Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏ လမ်းပြတော်မူခြင်းကို မိဘများသည် သာ၍ လိုကြောင်း။

    သင်တို့သည် သင်တို့၏ သားသမီးများကို သင့်တော်စွာ သွန်သင် လေ့ကျင့်ပေးခြင်း အမှုကို ဂရုမစိုက် အမှုမထားဘဲ နေလျှင် ဘေးဥပဒ် ကင်းနိုင်မည် မဟုတ်။ သူတို့၏ ချို့ယွင်းသော အကျင့်စာရိတ္တအားဖြင့် သင်၏ သစ္စာ မရှိခြင်း အကြောင်းကို ထင်ရှားစေလိမ့်မည်။ သင်တို့ ပြုပြင် ဆုံးမခြင်း မပြုဘဲ ခွင့်ပြုထားသော အကျင့်ဆိုးများ၊ ကြမ်းတမ်း ခက်ထန်သော အပြုအမူများ၊ မရိုသေ နားမထောင်မှုများ၊ ပျင်းရိခြင်း နှင့် ဂရုမစိုက် မထီလေးစားပြုတတ်ခြင်း အလေ့အကျင့်များတို့သည် သင်တို့၏ နာမည်များကို ရှုတ်ချ၍ သင်တို့၏ အသက်တာကို များစွာ ဒုက္ခရောက်စေလိမ့်မည်။ သင်တို့ သားသမီးတို့၏ ကံကြမ္မာသည် အများအားဖြင့် သင်တို့၏ လက်ထဲ၌ တည်ရှိနေ၏။ သင်တို့သည် မိမိတို့ တာဝန်၌ ပျက်ကွက်လျှင်၊ သင်တို့သည် သူတို့ကို ရန်သူ၏ ကိုယ်စားလှယ်များ ဖြစ်စေကြလိမ့်မည်။ တစ်ဖက်မှ ကြည့်ပြန်သော်၊ သင်တို့သည် သူတို့ကို သစ္စာနှင့် သွန်သင် ဆုံးမလျက် သင်တို့၏ အသက်တာ၌ သူတို့ ရှေ့တွင် ဘုရားကို ကြည်ညိုသော ပုံသက်သေကို ပြလျှင်၊ သင်တို့သည် သူတို့ကို သခင်ခရစ်တော် ထံသို့ ပို့ဆောင်သဖြင့် သူက တစ်ဖန် အခြားသူတို့ အပေါ်၌ သြဇာညောင်း၍ ထိုသို့အားဖြင့် များစွာသော သူတို့သည် သင်၏ အသုံးဝင်သော လုပ်ငန်းကြောင့် ကယ်တင်ခြင်း ခံရကြလိမ့်မည်။317T 66;CCB2 190.4

    ကျွန်ုပ်တို့သည် မိမိတို့၏ သားသမီးများကို ရိုးရိုး ပြုမူစေရန် ဘုရားသခင်က အလိုရှိတော်မူ၏။ အသက်ကြီးသော သူများသည် နှစ်ပေါင်းများစွာ လေ့လာ ရရှိခဲ့ကြသော ဗဟုသုတမျိုး၏ အကျိုးကို ငယ်ရွယ်သော သားသမီးတို့သည် မရရှိခဲ့ကြသည်ကို ကျွန်ုပ်တို့သည် မေ့လျော့နေတတ်ကြသည်။ အမှုကိစ္စတိုင်း၌ ငယ်ရွယ်သော သူတို့သည် ကျွန်ုပ်တို့၏ အထင်အမြင်နှင့် မကိုက်ညီလျှင်၊ သူတို့သည် ကျွန်ုပ်တို့၏ ဆိုမြည် ကြိမ်းမောင်းခြင်းတို့ကို ခံထိုက်သည်ဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့က ထင်တတ်ကြသည်။ သို့ရာတွင် ဤ အရာသည် အမှုကိစ္စကို ပြုပြင်ပေးလိမ့်မည် မဟုတ်။ သူတို့အား ကယ်တင်ရှင်ထံသို့ ခေါ်သွား၍ ကိုယ်တော်အား အကြောင်းအရာကို ပြောပြပါ။ ထိုနောက် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာသည် သူတို့ အပေါ်သို့ သက်ရောက်လိမ့်မည်ဟု ယုံကြည်လျက် နေပါ။32CG 287;CCB2 191.1

