Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၁။—တေးဂီတ အတီးအမှုတ်။

    ပရောဖက်တို့၏ ကျောင်းတွင် သန့်ရှင်းသော တေးဂီတ အတီးအမှုတ်များနှင့် ဆိုင်သော အတတ်ပညာကို ကြိုးစား၍ သင်ကြား ပြသပေး၏။ စုံတွဲဖက်၍ ကသော ကပွဲအတွက် တီးသော ညံ့ဖျင်းသော ဂီတသံများကို မကြားရ။ လူတို့အား ချီးမြှောက်၍ ဘုရားသခင်ထံမှ လွဲသွားစေတတ်သည့် ကချော်ကချွတ် သီဆိုသော သီချင်းများလည်း မကြားရဘဲ၊ ဖန်ဆင်းရှင်အား ချီးမွမ်းလျက် နာမတော်ကို ချီးမြှောက်၍ ဘုရားသခင်၏ အံ့သြဖွယ် အမှုတော်တို့ အကြောင်းကို ပြန်ဖော်ပြသော၊ သန့်ရှင်း ကြည်ညိုဖွယ် ဖြစ်သော ဆာလံ သီချင်းများကိုသာ ကြားရ၏။ ထိုသို့အားဖြင့် တေးဂီတ အတီးအမှုတ်သည် သန့်ရှင်းသော အမှုအတွက် အသုံးပြုရန်၊ စိတ်ကူး ထင်မြင်ချက်ကို ဖြူစင်၊ မြင့်မြတ်၍ မြှင့်တင်ပေးသော အရာများသို့ မြှင့်တင်ပေးရန် နှင့် ဝိညာဉ်၌ ဘုရားသခင်အား ကြည်ညို ကိုးကွယ်၍ ကျေးဇူးဆပ်လိုသော သဘောကို နိုးကြားလာစေရန်အတွက် ဖြစ်လာ၏။ 1FE 97, 98;CCB2 128.1

    တေးဂီတ အတီးအမှုတ်သည် အထက် ကောင်းကင် ပလ္လင်တော်၌၊ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း အမှုတွင် အပါအဝင် တစ်ခု ဖြစ်၏။ ထိုကြောင့် ကျွန်ုပ်တို့သည် ကျေးဇူးတော်ကို ချီးမွမ်း မြွက်ဆိုကြရာတွင် ကောင်းကင်မှ သံပြိုင် သီဆိုကြသော တေးဂီတသံများနှင့် တတ်နိုင်သမျှ ညီညွတ်စေရန် ကြိုးစားရမည်။ အသံကို သင့်တော်စွာ လေ့ကျင့်ပေးခြင်း အမှုသည် ပညာသင်ကြားရေးတွင် အရေးကြီးသော အချက် တစ်ခု ဖြစ်၍ ၎င်းကို ဂရုမစိုက်ဘဲ မနေအပ်။ ဘာသာရေး စည်းဝေး၏ အပါအဝင် ဖြစ်သော သီချင်းဆိုခြင်း အမှုသည် ဆုတောင်းခြင်းကဲ့သို့ပင် ဝတ်ပြုကိုးကွယ်ခြင်း အမှုပင် ဖြစ်၏။ မှန်ကန်သော အဓိပ္ပါယ်ကို ရရှိစေရန် သီချင်းဆိုရမည်။2PP 594;CCB2 128.2

