Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခင်ပွန်းတို့သည် ဆင်ခြင်အပ်ခြင်း။

    ခင်ပွန်းတို့သည် သတိရှိ၊ ဂရုစိုက်၊ မြဲမြံ၊ သစ္စာရှိလျက် သနားတတ်ရကြမည်။ သူတို့သည် မေတ္တာ နှင့် ထောက်ထားစာနာခြင်း သဘောကို ပြရကြမည်။ သူတို့သည် သခင်ခရစ်တော်၏ စကားများကို ပြည့်စုံစေကြလျှင်၊ သူတို့၏ မေတ္တာသည် ယုတ်ညံ့လျက် လောကနှင့် ဆိုင်၍ ကာမဂုဏ်ကို ပျက်စီးစေလျက် ဇနီးတို့ကို အားနည်းစေ၍ ရောဂါရစေလိမ့်မည်။ မိမိတို့၏ ဇနီးများသည် အရာခပ်သိမ်းတွင် ယောက်ျားတို့၏ အလိုသို့ လိုက်ရမည်ဟု ဇနီးတို့က ပြောဆိုလျက် သူတို့သည် ယုတ်ညံ့သော တပ်မက်ခြင်း အလိုသို့ လိုက်နေကြမည် မဟုတ်။ မှန်သော ခရစ်ယာန်တိုင်း၌ ပြည့်စုံအပ်သော မြင့်မြတ်သော အကျင့်၊ ဖြူစင်သော စိတ်နှလုံး၊ မြင့်မြတ်သော စိတ်သဘောတို့နှင့် ခင်ပွန်းသည် ပြည့်စုံသောအခါ၊ အိမ်ထောင်ဖက်ပြုခြင်း အမှုတွင် ၎င်းသဘောများကို ထင်ရှားစေလိမ့်မည်။ သူ၌ သခင်ခရစ်တော်၏ သဘောမျိုး ရှိလျှင်၊ သူသည် မိမိ ကိုယ်ခန္ဓာကို ဖျက်ဆီးသော သူ ဖြစ်လိမ့်မည် မဟုတ်။ နူးညံ့သော မေတ္တာနှင့် ပြည့်စုံလျက်၊ သခင်ခရစ်တော်၌ ရှိသော အမြတ်ဆုံး စံနမူနာကို မှီအောင် လိုက်ဖို့ ကြိုးစားလိမ့်မည်။CCB2 55.1

    ဇနီးသည် ခင်ပွန်း၏ ကျွန် ဖြစ်လာရန် သည်းခံခြင်းနှင့် အလိုလိုက်လျက် သူ၏ ဆိုးသွမ်းသော တပ်မက်ခြင်းကို လိုက်လျောသောအခါ၊ မည်သည့် ယောက်ျားမျှ မိမိ၏ ဇနီးကို မှန်ကန်စွာ မချစ်နိုင်။ သူမသည် ထိုသို့ အလိုလိုက်ခြင်းဖြင့်၊ တစ်ခါက သူ၏ မျက်စိထဲ၌ ရှိခဲ့သော သူမ၏ တန်ဖိုးသည် ဆုံးရှုံးသွား၏။ သူမအားဖြင့် မြတ်သော အခြေအနေ ရှိသမျှမှ အောက်ကျသော နေရာသို့ ရောက်အောင် ဆွဲချခြင်း ခံရသည်ကို သူသည် မြင်ရ၍ မိမိ ပြုသကဲ့သို့ အခြား သူ၏ ရှုတ်ချခြင်းကို သူမသည် အလွယ်တကူ လိုက်လျောလိမ့်မည်ဟု မကြာမီ သူသည် ယုံမှားခြင်း ရှိလာ၏။ သူသည် သူမ၏ မြဲမြံခြင်း နှင့် ဖြူစင်ခြင်းကို ယုံမှားလာ၍ သူမကို ငြီးငွေ့လာသဖြင့်၊ သူ၏ အလွန် ဆိုးသွမ်းသော တပ်မက်ခြင်းစိတ်ကို ထကြွ ပြင်းထန်လာစေရန် အသစ်သော အရာတို့ကို ရှာဖွေတတ်၏။ ဘုရားသခင်၏ ပညတ်တော်ကို ဂရုမစိုက်တော့ချေ။ ဤသူတို့သည် တိရိစ္ဆာန်ထက် သာ၍ ဆိုးသွမ်းကြ၏။ သူတို့သည် လူပုံသဏ္ဍာန် ဆောင်ထားသော နတ်ဆိုးများ ဖြစ်ကြ၏။ သူတို့သည် မှန်ကန် သန့်စင်သော မေတ္တာ၏ မြင့်မြတ်သော အခြေခံတရားများကို မကျွမ်းကျင်ကြချေ။CCB2 55.2

    ဇနီးသည်လည်း ခင်ပွန်းကို မနာလို ဝန်တို ဖြစ်လာ၍၊ အခွင့်သာလျှင် သူသည် မိမိကို လောကဝတ်ပြုသကဲ့သို့ အခြား မိန်းမကို အလွယ်တကူ လောကဝတ်ပြုလိမ့်မည်ဟု သံသယ ဖြစ်လာ၏။ သူသည် သြတ္တပ္ပစိတ် သို့မဟုတ် ဘုရားကို ကြောက်ရွံ့ခြင်း စိတ်ဖြင့် စိုးမိုးထားခြင်း မခံရကြောင်းကို သူမသည် သိမြင်ရ၏။ ဤ သန့်ရှင်းသော အကာအကွယ် အပေါင်းသည် ကိလေသာ တပ်မက်ခြင်းအားဖြင့် ပျက်စီးကုန်လေပြီ။ ခင်ပွန်း၌ ဘုရားသခင်နှင့် တူညီသော အရာ အပေါင်းသည် ယုတ်ညံ့ ရိုင်းစိုင်းသော ကိလေသာ တပ်မက်ခြင်း၏ ကျွန် ဖြစ်လာကြ၏။CCB2 56.1