Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လုံးလုံး အပ်နှံဖို့ လိုခြင်း။

    ညီအစ်ကို မောင်နှမများတို့ သင်တို့၏ တာဝန်အတွက် နိုးကြားလျက် နေကြဖို့ သခင်ဘုရား၏ နာမတော်၌ သင်တို့ကို အကျွန်ုပ် တိုက်တွန်းပါ၏။ သင်တို့၏ စိတ်နှလုံးကို သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး၌ အပ်နှံထားကြလော့။ ထိုသို့အားဖြင့် ၎င်းတို့သည် နှုတ်ကပတ်တော်၏ သြဝါဒများကို လက်ခံနိုင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည် ဘုရားသခင်၏ နက်နဲသော အရာတို့ကို ဝေဖန် သိနားလည်နိုင်လာကြလိမ့်မည်။CCB2 352.2

    အလွန်ကြည်ညိုဖွယ် သဘော သက်ဝင်သော သက်သေခံချက် ဖြစ်သည့် သခင်ခရစ်တော်၏ သက်သေခံချက်ကို လောကထဲသို့ ယူဆောင်သွားရကြမည်။ ဗျာဒိတ်ကျမ်း တစ်ခုလုံးတွင် အလွန် အဖိုးထိုက်၍ မြင့်မြတ်သော ဂတိတော်များ ပါရှိ၏။ ၎င်းပြင် အလွန် ကြောက်စရာ ကောင်း၍ ကြည်ညိုဖွယ်သော သဘော ပါဝင်သော သတိပေး စကားများလည် ပါရှိသည်။ သမ္မာတရားကို သိကျွမ်းသည်ဟု ဆိုကြသော သူတို့သည် သခင်ခရစ်တော်က ယောဟန်အား ပေးတော်မူသော သက်သေခံချက်ကို ဖတ်ရှုကြပါမည်လော။ ဤ နေရာ၌ ဆင်ခြင် တွေးဆခြင်း မဟုတ်၊ လောကဓါတ်ပညာနှင့် သက်ဆိုင်သော လှည့်ဖြားခြင်းလည်း မဟုတ်၊ ဤ နေရာ၌ ကျွန်ုပ်တို့၏ ယခု ဘဝ နှင့် နောင် ဘဝ ကောင်းကျိုးအတွက် သက်ဆိုင်သော သမ္မာတရားများကို ဖော်ပြထားပါသည်။ ဖွဲသည် စပါးအတွက် အဘယ်သို့ အကျိုးရှိသနည်း။CCB2 352.3

    သခင်ဘုရားသည် မကြာမီ ကြွလာတော်မူလိမ့်မည်။ ဇိအုန် မြို့ရိုးပေါ်၌ ရှိသော ကင်းစောင့်များအား ဘုရားသခင် အပ်ပေးထားတော်မူသော တာဝန်တို့အတွက် နိုးကြားဖို့ ခေါ်ဖိတ်တော်မူပြီ။ ဝိညာဉ်တော်၏ တန်ခိုးနှင့် နောက်ဆုံး သတိပေး စကားကို ကြားပြောမည့် ကင်းစောင့်၊ ညအချိန်ကို ကြွေးကြော်မည့် ကင်းစောင့်များကို ကိုယ်တော်သည် ခေါ်ဖိတ်တော်မူ၏။ ယောက်ျား၊ မိန်းမတို့သည် သေနေသော သူတို့ အိပ်ပျော်သကဲ့သို့ အိပ်ပျော်မနေကြဘဲ၊ အိပ်ပျော်ရာမှ နိုးစေခြင်းငှါ သူတို့ကို နှိုးပေးမည့် ကင်းစောင့်များကို သခင်ဘုရားသည် ခေါ်ဖိတ်တော်မူ၏။98T 301, 302, 304.CCB2 353.1

    * * * * *