Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်၌ လိုနေသော အရာကို အမ မထားဘဲ မနေနှင့်။

    ဘုရားသခင်ကို ကြောက်ရွံ့သော မိဘတို့သည် မိမိတို့၏ သားသမီးတို့၏ အပြုအမူတို့ကို တားဆီး ပိတ်ပင်နေကြစဉ်၊ သူတို့၏ နဂို စိတ်နေသဘောထား အကြောင်းကို လေ့လာ၍ လိုနေသော အချက်ကို ဖြည့်စွက်ဖို့ရန် ကြိုးစား ရမည်။ အချို့ မိဘတို့သည် သားသမီးတို့၌ လောကီမှုရေးတွင် လိုနေသော အရာကို အသေအချာ ဂရုစိုက် ပြုစုကြသည်။ ဖျားနာသော အခါ၌ သူတို့သည် ကြင်နာစွာနှင့် လည်းကောင်း၊ သစ္စာ ရှိစွာနှင့် လည်းကောင်း၊ စောင့်ရှောက် ပြုစုကြပြီးနောက် မိမိတို့၏ တာဝန်သည် ပြီးပြီဟု ထင်မှတ်ကြသည်။ ဤ နေရာ၌ သူတို့သည် မှားနေကြသည်။ သူတို့၏ လုပ်ငန်းသည် အစပြုရုံသာ ရှိသေးသည်။ စိတ်၌ လိုနေသော အရာကို ဂရုစိုက် ပြုစုပေးရမည်။ ဒဏ်ရာ ရရှိသော စိတ်ကို ကုသဖို့ သင့်တော်သော ဆေးဝါးကို အသုံးပြုရန် ကျွမ်းကျင်မှုကို လိုပေသည်။CCB2 181.3

    ကလေးများတွင် အသက်ကြီးသော လူများမှာလောက် ခံရ ခက်ခဲ၍ စိတ်ဒုက္ခရောက်စေတတ်သော စုံစမ်းခြင်း အမှုများ ရှိပေသည်။ မိဘများ ကိုယ်တိုင် စုံစမ်းခြင်း ခံရသောအခါတိုင်း တစ်မျိုးတည်း ဖြစ်သည်ဟု မထင်ရကြ။ သူတို့၏ စိတ်သည် ခဏခဏ ရှုပ်ထွေးလာ၏။ သူတို့သည် မှားယွင်းသော ထင်မြင်ချက်၊ အယူအဆများ နှင့် ပင်ပန်းစွာ တိုက်လှန်နေရကြသည်။ စာတန်သည် သူတို့ကို ပြင်းထန်စွာ တိုက်ခိုက်၍ သူတို့သည် သူ၏ သွေးဆောင်ခြင်းသို့ လိုက်ပါသွားရကြ၏။ သူတို့သည် ဒေါသထွက်လျက် ပြောဆိုကြ၍ မိမိတို့၏ သားသမီးများ၌ အမျက်ကို နှိုးဆော်စေလောက်သော အမှုအရာမျိုးနှင့် ပြောဆိုတတ်ကြ၏။ ၎င်းပြင် တစ်ခါတစ်ရံ အလွန် ကြပ်တည်းစွာနှင့် လည်းကောင်း၊ စိတ်တို စိတ်ကောက်စွာနှင့် လည်းကောင်း ပြောဆိုတတ်၏။ သနားစရာ ကောင်းသော သားသမီးတို့သည် ထိုသဘောမျိုးကို ရရှိလာကြရာ၊ မိဘတို့သည် သူတို့အား ကူညီရန် အသင့် မရှိကြ၊ အကြောင်းကား၊ သူတို့ကြောင့် ထိုသို့ ဒုက္ခရောက်ရကြ၏။ တစ်ခါတစ်ရံ အရာခပ်သိမ်းသည် မှားနေသည်ဟု ထင်ရသည်။ အားလုံးတို့သည် စိတ်တို စိတ်ကောက်နေကြ၍ အားလုံးတို့တွင် အလွန် စိတ်ဒုက္ခရောက်နေကြ၏။ မိဘတို့က သားသမီးတို့ကို အပြစ်တင်လျက် သူတို့အား အလွန် နားမထောင်၍ ထိန်းမရသော သူများ၊ လောကတွင် အဆိုးဆုံးသော သားသမီးများဟု ထင်မှတ်နေတတ်ကြသည်။ အမှန်မှာ မိမိတို့ ကိုယ်တိုင်သည် အနှောင့်အယှက်ကို ဖြစ်စေသော သူများ ဖြစ်ကြသည်။CCB2 182.1