    ကျွန်ုပ်တို့အား ကောင်းကင်တွင် သေချာစွာ နေရာတကျ စီမံထားပုံကို ပြ၏။ ၎င်းပြင် ထိုနေရာ၌ သေချာ ညီညာသော တေးဂီတ အတီးအမှုတ်တို့ကို ကြားရသောအခါ ကျွန်ုပ်သည် ရွှင်မြူးလာ၏။ ရူပါရုံထဲမှ ထွက်လာပြီးနောက်၊ ဤ မြေကြီးပေါ်၌ သီချင်းဆိုသံတို့သည် အလွန် ကြမ်းတမ်း၊ မညီမညွတ် ဖြစ်နေသည်ကို တွေ့ရ၏။ ကောင်းကင်တမန် အစုများတို့သည် လေးထောင့် သဏ္ဍာန် စုရုံးရပ်နေကြလျက် အသီးအသီး ရွှေစောင်းများကို ကိုင်ထားကြ၏။ စောင်း၏ အဆုံးနားတွင် အသံညှိပေးသော ကိရိယာ တစ်ခု ရှိ၏။ သူတို့၏ လက်ချောင်းများသည် စောင်းကြိုးပေါ်၌ အမှုမဲ့ လှုပ်ရှားနေကြသည် မဟုတ်ဘဲ၊ သူတို့သည် အသံ အမျိုးမျိုး ထွက်ရန် ကြိုး အမျိုးမျိုးကို လက်ချောင်းများဖြင့် တီးခတ်ပေးကြသည်။ အမြဲ ခေါင်းဆောင်ပေးရသော ကောင်းကင်တမန် တစ်ပါး ရှိ၍ သူသည် ပထမဦးစွာ စောင်းကို ကိုင်လျက် ကြိုးများကို တီးခတ်ပေးပြီးနောက် အားလုံးတို့သည် ကောင်းကင်မှ သေချာ ချိုသာသော ဂီတသံထွက်လာအောင် အတူတကွ ပါဝင် တီးခတ်ကြသည်။ ၎င်း၏ အကြောင်းကို စာဖြင့် မဖော်ပြနိုင်။ ၎င်းသည် ချိုသာ၍ ကောင်းကင်နှင့် လည်းကောင်း၊ ဘုရားသခင်နှင့် လည်းကောင်း သက်ဆိုင်လျက် ရှိစဉ်၊ ကောင်းကင်တမန်တိုင်း၏ မျက်နှာတွင် သခင်ယေရှု၏ ပုံသဏ္ဍာန်ကို ထင်ရှားစေလျက် မပြောပြနိုင်လောက်အောင် ဘုန်းတန်ခိုးနှင့် ထွန်းတောက်ကြ၏။31T 146;CCB2 128.3

    လူငယ်တို့သည် သာ၍ မြင့်မြတ်သော အခြေအနေ၌ နေ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့အား အကြံဉာဏ်ပေး၍ လမ်းပြသော သူ ဖြစ်စေရမည်ကို ကျွန်ုပ်အား ဖော်ပြထားပါသည်။ ကြီးလေးသော တာဝန်များ သည် လူငယ်တို့ အပေါ်၌ တည်ရှိနေ၍ သူတို့သည် ၎င်းတို့ကို ပေါ့ဆစွာ သဘောထားတတ်ကြသည်။ မိမိတို့ အိမ်၌ ထားရှိသော တေးဂီတ အတီးအမှုတ်တို့သည် သန့်ရှင်းခြင်း နှင့် ဝိညာဉ် တိုးပွားရေးကို ဖြစ်စေမည့် အစား၊ သူတို့၏ စိတ်ကို သမ္မာတရားမှ လွဲသွားစေခဲ့ကြပြီ။ ညံ့ဖျင်းသော သီချင်းများ နှင့် ကာလပေါ် တေးဂီတများကို သူတို့သည် အလွန် နှစ်သက်တတ်ကြသည်။ ဆုတောင်းခြင်း ပြုရမည့် အချိန်ကို အတီးအမှုတ်တို့ဖြင့် ကုန်ခန်းစေကြသည်။ ညံ့ဖျင်းစွာ အသုံးမပြုလျှင် တေးဂီတ အတီးအမှုတ်သည် ကောင်းကြီးမင်္ဂလာ ဖြစ်၏။ သို့ရာတွင် ၎င်းကို အလွဲသုံးစား ပြုသောအခါ၊ ၎င်းသည် ကြောက်စရာကောင်းသော ကျိန်ခြင်း အမင်္ဂလာ ဖြစ်၏။ ၎င်းသည် စိတ်ကို ထကြွစေ၏။ သို့ရာတွင် နတ်ဆိုး၏ ပြင်းထန်သော သွေးဆောင်ခြင်းကို တားဆီး ကာကွယ်ရန် ကောင်းကင်မှ မိမိ လိုသော ခွန်အားကို ငိုကြွေးလျက် တောင်းပန်နေစဉ် ကျေးဇူးတော် ပလ္လင်၌သာ ခရစ်ယာန်တို့ ရရှိနိုင်သော ထိုခွန်အားမျိုးကို ၎င်းဂီတမျိုးက မပေးနိုင်။ စာတန်သည် လူငယ်တို့ကို ဖမ်းယူရန် သွေးဆောင်နေ၏။ သူ၏ သွေးဆောင်ခြင်း တန်ခိုးမှ လွတ်ကင်းစေရန် သူတို့အား လမ်းပြဖို့ ကျွန်ုပ်သည် မည်ကဲ့သို့ ပြောဆိုနိုင်မည်နည်း။ သူသည် အလွန် ကျွမ်းကျင်စွာ လှည့်ဖြားနိုင်သော သူ ဖြစ်၍ သူတို့အား ပျက်စီးခြင်းသို့ ရောက်ရန် သွေးဆောင်နေ၏။41T 496, 497.CCB2 129.1