    သားသမီးများသည် ဆုတောင်းချိန်ကို ရိုသေလေးစားဖို့ သွန်သင်ပေးရမည်။ အလုပ် လုပ်ရန် အိမ်မှ ထွက်ခွာမသွားမီ အိမ်ထောင်သား အား လုံးသည် စုရုံးရကြ၍ သို့မဟုတ် ဖခင် မရှိသောအခါ မိခင်သည် သူတို့အား တစ်နေ့လုံး စောင့်ရှောက်စေတော်မူရန် ဘုရားသခင်အား စိတ်အားကြီးစွာ တောင်းလျှောက်ရမည်။ နူးညံ့သိမ်မွေ့သော သဘော နှင့် နှိမ့်ချလျက်၊ သင်တို့ နှင့် သင်တို့၏ သားသမီးများ ရှေ့တွင် စုံစမ်းခြင်း နှင့် ဘေးဥပဒ်များ ရှိနေသည်ကို သိရှိသော သဘောနှင့် ဘုရားသခင်ထံ ချဉ်းကပ်ပါ။ သူတို့အား ယဇ်ပလ္လင်ပေါ်၌ ယုံကြည်ခြင်းအားဖြင့် ချည်နှောင် တည်ရှိနေစေလျက် သူတို့အတွက် ထာဝရဘုရား၏ စောင့်ရှောက်ပြုစုခြင်း ရရှိစေရန် တောင်းပန်လော့။ ဘုရားသခင်အား မိမိတို့ ကိုယ်ကို ဆက်ကပ်ထားသော သားသမီးများကို ပြုစုစေခြင်းငှါ ခန့်ထားသော ကောင်းကင်တမန်တို့က ကွယ်ကာ စောင့်ရှောက်ကြလိမ့်မည်။ နံနက် နှင့် ညတိုင်း စိတ်အားကြီးစွာ ဆုတောင်းခြင်း၊ စွဲမြဲစွာ ယုံကြည်ခြင်းအားဖြင့် မိမိတို့၏ သားသမီးများ ပတ်လည်တွင် အကာအဆီးကို ထားပေးခြင်းသည် ခရစ်ယာန် မိဘတို့၏ တာဝန် ဖြစ်သည်။ ဘုရားသခင် နှစ်သက်တော်မူစေခြင်းငှါ မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို မိဘတို့သည် သားသမီးတို့အား သည်းခံလျက် သွန်သင် နည်းပြလျက် ကြင်နာစွာ မောပန်းခြင်း မရှိဘဲ သင်ကြားပေးရကြမည်။331T 397, 398;CCB2 191.2

    နေ့တိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ နှစ်ခြင်းကို ခံယူခြင်းသည် သူတို့၏ အခွင့်အရေး တစ်ခု ဖြစ်ကြောင်း သင်၏ သားသမီးများအား သွန်သင်ပါ။ သင်သည် သခင်ခရစ်တော်၏ အကြံအစည်ကို လိုက်နာရာ၌ ကိုယ်တော်၏ အကူအညီ တစ်ဦး ဖြစ်ကြောင်း ကိုယ်တော်အား သိရှိပါစေ။ သင်သည် သင်၏ သားသမီးများအတွက် အမှု ဆောင်ရွက်ခြင်း ကိစ္စမှာ လုံးလုံး အောင်မြင်ခြင်း ဖြစ်စေမည် အကြောင်း၊ ဆုတောင်းခြင်းအားဖြင့် ဗဟုသုတကို ရရှိနိုင်လိမ့်မည်။34CT 131;CCB2 192.1

