Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နို့တိုက်ရသော မိခင်၏ အခြေအနေ။

    နို့စိုသူငယ်အတွက် အကောင်းဆုံး အစာသည် သဘာဝက ချပေးသော အစာ ဖြစ်သည်။ အကြောင်း မရှိဘဲ ၎င်းကို ပယ်ရှားမထားသင့်။ မိမိ သက်သာစေဖို့ သို့မဟုတ် ပေါင်းသင်း ဆက်ဆံရေးအတွက်၊ မိမိ၏ သားငယ် အား နို့တိုက်ခြင်း လုပ်ငန်းကို မပြုလုပ်လိုသော မိခင်သည် သနားခြင်း ကင်းမဲ့သော သူ ဖြစ်၏။CCB2 64.3

    မိခင်ထံမှ နို့စို့သူငယ်သည် အာဟာရကို ရရှိနေသော အချိန်သည် အလွန် အရေးကြီးပေသည်။ အများသော မိခင်တို့သည် ကလေးကို နို့တိုက်နေစဉ် မိမိတို့၏ သွေးကို ဆူပူထကြွစေရန် ပင်ပန်းစွာ အလုပ် လုပ်ရကြသဖြင့် မိခင်၏ ညံ့ဖျင်းသော နို့ရည်ကြောင့် သာမက၊ မကျန်းမာစေသော အစားအသောက်အားဖြင့် မိခင်၏ သွေးသည် အဆိပ်အတောက် ဖြစ်လာသောကြောင့်၊ နို့စို့နေရသော ကလေး၌ များစွာ ထိခိုက်ခြင်း ဖြစ်စေ၏။ မကျန်းမာစေသော အစားအသောက်သည် မိခင်၏ ကိုယ်ကာယ တစ်ခုလုံးကို ညံ့ဖျင်းစေသဖြင့်၊ သူငယ်၏ အာဟာရကို ထိခိုက်စေတတ်သည်။ မိခင်၏ စိတ်သဘော အခြေအနေကြောင့် သူငယ်ကို ထိခိုက်စေတတ်သည်။ မိခင်သည် ပျော်ရွှင်ခြင်း မရှိ၊ အလွယ်ကူ လန့်ဖြန့်၍ အမျက်ဒေါသ ထွက်တတ်လျှင်၊ မိခင်ထံမှ နို့စို့နေရသော သူငယ်၌ လေနာထခြင်း၊ အကြောဆွဲခြင်း၊ တက်ခြင်း ဖြစ်တတ်သည်။CCB2 65.1

    မိခင်ထံမှ ရရှိသော အာဟာရ၏ အမျိုးအစားအလိုက် သားသမီး၏ အကျင့်စာရိတ္တကိုလည်း အနည်း နှင့် အများ ထိခိုက်တတ်၏။ ထိုကြောင့် မိခင်သည် သူငယ်အား နို့တိုက်နေစဉ်အခါ၊ မိမိ၏ စိတ်ကို ပျော်ရွှင်စွာ ထား၍ မိမိ သဘောကို လုံးလုံး ချုပ်တည်းထားဖို့ မည်မျှ အရေးကြီးသလဲ။ ထိုသို့ ပြုခြင်းဖြင့်၊ သူငယ်၏ အစာသည် ပျက်စီးခြင်း မရှိ၊ ၎င်းပြင် သူငယ်ကို ပြုစုရာတွင် မိခင်၏ စိတ်သည် တည်ငြိမ်ခြင်း ရှိသောကြောင့် သူငယ်၏ စိတ်ကို များစွာ ပြုပြင်ပေး၏။ သူငယ်သည် လန့်တတ်၍ အလွယ်တကူ စိတ်လှုပ်ရှားခြင်း ဖြစ်လျှင်၊ မိခင်၏ သေချာ၊ ဖြည်းညှင်းသော အမူအရာသည် သက်သာစွာ ပြုပြင်ပေး၍ သူငယ်၏ ကျန်းမာခြင်း အခြေအနေသည် များစွာ တိုးတက်လာလိမ့်မည်။CCB2 65.2