Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၆။—ကျွန်ုပ်တို့၏ အယူဝါဒကို လက်မခံသူတို့နှင့် ဆက်သွယ်ခြင်း။

    ကျွန်ုပ်တို့သည် လောကနှင့် မည်သည့် နည်းနှင့်မျှ ဆက်ဆံ ပေါင်းသင်း မပြုရကြဘူးလား ဟူသော ပြဿနာကို မေးတတ်ကြသည်။ သခင်ဘုရား၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ လမ်းညွှန် ဖြစ်ရမည်။ ကျွန်ုပ်တို့အား သူတို့နှင့် ထပ်တူထပ်မျှ ဖြစ်စေလောက်အောင် မယုံကြည်သူများ၊ ဘုရားတရားကို ငြင်းပယ်သူများနှင့် ဆက်ဆံခြင်း အမှုကို နှုတ်ကပတ်တော်က တားမြစ်ထား၏။ ကျွန်ုပ်တို့သည် သူတို့အထဲမှ ထွက်၍ သီးခြားစွာ ခွဲနေရကြမည်။ သူတို့ အလုပ်အကိုင်၏ စီမံကိန်းများတွင် မည်သည့် နည်းနှင့်မျှ ကျွန်ုပ်တို့သည် သူတို့နှင့် ဆက်ဆံ ပေါင်းသင်းခြင်း မပြုသင့်ကြ။ သို့ရာတွင် ကျွန်ုပ်တို့သည် သူတို့ထံမှ ခွာလျက် သီးသန့် နေထိုင်ရကြမည် မဟုတ်။ ကျွန်ုပ်တို့သည် လောကနှင့် စပ်ဆိုင်၍ ကောင်းသော အမှု အားလုံးကို တတ်နိုင်သမျှ ပြုလုပ်ရကြမည်။CCB2 317.1

    သခင်ခရစ်တော်သည် ဤ အကြောင်းနှင့် သက်ဆိုင်၍ ပုံသက်သေပြတော်မူခဲ့ပြီ။ အခွန်ခံတို့နှင့် လည်းကောင်း၊ အပြစ်သားတို့နှင့် လည်းကောင်း စားသောက်ရန် ခေါ်ဖိတ်ခြင်း ခံရသောအခါ၊ ကိုယ်တော်သည် ငြင်းပယ်တော်မမူ။ အကြောင်းကား၊ ဤ သူတို့နှင့် ရောနှော နေထိုင်ခြင်း မှတစ်ပါး အခြား မည်သည့် နည်းနှင့်မျှ ဤ လူစားမျိုးထံသို့ ချဉ်းကပ်ခြင်း မပြုနိုင်။ သို့ရာတွင် အခွင့်သာသော အခါတိုင်း၊ ကိုယ်တော်သည် သူတို့၏ စိတ်ထဲ၌ ထာဝရ အကျိုးနှင့် ယှဉ်သော အကြောင်းအရာများကို ထင်ရှားစေသော အချက်များကို ဆွေးနွေး ပြောဆိုတော်မူ၏။ ၎င်းပြင် “သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတစ်ပါး ရှေ့၌ သင်တို့ အလင်းကို လင်းစေကြလော့” ဟု ကိုယ်တော်က ကျွန်ုပ်တို့အား အမိန့်ပေးတော်မူ၏။ မ၊ ၅: ၁၆။ 1GW 394;CCB2 317.2

    မယုံကြည်သော သူတို့အား ဘုရားသခင်နှင့် ဆက်သွယ်ပေးရန် ရည်ရွယ်လျက် သူတို့နှင့် ရောနှောနေကြ၍၊ သူတို့၏ သြဇာညောင်းမှုကို ခုခံကာ ကွယ်နိုင်လောက်အောင် ဝိညာဉ်ရေး၌ ခိုင်ခံ့ခြင်း ရှိကြလျှင်၊ မယုံကြည်သော သူတို့နှင့် ပေါင်းဖော်ခြင်း၌ ကျွန်ုပ်တို့အတွက် ဘေး ဖြစ်စေလိမ့်မည် မဟုတ်။CCB2 317.3

