Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဥပုသ်နေ့သည် အဆုံးသတ်အချက်။

    လောက တစ်ခုလုံး ပါဝင်ရကြမည့် နောက်ဆုံး တိုက်လှန်ပွဲကြီးတွင် ဥပုသ်နေ့ ပြဿနာသည် အဆုံးသတ် အချက် ဖြစ်လိမ့်မည်။ လူတို့သည် ကောင်းကင်၌ အုပ်စိုးသော အခြေခံ တရားများထက် စာတန်၏ တရားကို ရိုသေကြပြီ။ စာတန်က သူ၏ အာဏာတန်ခိုးအတွက် အထိမ်းအမှတ် အဖြစ် ချီးမြှောက်သော မှားသော ဥပုသ်ကို လူတို့သည် လက်ခံကြပြီ။ သို့ရာတွင် ဘုရားသခင်သည် မိမိ၏ ပညတ်တော်တွင် မိမိ၏ တံဆိပ်ကို ထားတော်မူပြီ။ ဥပုသ်နေ့နှင့် ဆိုင်သော အထုံးအဖွဲ့တိုင်းတွင် ၎င်းကို စီမံတော်မူသော သူ၏ နာမကို ဖော်ပြထား၏။ မပျက်စီးနိုင်သော အထိမ်းအမှတ် ဖြစ်၍ အာဏာတန်ခိုး ရှိကြောင်း ဖော်ပြ၏။ ဤ အကြောင်းကို လူများအား နားလည်စေဖို့ ပြုလုပ်ပေးခြင်းသည် ကျွန်ုပ်တို့၏ အလုပ် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်၏ တံဆိပ်ကို ခံယူခြင်း သို့မဟုတ် ပုန်ကန်သော သူ၏ နိုင်ငံ၏ တံဆိပ်ကို ခံယူခြင်း အမှုသည် အလွန် အရေးကြီးသော အကျိုးအပြစ်ကို ရရှိစေမည်ကို ကျွန်ုပ်တို့က သူတို့အား ဖော်ပြရကြမည်။ အကြောင်းမူကား၊ သူတို့ ခံယူသော တံဆိပ်နှင့် ဆိုင်သော နိုင်ငံသား ဖြစ်ကြောင်း သူတို့ ကိုယ်တိုင် ဝန်ခံရကြလေပြီ။ ခြေဖြင့် နင်းထားသော ဥပုသ်နေ့ အလံကို မြှောက်ထားရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခေါ်တော်မူပြီ။26T 352;CCB2 364.2

    လွန်ခဲ့သော ကာလ၌ သစ္စာရှိသော သူတို့ကို ဖျက်ဆီးရန် ကြံစည်ခဲ့သော အနိုင်အထက် ပြုလုပ်လိုသော စိတ်သဘောမျိုးသည် မြေကြီးပေါ်မှ ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်ကို စောင့်သော သူတို့ကို ပယ်ရှားရန် ကြိုးစားနေသေး၏။ အများ လိုက်နာကြသော ထုံးစံဓလေ့များ နှင့် ထုံးတမ်းစဉ်လာကို လက်မခံသော အနည်းငယ်သော သူတို့အား စာတန်သည် အမျက်ထွက်လိမ့်မည်။ ဂုဏ်အသရေနှင့် ပြည့်စုံ၍ ကျော်စောသော သူတို့သည် ဘုရားသခင်၏ လူတို့ကို ဆန့်ကျင်ဖက်ပြုရန် တရားမဲ့သော သူ၊ ဆိုးသော သူတို့နှင့် ပေါင်းကြလိမ့်မည်။ ဥစ္စာကြွယ်ဝသူများ၊ ထူးကဲစွာ ဉာဏ်ကောင်းသူများ၊ ပညာတတ်များတို့သည် သူတို့အား မထီမဲ့မြင်ပြုရန် ပူးပေါင်းကြလိမ့်မည်၊ ညှဉ်းဆဲသော မင်းများ၊ သင်းအုပ်ဆရာများ၊ အသင်းသားများတို့သည် သူတို့ အပေါ်၌ မကောင်း ကြံစည်ကြလိမ့်မည်။ စကားဖြင့် လည်းကောင်း စာရေးခြင်းဖြင့် လည်းကောင်း၊ ကြွားဝါခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြက်ယာယ်ပြုခြင်းဖြင့် သူတို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးရန် ကြံစည်ကြလိမ့်မည်။ အမှားဖော်ပြခြင်း၊ ဒေါသနှင့် နှိုးဆော်ခြင်းဖြင့် သူတို့သည် လူတို့၏ အမျက်ဒေါသကို နှိုးဆော်ကြလိမ့်မည်။ ကျမ်းစာ၏ ဥပုသ်နေ့ကို တိုက်ခိုက် ပြောဆိုရာ၌၊ ကျမ်းစာလာသည်ကား ဆိုသော အချက်ကို အသုံးမပြုဘဲ၊ ချွတ်ယွင်းသော အရာကို ဖြည့်စွက်ရန် မတရားသော ဥပဒေပြုသော အမတ်တို့သည် တနင်္ဂနွေနေ့ ဥပဒေကို ပြုလုပ်ရန် တောင်းဆိုခြင်းကို လိုက်လျောကြလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ပညတ်တော် ဆယ်ပါးကို လွန်ကျူးသော ဥပဒေကို လက်မခံနိုင်ကြ။ ဤ စစ်ပွဲတွင် အမှန် နှင့် အမှား တိုက်လှန်နေရသော နောက်ဆုံး တိုက်ပွဲကြီး ရောက်လာ၏။ နောက်ဆုံး၌ မည်ကဲ့သို့ ဖြစ်ရမည်ကို မသိစေဘဲ ကျွန်ုပ်တို့ကို ပစ်ထားတော်မူမည် မဟုတ်။ ယခု မော်ဒကဲ၏ လက်ထက်၌ကဲ့သို့ ထာဝရဘုရားသည် မိမိ၏ သမ္မာတရား နှင့် မိမိ၏ လူများအတွက် မှန်သော အမှုကို စီရင်တော်မူလိမ့်မည်။35T 450, 451;CCB2 365.1