိုင်အတွက် ရှက်ခြင်း မရှိအပ်။ အလုပ်အကိုင်သည် မြင့်မြတ်စေ၏။ ခေါင်းနှင့် ဖြစ်စေ၊ လက်နှင့် ဖြစ်စေ ပင်ပန်းစွာ လုပ်ကိုင်နေကြသော သူ အပေါင်းတို့သည် အလုပ် လုပ်သော ယောက်ျား၊ အလုပ် လုပ်သော မိန်းမများ ဖြစ်ကြသည်။ ၎င်းပြင် လူအပေါင်းတို့သည် စည်းဝေးတက်သကဲ့သို့ပင်၊ အဝတ်လျှော်ခြင်း၊ ပန်းကန်ဆေးခြင်း အလုပ်များကို လုပ်ဆောင်နေကြစဉ်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လျက် မိမိတို့၏ ဘာသာတရားကို ရိုသေလေးစားနေကြ၏။ လက်များတို့သည် အလွန် ရိုးသော အလုပ်အကိုင် တစ်ခုကို လုပ်ဆောင်နေစဉ်၊ စိတ်သည် ဖြူစင် သန့်ရှင်းသော အကြံအစည်များအားဖြင့် မြှင့်တင်ခြင်း ခံရ၍ မြင့်မြတ်လာနိုင်လိမ့်မည်။ 364T 590;CCB2 212.3

    ကာယနှင့် ဆိုင်သော ပင်ပန်းသော အလုပ်ကို အဘယ်ကြောင့် အထင်သေးရခြင်း၏ အကြောင်းရင်းကြီး တစ်ခုမှာ စဉ်းစား ဆင်ခြင်မှု မရှိဘဲ ၎င်းအလုပ်ကို ပြီးစလွယ် ဆောင်ရွက်သောကြောင့် ဖြစ်သည်။ အထူး ကောင်းမွန်သော အလုပ်ဟု ရွေးချယ်ခြင်း မဟုတ်ဘဲ လိုအပ်သော အရာ ဖြစ်သောကြောင့် လုပ်ဆောင်ရ၏။ လုပ်ဆောင်သော သူသည် အလုပ်၌ စိတ်ဝင်စားခြင်း မရှိ၊ မိမိ ကိုယ်တိုင် အလုပ်ကို လေးစားခြင်း မရှိ၊ သူတစ်ပါးကိုလည်း လေးစားစေအောင် မပြုလုပ်။ လက်မှု အလုပ်အကိုင်သည် ဤ အမှားကို ပြင်ပေး၏။ ၎င်းသည် မှန်ကန် စေ့စပ်ခြင်း၊ သေချာရောရာခြင်း အကျင့်ဓလေ့ကို ဖြစ်ပွားလာစေရမည်။ တပည့်များတို့သည် နေရာတကျ၊ စည်းကမ်း စနစ်နှင့် ပြုလုပ်နိုင်ဖို့ သင်ကြား လေ့လာရကြမည်။ သူတို့သည် အချိန်ကို ချွေတာလျက် လုပ်ငန်း ရှိသမျှကို တန်ဖိုးထားရမည်။ သူတို့အား အကောင်းဆုံး နည်းလမ်းများကို သွန်သင်ပေးရကြမည် သာမက၊ အမြဲ ရှေ့သို့ တိုးတက် ကြီးပွားလိုသော အလိုဆန္ဒ ရှိလာရန် နှိုးဆော်ပေးရမည်။ လူတို့၏ ဦးနှောက် နှင့် လက်များက အလုပ်ကို စုံလင်နိုင်သမျှ စုံလင်အောင် ပြုလုပ်ခြင်းသည် သူတို့၏ ရည်ရွယ်ချက် ဖြစ်ပါစေ။37ED 222;CCB2 213.1

    ကလေးသူငယ်များအား ပျင်းရိစွာ နေစေခြင်း အမှုသည် အပြစ် ဒုစရိုက် တစ်ခု ဖြစ်၏။ သူတို့အား မောပန်းစေသော်လည်း၊ သူတို့၏ ကိုယ်လက်အင်္ဂါများ နှင့် ကြွက်သားများကို လှုပ်ရှားစေရန် အလုပ် လုပ်ပါစေ။ သူတို့သည် အလုပ်ကို အလွန်အမင် ပိုမို မလုပ်ရလျှင်၊ မောပန်းစေခြင်းသည် သင့်ကို ထိခိုက်စေသည်ထက် သူတို့ကို မည်ကဲ့သို့ ထိခိုက်စေနိုင်မည်နည်း။ မောပန်းခြင်း နှင့် အားအင် ကုန်ခန်းခြင်းတို့သည် လွန်စွာ ခြားနားပေသည်။ ကလေးများသည် လူကြီးများထက် မကြာခဏ အလုပ်အကိုင် ပြောင်းလဲပေးပြီး ကြားတွင် အနည်းငယ် အနားယူဖို့ လိုပေသည်။ သို့ရာတွင် အလွန် ငယ်သော အရွယ်၌ပင် သူတို့အား အလုပ်ကို အစပြု သင်ပေးနိုင်သည်။ ၎င်းပြင် သူတို့သည် မိမိတို့ ကိုယ်ကို အသုံးဝင်အောင် ပြုလုပ်နေကြသည် ဟူသော ထင်မြင်ချက်ဖြင့် အားရဝမ်းမြောက်လျက် ရှိကြလိမ့်မည်။ ကျန်းမာစေသော အလုပ်အကိုင်ကို ဆောင်ရွက်ပြီးသောအခါ သူတို့သည် နှစ်ခြိုက်စွာ အိပ်ပျော်ကြလိမ့်မည်။ ၎င်းပြင် နောက်တစ်နေ့၏ အလုပ်အတွက် သူတို့သည် အသစ်သော ခွန်အားနှင့် ပြည့်ဝလာကြလိမ့်မည်။38AH 289;CCB2 213.2