    အချို့သော မိဘတို့သည် ကိုယ်ကိုကိုယ် မချုပ်တည်းနိုင်ဘဲ များစွာ ခဏခဏ အမျက်ဒေါသ ထွက်တတ်ကြသည်။ သားသမီးတို့အား ဤဟာ ဟိုဟာတို့ကို ပြုလုပ် ဆောင်ရွက်စေရန် ကြင်နာစွာ မခိုင်းဘဲ၊ ကြိမ်းမောင်း အော် ငေါက်၍ အမိန့်ပေးတတ်ကြသည်။ ၎င်းပြင် တစ်ချိန်တည်းမှာပင် မိမိတို့၏ နှုတ်မှ အပြစ်တင်ခြင်း၊ ဆိုမြည်ခြင်းတို့ကို ပြုတတ်ကြသေးရာ၊ ၎င်းတို့အားဖြင့် သားသမီးတို့၌ ဘာမျှ အကျိုး မဖြစ်ထွန်းချေ။ မိဘများတို့၊ သင်တို့၏ သားသမီးများ အပေါ်၌ ဤ နည်းလမ်းကို လိုက်နာ ပြုကျင့်ခြင်းအားဖြင့် သူတို့၏ ရွှင်မြူးခြင်း အဖြစ် နှင့် ကြီးမြင့်လိုသော အလိုဆန္ဒကို ပျက်စီးစေ၏။ သူတို့သည် သင်တို့ကို ချစ်သောကြောင့် မဟုတ်ဘဲ မလုပ်ဘဲ မနေဝံ့သောကြောင့် သင်တို့ စေခိုင်းရာကို ပြုတတ်ကြသည်။ သူတို့သည် အလုပ်ကိစ္စ၌ စိတ်ဝင်စားခြင်း မရှိ။ ၎င်းသည် ပျော်မွေ့ဖွယ် ဖြစ်ရမည် အစား ငြီးငွေ့ဖွယ်ရာ ဖြစ်လာသဖြင့်၊ ဤ နည်းအားဖြင့် သင် စေခိုင်းသမျှကို လိုက်နာ ပြုလုပ်ဖို့ မေ့လျော့သွားတတ်၏။ ထိုအခါ သင်သည် ပို၍ ဒေါက ထွက်လာရာ၊ ၎င်းသည် သားသမီးများအဖို့ ပို၍ ဆိုးသွားပြန်သေး၏။ ထပ်မံ၍ အပြစ်ရှာပြန်၍ သူတို့ ရှေ့၌ မိမိတို့၏ ဆိုးသော အကျင့်ဓလေ့ကို ထင်ရှားစေ၏။CCB2 182.2

    သင်သည် မျက်မှောင်ကုပ်နေသည်ကို သင်၏ သားသမီးများအား မမြင်ပါစေနှင့်။ သူတို့သည် သွေးဆောင်ခြင်းသို့ ပါသွား၍ နောက်မှ အမှားကို မြင်လျက် နောင်တရကြလျှင်၊ သင်၏ ကောင်းကင် ခမည်းတော်သည် သင်၏ အပြစ်ကို လွှတ်တော်မူစေဖို့ သင်သည် မျှော်လင့်သည် နည်းတူ သူတို့၏ အပြစ်ကို လုံးလုံး ဖြေလွှတ်ပါ။ သူတို့အား ကြင်နာစွာ သွန်သင် လမ်းပြ၍ သူတို့ကို သင်သည် အမြဲ စိတ်ထဲ၌ စွဲလမ်းနေပါ။ ဤ အချိန်သည် သားသမီးတို့အတွက် အရေးဆိုက်ရာ အချိန်အခါ ဖြစ်သည်။ သူတို့ကို သင့်ထံမှ ခွဲခွာသွားစေရန် သူတို့ ပတ်လည်၌ သြဇာညောင်းမှုများ ရှိလိမ့်မည်။ ထိုအခါ သင်သည် ၎င်းတို့နှင့် ဆန်ကျင့်ဖက် ပြန်၍ ပြုလုပ်ရလိမ့်မည်။ သင်သည် သူတို့၏ အားကိုးရာ ဖြစ်ကြောင်း သွန်သင်ပေးပါ။ သူတို့၏ စုံစမ်းခြင်း နှင့် ဝမ်းမြောက်စရာ အကြောင်းတို့ကို သင့်နား၌ တိုးတိုး ပြောပြကြပါစေ။ ဤကဲ့သို့ သူတို့ကို အားပေးခြင်းဖြင့်၊ ဗဟုသုတ မရှိသော သူတို့၏ ခြေအတွက် စာတန် ပြင်ဆင်ထားသော ထောင်ချောက်မှ သင်သည် သူတို့ကို ကယ်ဆယ်နိုင်လိမ့်မည်။ သင် ကိုယ်တိုင် သူငယ် ဖြစ်ခဲ့သည် အကြောင်းကို လည်းကောင်း၊ သူတို့သည် ကလေးသူငယ်များပင် ဖြစ်ကြောင်းကို လည်းကောင်း မေ့လျော့လျက် သင်၏ သားသမီးများကို ခက်ထန်သော သဘောနှင့် မပြုမူပါနှင့်။ သူတို့သည် စုံလင်လိမ့်မည်ဟု မမျှော်လင့်နှင့်။ သို့မဟုတ် သူတို့ အား မိမိတို့၏ အပြုအမူများတွင် ချက်ချင်း ယောက်ျား၊ မိန်းမများ ဖြစ်လာစေရန် မကြံစည်ပါနှင့်။ ဤကဲ့သို့ ပြုခြင်းဖြင့်၊ သူတို့အား သင် ဝင်ရောက်စေလိုသော တံခါးများကို သင်သည ပိတ်ထားပြီးလျှင်၊ သင်သည် သူတို့၌ ဘေးဥပဒ် ရောက်ကြောင်းကို မသိရှိမီ အခြားသော သူတို့သည် သူတို့၏ နုနယ်သော စိတ်သဘောကို အဆိပ် ဖြစ်စေရန် ထိုသူတို့အား သူတို့သည် တံခါးကို ဖွင့်ပေးရကြလိမ့်မည်။231T 384-387;CCB2 183.1