    မိခင် ဆုတောင်းခြင်း၏ တန်ခိုးကို များစွာ မှန်းဆ၍ မရနိုင်။ သူငယ် အရွယ်မှ ပြောင်းလဲလာ၍ ပျိုရွယ်သူတို့၏ ဘေးဥပဒ်တို့ကို ကြုံတွေ့ခဲ့ရဘူးသဖြင့် မိမိ၏ သား နှင့် သမီးတို့၏ အနား၌ ဒူးထောက် ဆုတောင်းတတ်သော မိခင်သည် တရားစီရင်တော်မူသော နေ့ရက်တိုင်အောင် မိမိ၏ သားသမီးများ အပေါ်၌ မိမိ၏ ဆုတောင်းခြင်း၏ သြဇာညောင်းမှု အကျိုးကို ဘယ်အခါမျှ သိရှိမည် မဟုတ်။ သူမသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားတော် နှင့် ဆက်သွယ်နေလျှင်၊ မိခင်၏ ကြင်နာသော လက်သည် မိမိ၏ သားအား စုံစမ်းခြင်း၏ တန်ခိုးမှ တားဆီး ကန့်ကွက်နိုင်လိမ့်မည်။ သူမ၏ သမီးကိုလည်း အပြစ် ဒုစရိုက်တွင် လိုက်စားခြင်းမှ ကန့်ကွက် ပိတ်ပင်နိုင်လိမ့်မည်။ လောကီ တပ်မက်ခြင်းတို့က အနိုင်ယူရန် တိုက်ခိုက်နေစဉ်၊ မေတ္တာ၏ တန်ခိုး၊ မိခင်၏ စိတ်အားကြီးစွာ တားဆီး ပိတ်ပင်ရန် ဆုံးဖြတ်ထားသော စိတ်၏ သြဇာညောင်းမှုသည် ဝိညာဉ်အား မှန်ကန်သော ဘက်သို့ ရောက်ရှိသွားစေလိမ့်မည်။35AH 266;CCB2 192.2

    သင်သည် သင်၏ သားသမီးတို့အား ပြုအပ်သော တာဝန်ကို သစ္စာနှင့် ဆောင်ရွက်ပြီးသောအခါ၊ သူတို့အား ဘုရားသခင်ထံ ခေါ်ဆောင်သွား၍ သင့်ကို မစတော်မူရန် ဘုရားသခင်အား တောင်းလျှောက်လော့။ သင်သည် သင်၏ တာဝန်ကို ဆောင်ရွက်ပြီးကြောင်း ဘုရားသခင်အား ပြောပြပြီးနောက်၊ သင် မလုပ်နိုင်သော ဘုရားသခင်၏ တာဝန်ကို ဆောင်ရွက်တော်မူစေရန် ယုံကြည်ခြင်းနှင့် တောင်းလျှောက်လော့။ သူတို့၏ စိတ်သဘောကို နူးညံ့သိမ်မွေ့လာအောင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပြုပြင်ပေးတော်မူရန် ဘုရားသခင်အား လျှောက်ထားလော့။ သင် ဆုတောင်းသံကို ဘုရားသခင်သည် နားညောင်းတော်မူမည်။ သင်၏ ဆုတောင်းချက်များကို ဖြေတော်မူရန် ဘုရားသခင်သည် နှစ်သက်တော်မူမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်၊ “သူတို့ကို အကျိုး နည်းအောင် သနားသော စိတ်မရှိစေခြင်းငှါ၊” သင်သည် သားသမီးတို့ကို ဆုံးမ ပြုပြင်ရန် ဘုရားသခင်သည် အမိန့်ပေးတော်မူသဖြင့်၊ ဤ အရာများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သတိပြုရကြမည်။36CG 256, 257;CCB2 193.1