    သခင်ခရစ်တော်သည် လောကကို ကယ်တင်ရန် ဆုံးရှုံးသော လူအား ဘုရားသခင်နှင့် ဆက်သွယ်ပေးရန် လောကသို့ ကြွလာတော်မူ၏။ သခင်ခရစ်တော်၏ တပည့်တော်များသည် အလင်းကို လင်းစေသော လမ်းကြောင်း ဖြစ်ကြ၏။ ဘုရားသခင်နှင့် ဆက်သွယ်မှုကို တည်မြဲစေလျက် မှောင်မိုက် နှင့် အမှားထဲတွင် နေသော သူတို့အား၊ ကောင်းကင်မှ သူတို့ ရရှိကြသော အကောင်းဆုံး ကောင်းကြီးမင်္ဂလာများကို တစ်ဆင့် ဝေငှပေးရကြမည်။ ဧနောက်သည် မိမိ လက်ထက်၌ တည်ရှိနေသော အပြစ်ဒုစရိုက်များဖြင့် မိမိ ကိုယ်ကို ညစ်ညူးလာအောင် မပြုလုပ်ခဲ့ချေ။ ကျွန်ုပ်တို့၏ ခေတ်ကာလတွင် အဘယ်ကြောင့် ညစ်ညူးအောင် ပြုလိုကြသလဲ။ သို့ရာတွင်၊ ကျွန်ုပ်တို့၏ သခင်ဘုရားကဲ့သို့ ဒုက္ခရောက်နေသော လူသတ္တဝါတို့အတွက် သနားခြင်း ကရုဏာ ရှိလျှင်၊ ကံမကောင်းသော သူတို့ကို ကြင်နာ၍ ဆင်းရဲသော သူ၊ ဒုက္ခရောက်သော သူ၊ မျှော်လင့်ရာ ကင်းမဲ့နေသူတို့၏ စိတ်ဒုက္ခများ နှင့် လိုအပ်သော အရာများကို သဘောထားကြီးစွာ ဆင်ခြင် စဉ်းစားရကြမည်။25T 113;CCB2 318.1

    တတိယ ကောင်းကင်တမန်၏ သတင်းစကားသည် ကျွန်ုပ်တို့အတွက် များစွာ အဓိပ္ပါယ် ရှိကြောင်းကို လည်းကောင်း၊ မှန်သော ဥပုသ်ကို စောင့်ခြင်း အမှုသည် ဘုရားသခင်ကို ကိုးကွယ်သူတို့အား၊ ဘုရားသခင်ကို မကိုးကွယ်သူတို့ထံမှ ခြားနားထားသော လက္ခဏာ သက်သေ တစ်ခု ဖြစ်ရမည်ကို လည်းကောင်း၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများတို့သည် ကောင်းစွာ သိနားလည်ရန် ကျွန်ုပ်တို့ တောင်းပန်ပါသည်။ အိပ်ပျော်နေ၍ ဂရုမစိုက်ဘဲနေတတ်သူတို့သည် နိုးကြားလာကြပါစေ။CCB2 318.2

    ကျွန်ုပ်တို့သည် သန့်ရှင်းခြင်း ရှိစေရန် ခေါ်တော်မူခြင်း ခံရကြသဖြင့်၊ ကျွန်ုပ်တို့သည် မိမိတို့ ယုံကြည်ခြင်း၏ ထူးခြားသော လက္ခဏာများကို လက်ဝယ်ထားရှိခြင်း၊ မထားခြင်းသည် များစွာ အရေးမကြီး ဟူသော ထင်မြင်ချက်ပေးခြင်းကို သတိနှင့် ရှောင်ကြဉ်ရကြမည်။ သမ္မာတရား နှင့် ဖြောင့်မတ်ခြင်း တရားအတွက် ကျွန်ုပ်တို့သည် ရှေးကထက် သာ၍ သေချာစွာ ရပ်တည်နေခြင်း တည်းဟူသော အရေးကြီးသော တာဝန်သည် ကျွန်ုပ်တို့ အပေါ်၌ တည်ရှိနေပါသည်။ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်သော သူတို့နှင့် မစောင့်ရှောက်သော သူတို့၏ စပ်ကြား၌ ခြားထားသော လမ်းကြောင်းသည် မမှားနိုင်လောက်အောင် ထင်ရှားရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဖြောင့်မှန်စွာ ချီးမြှောက်လျက်၊ ကျွန်ုပ်တို့သည် ဘုရားသခင် ကောင်းကြီးမင်္ဂလာများ၊ အလွန် ပြင်းထန်စွာ စုံစမ်းခြင်း ခံရကြမည့် လူတစ်မျိုးအတွက် အလွန် လိုအပ်သော ကောင်းကြီးမင်္ဂလာများကို ရရှိကြမည် အကြောင်း၊ ပဋိညာဉ်အားဖြင့် ဘုရားသခင်နှင့် ဆက်သွယ်ရခြင်း အမှုကို တည်မြဲစေရန် နည်းလမ်းရှိသမျှဖြင့် ကြိုးစား အသုံးပြုရကြမည်။CCB2 318.3

    ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား၊ ကျွန်ုပ်တို့၏ ဘာသာတရားသည် ကျွန်ုပ်တို့၏ အသက်တာ၌ လွှမ်းမိုးနေသော တန်ခိုး မဟုတ်ဟူသော ထင်မြင်ချက်ကို ဖော်ပြခြင်းသည် ဘုရားသခင်ကို အကြီးအကျယ် ရှုတ်ချခြင်း ဖြစ်၏။ ထိုသို့အားဖြင့် ကျွန်ုပ်တို့၏ အသက် ဖြစ်သော ဘုရားသခင်၏ ပညတ်တော်များမှ ကျွန်ုပ်တို့သည် လွှဲဖယ်သွားကြပြီးလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘုရား ဖြစ်ကြောင်းကို လည်းကောင်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လူများ ဖြစ်ကြကြောင်းကို ငြင်းပယ်လာကြ၏။ 3TT 108;CCB2 319.1